ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ စားသောက်ကုန်တမျိုးဖြစ်ပါတယ်။ လူကို တက်ကြွလန်းဆန်းစေရုံမက တခြားအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း၊ နှလုံးရောဂါနှင့် အယ်လ်ဇိုင်းမား ဖြစ်ပွားနိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။