backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Cardio ကစား ခြင်းရဲ့ အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cardio ကစား ခြင်းရဲ့ အကျိုးကျေးဇူးများ

လေ့ကျင့်ခန်းတွေ အများကြီးရှိတဲ့ထဲကမှ သဘောကျတဲ့ လေ့ကျင့်ခန်းက ယောဂလည်း မဟုတ်ဘူး။ ရေကူး၊ စက်ဘီးနင်းတာလည်း မဟုတ်ဘဲ Cardio ကစား တာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

Cardioလုပ်ရင်း ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိရှိပြီး ထိရောက် အကျိုးရှိစွာ လေ့ကျင့်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

Cardio ကစား တဲ့အခါ ရမယ့် ကျန်းမာရေး အကျိုးထူး

Cardio ကစားတဲ့အခါ

ဦးနှောက် ကျန်းမာစေဖို့ဆိုရင် cardioကစားသင့်ပါတယ်။ အကြောင်းကတော့ ကိုယ်လက်လှုပ်ရှားတာက မှတ်ဉာဏ်ချို့ယွင်းမှု ပြဿနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်လို့ပါ။

ဒါတင်မကပါဘူး။ မှတ်ဉာဏ်ကောင်းစေပြီး စဉ်းစားတွေးခေါ်နိုင်မှု ကောင်းစေတယ်။ ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် လေမဖြတ်စေဖို့ ကာကွယ်ပေးတယ်။

အသက်အရွယ်ကြောင့် မှတ်မိနိုင်စွမ်း ကျဆင်းတာကိုကာကွယ်ပေးပြီး အယ်လ်ဇိုင်းမား မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာက အရိုးအဆစ်တွေကို ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အရိုးကျိုးတာ၊ အက်တာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

အဆစ်ရောင်နာ ရှိသူတွေမှာလည်း နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

Cardio ကစားတာက ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံး နည်းလမ်းဆိုတာ သိထားပြီး ဖြစ်မှာပါ။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ပုံမှန် လုပ်ပေးမယ်ဆိုရင် သန်မာတဲ့ ကြွက်သားတွေကို ဖြစ်ပေါ်စေမှာပါ။

ဒါတင်မကသေးပါဘူး။ လေ့ကျင့်ခန်းလုပ်တာက ကြွက်သားဖြစ်ပေါ်စေမှုနဲ့အတူ အဆီတွေကို လောင်ကျွမ်းပေးတာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ကျစ်လျစ် ကျန်းမာတဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်နိုင်မှာပါ။

  • အသားအရေ ကျန်းမာစေတယ်

  • Cardio ကစား တာက အရေပြားက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားရာ ရောက်သလို အရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဒီလို သွေးစီးဆင်းရောက်ရှိတာက အရေပြားကို ကျန်းမာစေပါတယ်။

    လေ့ကျင့်ခန်းလုပ်တာက အသားအရေကို ကျန်းမာစေတာအပြင် နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာနဲ့ အခြားသော နာတာရှည် ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါသေးတယ်။

    ပန်ကရိယက စားသုံးလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေဖို့ အစာချေဖျက်ရာမှာ ကူညီပေးတဲ့ အစိတ်အပိုင်းပါ။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးတဲ့တာဝန်ကိုလည်း ယူထားပါသေးတယ်။ Cardio ကစားတာက ပန်ကရိယကို ကျန်းမာစေတာကြောင့် အမျိုးအစား (၂) ဆီးချို မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ သွေးတွင်း ကိုလက်စထရောပမာဏကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

    Cardio ကစား တာက အဆုတ်တွေဆီကို အောက်ဆီဂျင်နဲ့ သွေးလုံလောက်စွာ ရောက်ရှိစေပါတယ်။ အဆုတ်ထဲက ချွဲနဲ့ အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပြီး အဆုတ် ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ အသက်ရှူလမ်း​ကြောင်းကို ကျန်းမာစေသလို အဆုတ် ကျန်းမာစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။

    ဒါတွေအပြင် လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားမှု ကောင်းမွန်စေသလို ညဘက်တွေမှာ အိပ်ပျော်စေဖို့နဲ့ အင်အားပြည့်ဝနေစေဖို့ပါ အထောက်အပံ့ပေးပါသေးတယ်။ ကိုယ်ခံအားရော သက်လုံကိုပါ အားဖြည့်ပေးမှတော့ Cardio က လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်း တစ်ခုပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement