လူတစ်ယောက် လေ့ကျင့်ခန်းလုပ်တော့မယ်ဟေ့လို့ ပထမဆုံး စပြီး တွေးကြပြီဆိုရင် ထိပ်ဆုံးကနေ စဉ်းစားတာက “မနက်စောစောထပြေးမယ်” ဆိုတာပါပဲ။
လူတစ်ယောက် လေ့ကျင့်ခန်းလုပ်တော့မယ်ဟေ့လို့ ပထမဆုံး စပြီး တွေးကြပြီဆိုရင် ထိပ်ဆုံးကနေ စဉ်းစားတာက “မနက်စောစောထပြေးမယ်” ဆိုတာပါပဲ။
ပြေးတယ်ဆိုတာက ပြုလုပ်ရလွယ်ကူပြီး အဆင်အပြေဆုံး လေ့ကျင့်ခန်းတစ်မျိုးလို့ လူတိုင်း သိနားလည်ထားကြပါတယ်။ Work-out တွေ ဘာတွေလုပ်မယ်ဆိုရင် အနည်းဆုံး Gym မှာ သွားသင်ရမယ်၊ ဒါမှမဟုတ်လည်း Youtube တွေဘာတွေ ကြည့်ပြီး လေ့လာရဦးမယ်မဟုတ်လား။
နောက်ပြီး ပြေးတာက ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်ဆိုရင် သိသိသာသာ ထိရောက်မှုလည်းရှိတယ်။ သာမန်လူတွေအတွက်ဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လေ။
ပုံမှန်အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ
ဒါကြောင့်မို့လည်း အကောင်းဆုံး လေ့ကျင့်ခန်း နည်းစနစ်လို့ တင်စားခံရတာပေါ့။
ဟုတ်ပြီ။ ပြေးမယ်လို့တော့ စဉ်းစားနေပြီ။ ဘယ်လိုပြေးမှာတဲ့တုန်း။ မနက်မိုးလင်းတာနဲ့ ကမန်းကတမ်းထပြီး လမ်းပေါ် ထွက်ပြေးမှာလား။ ဒီလိုလုပ်ရုံနဲ့ ကျန်းမာသွားမှာလား။
မှန်သင့်သလောက် မှန်ပေမယ့် နည်းမှန်လမ်းမှန်တော့ မဟုတ်ပါဘူး။ ပြေးတယ်ဆိုရာမှာ စနစ်တကျ နည်းနဲ့လမ်းနဲ့ ပြေးဖို့တော့ လိုအပ်ပါတယ်။ ပြေးဖြစ်ရင်ပြီးရောဆိုပြီး ပြေးနေရင်တော့ အကျိုးကျေးဇူးတွေကို အပြည့်အဝမရနိုင်ပါဘူး။
ဒါကြောင့် စပြီး ပြေးတော့မယ်ဆိုရင် အစီအစဉ်ကြိုတင်ဆွဲထားဖို့ လိုအပ်ပါမယ်။
သင်ပြေးတာက ကျန်းမာချင်လို့ မဟုတ်လား။ ဒါဆိုရင် စနစ်တကျပြေးပေါ့။ ပြေးဖြစ်ရင်ပြီးရောဆိုပြီး မည်ကာမတ္တပြေးတာမျိုးလည်း မလုပ်သင့်သလို အလွန်အမင်းပင်ပန်းဆင်းရဲအောင်လည်း အပြင်းအထန်တွေ မလုပ်သင့်ပါဘူး။
ကျန်းမာဖို့ ပြေးတာမို့ ကျန်းမာရေးမထိခိုက်ပါစေနဲ့။ အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ ကျန်းမာရုံပြေးပါ။ ဒါဆို သင်လိုချင်တဲ့ ပန်းတိုင်းဆီကိုရောက်ပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးပြေးပြီး ကျန်းကျန်းမာမာနေကြပါလို့ တိုက်တွန်းပါရစေ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။