ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 23, 2020 . 2 mins read
Share now

ခွေးလေးတွေနဲ့ ပုံမှန် လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းတွေ တူတူလုပ်တာက ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့ ပါပီလေးတွေကိုရော ကျန်းမာစေပါတယ်။ ဒါတင်မကပါဘူး။ ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရတာ၊ လေ့ကျင့်ခန်း လုပ်ရတာက စိတ်လှုပ်ရှားစရာ ကောင်းသလို တော်တော်လေးလည်း ပျော်ဖို့ ကောင်းပါတယ်။

ပါပီလေးတွေ ပိုင်ဆိုင်ထားသူတွေက အခြားသူတွေ မရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ရရှိကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အများစုက ပါပီလေးတွေရဲ့ ပိုင်ရှင်တွေပါ။ ပါပီလေးတွေရဲ့ ပိုင်ရှင်က ပေါင်းသင်းဆက်ဆံရေးတင် ကောင်းတာမဟုတ်ဘဲ သနားကြင်နာတတ်သလို ကူညီရိုင်းပင်းပြီး တက်ကြွလန်းဆန်းနေတတ် ကြပါသေးတယ်နော်။

ဒီ တစ်ခေါက်တော့ အချစ်တော် ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ပါပီလေးနဲ့ လမ်းလျှောက် ထွက်ပါ။

ကမ္ဘာပေါ်မှာရှိသမျှ သတ္တဝါတွေထဲမှာမှ လူသားတွေအပေါ် သစ္စာအရှိဆုံးနဲ့ အကာကွယ်ပေးဆုံး သတ္တဝါလေးတွေက ပါပီလေးတွေပါ။ များသောအားဖြင့် သခင်ကို ချွဲနွဲ့နေတတ်ပေမယ့် အရေးကြုံလာရင် ရှေ့ဆုံးကနေ ကာကွယ်ပေး တတ်ကြသူလေးတွေပါ။ ပါပီလေးနဲ့ လမ်းလျှောက်ထွက်တဲ့အခါ

လေကောင်းလေသန့် ရတယ်

ပါပီလေးနဲ့ လမ်းလျှောက်ထွက်တာက သဘာဝ လေထုနဲ့ ထိတွေ့ခွင့်ရပြီး လေကောင်းလေသန့် ရရှိစေမယ့် အခွင့်အရေး တစ်ရပ်ပါ။ အဆုတ် ကျန်းမာစေသလို သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုးစေပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းစေမှာပါ။

ယုံ​ကြည်ရတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်စေတယ်

ဒီလိုမျိုး ပါပီလေးတွေနဲ့ နေ့စဉ် လမ်းလျှောက်ထွက်တာက သူနဲ့ကိုယ့်ကြားမှာ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒါက လူသားအချင်းချင်းကြားမှာ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်စေဖို့ အုတ်မြစ်ချရာ ရောက်ပါတယ်။

ပါပီလေးကိုရော ကိုယ်တိုင်ပါ အပြုအမူပိုင်းဆိုင်ရာ တိုးတက်စေဖို့ သင်ယူနိုင်မယ့် အခွင့်အရေးကောင်း တစ်ရပ်ပါ။

ကိုယ်အလေးချိန် ထိန်းညှိနိုင်မယ်

နေ့စဉ် ပါပီလေးနဲ့ လမ်းလျှောက်ထွက်တာက သူရော ကိုယ်ပါ အဝလွန်တာမျိုး မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က အဆီပိုတွေကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

သွယ်လျလှပတဲ့ ဘော်ဒီလေးကို ပါပီလေးရော ကိုယ်ပါ ပိုင်ဆိုင်ဖို့ နေ့တိုင်း လမ်းလျှောက်ထွက်ပါ။

ပေါင်းသင်းဆက်ဆံရေး ကောင်းစေတယ်

ပါပီလေးတွေက စူးစမ်းလိုစိတ် ပြင်းပြကြပါတယ်။ နောက်တစ်ချက်က သူတို့က ရင်းနှီးလွယ်ကြပါတယ်။ ပါပီလေးက ကိုယ်မသိတဲ့သူကို သိနေတာမျိုးကြောင့် အပေါင်းအသင်း တိုးခဲ့ရတာမျိုး ကြုံဖူးကြမယ်ထင်ပါ။ လမ်းလျှောက်ထွက်ရင်း လူတွေက အချင်းချင်း မမှတ်မိပေမယ့် ပါပီလေးကတော့ မြင်ဖူးကြုံဖူးသူတွေကို မှတ်မိနေတတ်လို့ သူ့​ကြောင့် ကိုယ်ပါ အပေါင်းအသင်း တိုးပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းလာပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်တယ်

ပါပီလေးနဲ့ နေ့စဉ် လမ်းလျှောက်ထွက်တာ။ သူနဲ့တည့်တာတွေကို ရွေးချယ်ပေးတာ ကနေစလို့ ကိုယ်တိုင်လည်း ကျန်းမာအောင် စားသောက်တဲ့ အလေ့အထကို ရရှိစေပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံခိုင်မှုကို ရနိုင်ပါတယ်။

ပါပီလေးက ချစ်စရာလေးတွေ လုပ်ပြတဲ့အခါ သူ့ကို ချစ်တာ၊ ဂရုစိုက်တာတွေလုပ်ပေးရင်း စိတ်အပန်းပြေပြီး စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ပါပီလေးတွေ ရှိတဲ့ အိမ်က ပျင်းနေတာမျိုး စိတ်ညစ်နေတာမျိုး မရှိသလောက်ပါပဲ။ သူတို့ အမူအရာလေးတွေကြောင့် အမောပြေ ပျော်ရွှင်ရတဲ့ ခံစားချက်က စိတ်ကို တော်တော်လေး သက်သောင့်သက်သာ ဖြစ်စေတယ်ဆိုတာ ပါပီလေးတို့ရဲ့ ပိုင်ရှင်တွေပဲ ရရှိနိုင်တဲ့ ခံစားချက်ပါ။

အထီးကျန်မှု ကင်းတယ်

ပျင်းနေလို့ စကးခေါ်ပြောရင်တောင် နားထောင်ပေးတတ်တဲ့ ပါပီလေးတွေနော်။ သူတို့က အတူဆော့ပေးတယ်။ ပျော်စရာ ရယ်စရာ အမူအရာလေးတွေ လုပ်ပြတယ်။ ဒါတွေနဲ့တင် အထီးကျန်ဖို့ဆိုတာ အချိန်ကို မရသလောက်ပါ။ တစ်ချိန်လုံး အနားမှာ ချွဲပြီး ချစ်ပေးနေမှတော့ အထီးကျန်တယ်ဆိုတာ ဘာလဲလို့ မေးယူရမလိုပါပဲ။

ကဲ… ပါပီလေးရော ကိုယ်တိုင်ပါ ကျန်းမာစေဖို့ ဒီနေ့ပဲ အတူတူ လမ်းလျှောက်ထွက်လိုက်ကြစို့လား………………..

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

ခြေလျှင်ခရီးထွက်တာ တနည်း Hiking ထွက် တာဟာ ကျန်းမာရေးကို အကျိုးကျေးဇူး အမြောက်အများပေးစွမ်းနိုင်ပါတယ်။ သင်ထင်မှတ်ထားတာတွေရော မထင်မှတ်ထားတာတွေရောပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read