home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျောရိုးကလေး ကျန်းမာဖို့ contemporaryအကလေ့ကျင့်စို့

ကျွန်တော်တို့တွေရဲ့ ကျောရိုးကလေးဟာ တခြားသော ကိုယ်တွင်းအင်္ဂါတွေလိုပဲ အသက်ကြီးလာတတ်ပါတယ်။ ကျောရိုးလေး အသက်ကြီးလာပြီဆိုရင် တောင့်တင်းလာတဲ့ လက္ခဏာတွေ ပြလာပါတယ်။ ကုန်းရဆန့်ရ မလွယ်တော့ဘူး။ ပစ္စည်းတစ်ခုခု ကုန်းကောက်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရသလိုပါပဲ။

အလေးအပင်မ ဖို့ဖြစ်ဖြစ်၊ ကြမ်းပြင်ကို ထိုင်ချဖို့ဖြစ်ဖြစ် ခက်ခက်ခဲခဲ ကြိုးစားနေရတာကို သတိထားမိမှာပါ။ တစ်ခုခု လုပ်ပြီးရင်လည်း ခါးတောင့်တာ၊ ခါးနာတဲ့ ဝေဒနာကို လွယ်လွယ်ကူကူခံစားနေရသလိုပါပဲ။ ဒါဟာ ကျောရိုးလေး အိုမင်းလာတယ်ဆိုတဲ့ လက္ခဏာတွေပါပဲ။

ကျောရိုးအပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေ သန်စွမ်းဖို့ နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ၊ အာဟာရပြည့်အောင် စားသောက်ပါဆိုပြီး ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ အထူးသဖြင့်တော့ လေ့ကျင့်ခန်းပေါ့။ Weight bearing exercisesလို့ ခေါ်တဲ့ အလေးတွေ သုံးပြီး ကြွက်သားတွေ သန်မာအောင် လေ့ကျင့်တာ၊ အကြောလျော့ပြီး ကြွက်သားတွေ တောင့်တင်းနေတာကို လျှော့ချတာ စသဖြင့် အမျိုးမျိုး လေ့ကျင့်ခိုင်းပါတယ်။

ဒီလို လေ့ကျင့်ခန်းတွေ အမျိုးအစားပေါင်းများစွာ ရှိတဲ့ထဲကမှ နောက်ပိုင်းမှ မြင်နေကျ သမားရိုးကျ လေ့ကျင့်ခန်းတွေ မဟုတ်ဘဲ အကတွေနဲ့ တွဲတဲ့ လေ့ကျင့်ခန်းတွေပါ ခေတ်စားလာပါတယ်။ ဥပမာ ဇွန်ဘားလို သီချင်းနဲ့ ကရတဲ့ လေ့ကျင့်ခန်းပေါ့။ တစ်ချိန်တည်းမှာ ကယ်လိုရီတွေ လောင်ကျွမ်းစေသလို ကနေတာဖြစ်တဲ့အတွက် လုပ်ချင်စိတ်ပိုဖြစ်ပါတယ်။

သီချင်းလည်း နားထောင်နေရတာကြောင့် စိတ်ဖိစီးမှုတွေပါ လျော့ကျစေပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်ကို လေ့ကျင့်ပေးတာတင် မကဘဲ စိတ်ပိုင်းဆိုင်ရာပါ အနားရအောင် လုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေ ခေတ်စားလာပါတယ်။

ဒီလိုမျိုး အလားတူ လေ့ကျင့်ခန်း နောက်တစ်ခုကတော့ contemporaryအကပဲ ဖြစ်ပါတယ်။

Contemporaryအက ဆိုတာ

ဒီအကအမျိုးအစားက ၂၀ရာစုမှာ စပြီး ခေတ်စားလာခဲ့ပါတယ်။ အမေရိကန် အကပညာရှင် Isadora Duncan (1878-1927)က စပြီး တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအကက ရေလှိုင်းတွေကို နမူနာယူပြီး တီထွင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကကွက်တွေကို ကြည့်မယ်ဆိုရင် ပေါ့ပါးပြီး လွင့်မျောနေသလို ခံစားရပါတယ်။ ဒါပေမယ့် ကတဲ့အခါမှာတော့ အင်အားအပြည့်ပါပဲ။

ကျောရိုးကို ထောက်ပံ့ထားတဲ့ ကြွက်သားပေါင်း ၁၂၀နဲ့ ဝမ်းဗိုက်က ကြွက်သားတွေကို အားယူပြီး ကရတာ ဖြစ်ပါတယ်။ ဒါ့ပြင် ဘဲလေးအကရဲ့ ကိုယ်နေဟန်ထားကိုလည်း ထည့်သွင်းပေါင်းစပ်ထားပါတယ်။ နောက်ပိုင်းမှာတော့ ရော့အန်ရိုး၊ ဟစ်ဟော့၊ အီလက်ထရို၊ ဂျက်စ်စတဲ့ ဂီတတွေနဲ့ ပေါင်းစပ်ပြီး ကလာတာကို တွေ့ရပါတယ်။

Contemporaryအကက ကျောရိုးတွေကို သန်စွမ်းစေမှာလား။

ကျွန်တော်တို့ ခန္ဓာကိုယ်က အရိုးတွေ၊ ကြွက်သားတွေဆိုတာ လေ့ကျင့်ပေးလို့ ရတဲ့ အရာတွေပါ။ တစ်နှစ်ထက် တစ်နှစ် အိုမင်းပြီး စွမ်းဆောင်ရည်တွေ ကျလာတဲ့ ကျွန်တော်တို့ရဲ့ ကျောရိုးလေးကို Contemporaryအကနဲ့ ပြန်ပြီး ငယ်ရွယ်သန်စွမ်းအောင် လုပ်ပေးလို့ရပါတယ်။

