backup og meta

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ

တစ်နေ့တာ အချိန်ရဲ့  အနည်းဆုံး  ၈ နာရီကို ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ရုံးမှာ အချိန်တွေ ကုန်နေရတယ်ဟုတ်။ အညောင်းမိပြီး အကြောတွေများတောင့်တင်း နေပြီလား။ ဒါဆိုရင် ရုံးစားပွဲမှာ လုပ်လို့ရမယ့် လေ့ကျင့်ခန်း လေးတွေကို ဆောင်းပါးလေးထဲမှာ ဖတ်ရင်း အတူတူ လုပ်ကြည့်ရအောင်လား။

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ လုပ်လို့ရမယ့် လေ့ကျင့်ခန်းများ

တစ်နေ့တာရဲ့  အချိန် အတော်များများကို ကုန်ဆုံးနေရတဲ့ ရုံးစားပွဲမှာ အခုလို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရပါတယ်။ အကြောအခြင်တွေ ပြေစေသလို စိတ်ကိုလည်း ကြည်စေပါတယ်။

Shoulder Raises

ဒါက ဇက်ကြောတွေကို အတော်လေး ပြေလျော့စေပါတယ်။ ပခုံးကို နားရွက်နားထိ မြှင့်လိုက်ပါ။ ၁၀ စက္ကန့်လောက်ထားပါ။ ပြီးရင် ဖြေလျော့လိုက်ပါ။ တစ်ခါလုပ်ရင် ၅ ကြိမ်နဲ့ ၃ ကျော့လောက်လုပ်ပေးပါ။

Back Twist

နောက်ကျောတွေ တောင့်တင်းနေတာကို သက်သာစေဖို့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းပါ။ အရင်ဆုံး ခုံမှာ ခါးမတ်မတ်ထိုင်ပါ။ ဘယ်ဘက်လက်ကို ဘယ်ဘက်တင်ပါးပေါ်မှာ ထားပါ။ တင်ပါးကို လက်ဖမိုးနဲ့ ကပ်ထားပါ။ ပြီးရင် ခါးကို ဘယ်ဘက်ကို လှည့်ပါ။ ၁၀ စက္ကန့်နေပါ။ ပြီးရင် ညာဘက်ကိုလည်း အလားတူ လုပ်ပေးပါ။ ၃ ကျော့လောက် လုပ်ပေးပါ။

Chest Opener

ဒါကတော့ အထိုင်များပြီး ပခုံး နာကျင်သူတွေအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။

ခုံပေါ်မှာ ခါးမတ်မတ်ထိုင်ပါ။ လက်နှစ်ဖက်ကို ဦးခေါင်း နောက်ဘက်ကို ယှက်လျက်ထားလိုက်ပါ။ ပြီးရင် လက်ကို ကိုင်းလို့ ခေါင်းကို ငုံ့ပါ။ ပြီးရင် ပြန်ပြီး မော့ပါ။ ပခုံးက ကြွက်သားတွေကို ညှစ်ပါ။

အသက်မှန်မှန် ရှူပါ။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိ လုပ်ပေးပါ။

Desk Push-Ups

ခန္ဓာကိုယ် အပေါ်ပိုင်းအတွက် တော်တော်လေး အထောက်အကူပြုပေးတဲ့ လေ့ကျင့်ခန်းပါ။

မတ်တတ်ရပ်ပါ။ လက်ဖဝါးတွေကို စားပွဲခုံး အစွန်းမှာ ပခုံး အကွာအဝေးအတိုင်း ထားပါ။ ခြေထောက်ကို စားပွဲကနေ ခပ်ခွာခွာမှာ စုံရပ်ပါ။ ပြီးရင် လက်ကို အားပြုပြီး ကိုယ်ကိုရှေ့ကို ကိုင်းပါ။ ပြီးရင် ပြန်မတ်ပါ။

အသက်ကို မှန်မှန်ရှူပါ။ ကိုယ်ကို ကိုင်းချိန်မှာ ရှူသွင်းပြီး ပြန်မတ်ချိန်မှာ ရှူထုတ်ပါ။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။

ဖိနပ်ချွတ်ပြီး လုပ်ပေးတာက ပိုအဆင်ပြေပါမယ်။

လမ်းလျှောက်ပါ

ရုံးစားပွဲမှာ တစ်ချိန်လုံး ထိုင်နေတာက အညောင်းမိသလို အကြောတွေ တောင့်တင်းစေပါတယ်။ ဒါကြောင့် ရေထသောက်ရင်းဖြစ်ဖြစ် အလုပ်ကိစ္စတစ်ခုခုကို ပြောစရာရှိတဲ့အခါ ထိုင်နေရာကနေ ထလို့ လမ်းလျှောက်သွားပြီး ပြောပေးပါ။

ရေသောက်လိုက် ရှူးပေါက်လိုက် လုပ်တာကလည်း လမ်းလျှောက်ဖြစ်စေမယ့် နည်းလမ်းကောင်း တစ်ခုပါ။

ရုံးမှာနေရင်း ဒီနည်းလေးတွေ သုံးပြီး အကြောတွေ ပြေလျော့အောင် လုပ်ကြစို့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Simple Exercises To Do At Your Desk https://www.doyou.com/exercises-to-do-at-your-desk/ Accessed Date 13 August 2020

13 Simple yet Effective Exercises You Can Do at Your Desk https://www.tinypulse.com/blog/sk-desk-exercises Accessed Date 13 August 2020

ယခုပုံစံ

22/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့

လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement