- ကိုယ်ခံအား ကောင်းစေနိုင်တယ်
အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ သံဓာတ် ပါဝင်နေတာကြောင့် သွေးအားကောင်းစေဖို့ရော သွေးလည်ပတ်မှု ကောင်းစေဖို့ပါ ထောက်ကူပေးပါတယ်။ သံဓာတ် ပြည့်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးသလို ဗီတာမင် C ပါဝင်နေတာကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C ကလည်း သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အအေးမိတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်စွမ်း ရှိသလို ဘက်တီးရီးယား ကူးစက်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ အကျိုးပြု ဘက်တီးရီးယား၊ ဗီတာမင် K၊ အမျှင်ဓာတ်တို့ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းအဆီ ကျဆင်းစေတာက သွေးလည်ပတ်မှု ကောင်းစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်ကို စားပေးလို့ ရပါတယ်။
- ကိုယ်အလေးချိန် ကျစေနိုင်တယ်
အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေဖို့ ထောက်ကူပေးသလို အစားစားချင်စိတ် နည်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက အဆီတွေကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေဖို့ ထောက်ကူပေးပါတယ်။
အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဇင့်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ဦးနှောက်ကို အာဟာရ ဖြည့်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတယ်၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဗီတာမင် K နဲ့ ပရိုတင်းတို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ သွေးဆုံးချိန်မှာ အရိုးပွတာကို ကာကွယ်ပေးနိုင်သလို အရိုးပါးတာကိုလည်း ကာကွယ်ပေးပါတယ်။
အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်မှာ ဗီတာမင် C၊ ဗီတာမင် K နဲ့ ဗီတာမင် A တို့ ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ကော်လာဂျင်တွေ ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။ အရေပြားရောင်ရမ်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ဝက်ခြံမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဘာတွေ သတိထားရမလဲ
အချဉ်စိမ်ထားတဲ့ ဂေါ်ဖီထုပ်က ကျန်းမာရေးကို အကျိုးပြုတယ်ဆိုပေမယ့် အများကြီး စားရင် အစာခြေစနစ်ကို ထိခိုက်စေနိုင်တာကြောင့် အလွန်အကျွံ မစားဖို့ လိုပါမယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာ အကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။