သူ့ရဲ့ ကောင်းတဲ့အချက်ကတော့ နေရာသိပ်မယူတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုက ထိုင်နေတုန်း ဖြစ်ဖြစ်၊ မတ်တပ်ရပ်နေတုန်းဖြစ်ဖြစ် ကိုယ်တွင်းက အားတွေကို သုံးပြီး ကျောရိုးကို ထောက်ပံ့ထားတဲ့ ကြွက်သားတွေ၊ ဝမ်းဗိုက်က ကြွက်သားတွေကို ရေလှိုင်းလေးလို လှုပ်ရှားပေးတာပဲ ဖြစ်ပါတယ်။

ဘာကောင်းကျိုးတွေ ရမှာလဲ။

ကျောရိုးကို သန်မာလာစေတယ်။

ကျောရိုးပတ်လည်က ကြွက်သား ၁၂၀နဲ့ ဝမ်းဗိုက်က ကြွက်သားတွေကို အသုံးပြုပြီး လေ့ကျင့်ရတာ ဖြစ်တဲ့အတွက် ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင် ကြွက်သားတွေ သန်မာလာမှာပါ။ ကြွက်သားတွေ သန်မာလာရင် ကျောရိုးကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်တာကြောင့် အထိုင်အထ၊ အကုန်းအကွမှာ ရွယ်တူတွေထက် ပိုပြီး သွက်လက်နေမှာပါ။

ခါးနာတာကို သက်သာစေတယ်။

ဟိုးအရင်ကတော့ အကတွေကရင် မတော်တဆ ချော်လဲမယ်၊ ခါးထိမယ် စသဖြင့် စိုးရိမ်တတ်ပါတယ်။ ဒါက ကြွက်သားတွေ၊ အရိုးတွေ မသန်တဲ့သူတွေအတွက် ဟန်ချက်မထိန်းနိုင်ဘဲ ဖြစ်သွားတာပါ။ Contemporaryအကမှာတော့ ထိုင်နေရာက မရွေ့၊ မတ်တပ်ရပ်ရာက မရွေ့ လေ့ကျင့်နိုင်တဲ့အတွက် ဒီလိုဖြစ်ဖို့ အခွင့်အရေး နည်းပါတယ်။

ဒါ့ပြင် ကြာလာတာနဲ့အမျှ ကြွက်သားတွေ သန်မာလာပါတယ်။ အရင်က လျော့ရဲတဲ့ အရွတ်တွေကြောင့် တောင့်တင်းတဲ့ ကြွက်သားတွေကြောင့် ကျောရိုးပုံစံမမှန်ဘဲ ခါးနာရတာတွေပါ သက်သာလာနိုင်ပါတယ်။

ကိုယ်နေဟန်ထားကို မှန်စေတယ်။

ကြွက်သားတွေကို ကျုံ့လိုက် ဆန့်လိုက် လုပ်ရတဲ့အတွက် ကြွက်သားတွေ တင်းတင်းရင်းရင်းဖြစ်ပြီး ပုံကျလာမှာပါ။ ကျောရိုးက ကြွက်သားတင်မကပါဘူး။ ဝမ်းဗိုက်က ကြွက်သားတွေလည်း ပါပါတယ်။

တင်းရင်းလာတဲ့ ကြွက်သားတွေက ကျောရိုးကို ပုံကျစေလို့ လက်ပြင်ကုန်းတာ၊ ခါးကုန်းတာ သက်သာပြီး ကိုယ်နေဟန်ထား ပုံကျလာမှာပါ။

စိတ်စွမ်းအင်ကို တိုးတက်စေတယ်။

ကျောရိုးနဲ့ ဝမ်းဗိုက်က ကြွက်သားတွေဟာ စိတ်ထိန်းကြွက်သားတွေ ဖြစ်တဲ့အတွက် ဒီကြွက်သားတွေကို လေ့ကျင့်ဖို့ ကိုယ်အားတင်မက စိတ်အားပါ သုံးရပါတယ်။ စိတ်အားကို သုံးပြီး ကြွက်သားတွေကို ရေလှိုင်းလေးတွေကို ဟန်ချက်ညီညီ ကျုံ့လိုက် ဆန့်လိုက် ပုံဖော်ပေးရပါတယ်။ ဒီအကျုံ့အဆန့်ကိုပဲ အာရုံစိုက်နေရတဲ့အတွက် စိတ်စွမ်းအင်ကောင်းလာပြီး အာရုံစူးစိုက်တတ်လာပါတယ်။

Contemporaryအကဟာ တဖြည်းဖြည်း လူထုကြားထဲမှာ ခေတ်စားလာပါပြီ။ ကိုယ်ရော စိတ်ပါ နှစ်ပြီး လုပ်ရတဲ့အတွက် ရလဒ်မှာလည်း ကိုယ်ရော စိတ်ပါ ကျန်းမာလာစေပါတယ်။

ကျွန်တော်တို့ရဲ့ ကျောရိုးဟာ နေ့စဉ်သွားလာလှုပ်ရှားတဲ့ နေရာမှာရော ကျွန်တော်တို့ရဲ့ ပုံပန်းသွင်ပြင်ကိုရော ပုံဖော်ပေးတဲ့နေရာမှာ အများကြီး အရေးပါတဲ့အတွက် ကျောရိုးလေး နုပျိုနေဖို့ Contemporaryအကကို စပြီး လေ့ကျင့်ကြည့်ရအောင်လား။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။