backup og meta

ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး

ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး

ကြက်သွန် အဖြူ၊ အနီလေးကို ဆီသတ်ပြီး ကြော်ချက်လေးပဲ ချက်ချက်၊ ငရုတ်သီးစိမ်း စိမ်းစားငပိလေးနဲ့ပဲ ချဉ်ချဉ်စပ်စပ်လေး ချက်ချက် ထမင်းမြန်သလို စားရတာ ကောင်းတဲ့ ဘူးညွန့်လေးကို ကြိုက်တဲ့သူတွေ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး အကြောင်းလေး ဖတ်ကြည့်လိုက်ပါ။

ဘူးညွန့် ဆိုတာ

ဘူးညွန့်ဆိုတာက ဘူးပင်ရဲ့ အရွက်ပါ။ နွယ်တက်တတ်ပြီး အရွက်က အစိမ်းရောင် ဖားဖားလေးတွေပါ။ အရွက်လေးတွေနဲ့ ရိုးတံလေးတွေမှာ အမွေးပါးပါးဖြူဖြူလေးတွေ ပါတတ်ပါတယ်။ အရသာက နုပြီး လတ်လတ်ဆတ်ဆတ်ဆိုရင် ချိုပါတယ်။ ရိုးတံလေးတွေကိုရော အရွက်လေးတွေကိုပါ သေချာလေး သန့်စင်ပြီး ပြုတ်စားတာ ကြော်စားတာ ကြော်ချက်ချက်စားတာ ချဉ်ရည် ချက်စားတာ စသဖြင့် စားပေးလို့ ရပါတယ်။

ဘူးညွန့်မှာ ဘာတွေပါ

စားရတာ တကြွပ်ကြွပ်နဲ့ အရသာရှိတဲ့ ဘူးညွန့်မှာ

ဘူးညွန့်လေးက ပေးတဲ့ ကျန်းမာရေး

စားရတာ အရသာရှိတဲ့ ဘူးညွန့်လေးက

ဘူးညွန့်လေးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေသလို ကယ်လ်လိုရီ ပါဝင်မှုလည်း နည်းပါတယ်။ ဒါ့အပြင် ဘူးညွန့်မှာ ထိန်းညှိပေးနိုင်တဲ့ ဗီတာမင် C၊ ဗီတာမင် B၊ ဗီတာမင် K၊ ဗီတာမင် A၊ ဗီတာမင် E၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘူးညွန့်လေးကို အရည်ကြိတ်ပြီး သံပရာရည် နည်းနည်းနဲ့ သောက်ပေးလို့ရပါတယ်။ ဒီလိုသောက်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို သိသိသာသာ သက်သာစေမှာပါ။

ဘူးညွန့်လေးက အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဝမ်းချုပ်တာကို သက်သာစေသလို အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်။

ဝမ်းမှန်စေလို့ အစာခြေစနစ်တလျှောက် သန့်စင်စေပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ အူမကြီး ကျန်းမာပြီး ရောဂါကင်းစေဖို့ ဘူးသီးကို စားပေးလို့ရပါတယ်။ ဘူးညွန့်လေးက အစာ​ကြေစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသေးတယ်။

ဘူးညွန့်လေးက ခန္ဓာကိုယ် အပူငြိမ်းစေပြီး ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အစာအိမ်ကို အေးစေနိုင်ပြီး ခန္ဓာကိုယ်က အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ချွေး တအားထွက်တဲ့ နွေရာသီမှာ စားပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အကောင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။

နှာခေါင်း သွေးလျှံတာဝက်ခြံနဲ့ ပါးစပ်ထဲမှာ အနာဖြစ်တာလိုမျိုး ပြဿနာတွေ ကင်းစေဖို့အတွက် ဘူးညွန့် စားပေးလို့ရပါတယ်။

ဘူးညွန့်လေးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဘူးညွန့်လေးက ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ choline ပါဝင်နေတာကြောင့် မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက် စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်သလို စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။

စိတ်ကျန်းမာရေးကို ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်၊ သကြားဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဘူးညွန့်လေးကို စားပေးလို့ ရပါတယ်။ ပရိုတင်း နဲ့ အခြား အာဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ ဘူးညွန့်လေးက ကြွက်သားတွေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဘာတွေ သတိထားရမလဲ

ဘူးညွန့်လေးက ကျန်းမာရေးနဲ့ ညီညွတ်သလို အများစုနဲ့လည်း တည့်ပါတယ်။ ဓာတ်မတည့်ဘူးဆိုရင်တော့ မစားပါနဲ့။ သာမန်လူတွေကတော့ အလွန်အကျွံ မစားမိဖို့ပဲ လိုပါမယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Bottle Gourd Leaves https://sit5.fittr.com/nutrition-facts/bottle-gourd-leaves Accessed Date 14 November 2022

Bottle gourd (Calabash) Nutrition facts https://www.nutrition-and-you.com/bottle-gourd.html Accessed Date 14 November 2022

Bottle Gourd medicinal uses, benefits and nutrition facts (Lauki) https://www.medicinalplantsanduses.com/bottle-gourd-health-benefits-uses Accessed Date 14 November 2022

7 Incredible Benefits of Drinking Bottle Gourd (Lauki) Juice https://food.ndtv.com/food-drinks/7-incredible-benefits-of-drinking-of-bottle-gourd-lauki-juice-1452828 Accessed Date 14 November 2022

16 Reasons Why Lauki Is Healthy https://www.practo.com/healthfeed/16-reasons-why-lauki-is-healthy-3556/post Accessed Date 14 November 2022

Bottle gourd (Calabash) nutrition facts https://www.nutrition-and-you.com/bottle-gourd.html Accessed Date 14 November 2022

ယခုပုံစံ

02/05/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောက်ဖရုံညွန့် ကျန်းမာစေသလား

နှမ်းကြတ်စေ့ ကျန်းမာစေသလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 02/05/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement