အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဝမ်းပျက်ဝမ်းလျှောခြင်း

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ .... ဒီဘက်ခေတ်မှာ လူကြီး၊ လူငယ်မရွေး အရက်နဲ့ ကင်းနိုင်ကြတာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးအရ၊ အလုပ်ခွင်မှာ မိတ်ဆုံစားပွဲလုပ်တာဖြစ်ဖြစ် အရက်လေးကတော့ အနည်းနဲ့ အများပါလိုက်ကြတာပါပဲ။ အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေတာမှန်ပေမယ့် နေ့စဉ်နေ့တိုင်းသောက်တာ၊ သောက်တဲ့ပမာဏ မများဘူးဆိုရင်တော့ အဆင်ပြေပါတယ်။ ကဲ ဒါဆိုရင် အားလုံးစိတ်ညစ်ရတဲ့ အရက်နာကျတဲ့အကြောင်း ဆက်သွားလိုက်ကြတာပေါ့။ အရက်နာကျရင် ဘာတွေခံစားရမလဲ။ အရက်သောက်ပြီး နောက်တစ်နေ့နိုးလာတာနဲ့ ပထမဆုံးခံစားရမယ့် ပြဿနာကတော့ အရက်နာကျတာပါပဲ။ ဒါက သောက်လိုက်တဲ့ပမာဏရော၊ လူတစ်ယောက်ရဲ့ သောက်နိုင်တဲ့ ပမာဏပေါ် မူတည်ပြီး ဝေဒနာ ပြင်းထန်မှုကွာသွားနိုင်ပါတယ်။ များသောအားဖြင့် အရက်နာကျတဲ့အခါမှာ ခေါင်းတွေ အရမ်းမူးမယ် ခေါင်းကိုက်မယ် အော့အန်ချင်တာ ဗိုက်ထဲမှာ အောင့်သလို ရေ၊ လေတွေများပြီး မအီမသာဖြစ်တာ အစာစားချင်စိတ်၊ ရေသောက်ချင်စိတ်တောင် မရှိတာ လူတစ်ကိုယ်လုံး […]


အသည်းရောဂါများ

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် မြန်မာနိုင်ငံမှာလည်း အသည်းရောဂါ ခံစားရသူ ဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပိုများလို့ လာပါတယ်။ အသည်းရောဂါတွေထဲမှာမှ အဖြစ်များတဲ့ အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့ ဘာတွေကိုဂရုစိုက်ဖို့ လိုမလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေ။ အသည်းရောင် အသားဝါ ဘီပိုး ဆိုတာဘာလဲ..... ရောဂါပိုး ကူးစက်ခံထားရသူရဲ့သွေး နဲ့ ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့ အရည် ၊ သုက်ပိုးနဲ့ ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရတဲ့အခါ အသည်းမှာ အမာရွတ် ဖြစ်တာ၊ အသည်း လုပ်ဆောင်ရည် ကျဆင်းသွားတာ၊ အသည်းကင်ဆာ ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။သေချာ မကုသဘဲ ထားမယ်ဆိုရင် အသက် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ... အသည်းရောင် အသားဝါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ရုတ်တရက်အိမ်သာတက်ချင်လာရင် ဖြေရှင်းနိုင်မယ့် အမြန်ဆုံးနည်းလမ်း(၅)ခု

အန္တရာယ် မလွယ်နိုင်ဘူးလို့ပြောလေ့ရှိကြတယ်။ ရုတ်တရက်ဖြစ်လာခဲ့ရင် တကယ်လည်းလွယ်ထားဖို့ ခက်ပါတယ်။ အလုပ်ကိစ္စအရေးကြီးကာမှ အရေးပေါ်အိမ်သာတက်ချင်တာမျိုး၊ ခရီးဝေးသွားရပါမယ်ဆိုမှ လမ်းမှာ အိမ်သာသွားချင်တာမျိုး အတော်ဒုက္ခရောက်ပါတယ်။ လမ်းသွားရင်း အရေးပေါ်ဖြစ်လာရင် အနီးအနားမှာ ပြေးဝင်လို့ရတဲ့ဆိုင်ရှိရင်တော်သေး၊ မရှိရင် တိုင်ပတ်သွားနိုင်ပါတယ်။ ဖြစ်လာရင်တော့ချွေးစေးပဲထွက်ထွက်၊ ကြက်သီးမွေးညင်းပဲထထအောင့်ထားရမှာပဲပေါ့။အောင့်ထားတာကလည်း ပညာသားပါပါတယ်။ ဒါမှ ဟန်မပျက်ဘဲ အိမ်သာရှာနိုင်မှာ၊ ဒါမှမဟုတ် လိုရာခရီးရောက်တဲ့အထိအောင့်ထားနိုင်မှာပါ။ ကဲ ကြည့်ကြည့်ရအောင် ဘာပညာတွေများလဲလို့။ (၁) စအိုဝကြွက်သားကို ကျုံ့ညှစ်ထားပါ စအိုဝကြွက်သားဟာ အလေးစွန့်တဲ့အခါ အဓိကထိန်းချုပ်ပေးနိုင်တဲ့ အချက်အချာပါ။ ပုံမှန်အားဖြင့်တော့ သူ့အလိုလိုကျုံ့ထားလိုက်ပြီးသားဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် စအိုဝ တင်မကဘဲ တင်ပါးကြွက်သားတွေကိုပါ ကျုံ့ညှစ်တာက ပိုအထောက်အကူဖြစ်ပါတယ်။ (၂) သိပ်မလှုပ်ရှားပါနဲ့ ဝမ်းသွားချင်စိတ်ပျောက်အောင်၊ အာရုံပြောင်းအောင်ဆိုပြီး ဟိုလျှောက်ဒီလျှောက်လုပ်ရင် ပိုဆိုးကုန်မှာပါ။ အိမ်သာရှာနေတဲ့လမ်းမှာဆိုရင်တောင် ထိန်းပြီးလျှောက်ပါ။ လှုပ်ရှားမှုကြောင့် စွန့်ပစ်အညစ်အကြေးတွေ စအိုလမ်းကြောင်းကိုရောက်ရှိမှုမြန်စေပါတယ်။ဖြစ်ဖြစ်ချင်းမှာ အောင့်ပြီး ခဏလောက်ငြိမ်ငြိမ်လေးနေကြည့်ပါ။ပြီးမှ သွားသင့်တဲ့ဆီသွားပါ။ (၃)အောင့်ထားတဲ့အချိန် ထိုင်မနေပါနဲ့ ဒီလိုအချိန်မှာ ထိုင်နေတာထက် မတ်တတ်ရပ်နေတာပိုကောင်းပါမယ်နော်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုပတ်လည်မှာ ယားယံတာ မျိုးဖြစ်တာ ဘာကြောင့်များလဲ ။ ။

ကိုယ်ခန္ဓာအနှံ့အပြား အကုန်လုံးမှာ ယားယံတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ အခန့်မသင့်တာကြောင့် ဖြစ်တတ်သလို အခြားကျန်းမာရေး၊ အရေပြား ပြဿနာတွေကြောင့်လည်း ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအထဲမှာမှ စအိုပတ်လည်မှာ ယားယံတာ ကရော ဘယ်လိုမျိုးကြောင့်ဖြစ်နိုင်လဲ။ ရောဂါတစ်ခုခုကြောင့်လား။ ဒီလိုပဲ ဖြစ်တတ်တာလား။ ။ စအိုပတ်လည်မှာ ယားယံတာ ဆိုတာ ဘာလဲ။ ဆေးပညာအရ Pruritus ani လို့ခေါ်တဲ့ စအိုပတ်လည်မှာ ယားယံတဲ့ ပြဿနာဟာ လူကြားထဲမှာ ကုတ်မရ ဖဲ့မရနဲ့ အတော်ကို ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုပါ။ သန့်ရှင်းရေးအားနည်းတာ ( ဒါမှမဟုတ်) အသန့်ရှင်းလွန်တာကြောင့် စအိုပတ်လည်ယားတတ်သလို၊ ကိုယ်စားလိုက်တဲ့အစားအသောက်တွေ၊ သောက်နေတဲ့ဆေးတွေ အရေပြားနဲ့ အခြား ကျန်းမာရေးပြဿနာတွေကြောင့်လည်း စအိုဝယားယံတာတွေဖြစ်တတ်ပါသေတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။ ။ စအိုဝဆိုတာက အစာခြေစနစ်ကြီးရဲ့ အဆုံးဖြစ်ပြီး အညစ်အကြေးတွေထုတ်ပေးနေတဲ့ အဓိက […]


အစာအိမ်ရောင်ခြင်း

အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ။ ။

အစာအိမ်အောင့်တာ၊ အစာအိမ် အနာ ဖြစ်တာ၊ အစာမကြေတာ စတဲ့ အစာခြေလမ်းကြောင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ အများကြီး ရှိသလို အဲဒီ ဝေဒနာ ခံစားနေရတဲ့ သူတွေလည်း တစ်ပုံကြီးပါ။  အစာအိမ်ရောင် နေတယ်၊ အနာ ဖြစ်နေတယ် ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးတယ်လေ။ ပြဿနာက နေ့တိုင်း အစား မစားဘဲ နေလို့ မရဘူးလေ။ ဒီတော့ အစာအိမ်ကို အနားပေးလို့ မရ၊ စားတာတွေကလည်း အစာအိမ်နဲ့ မတည့်ဖြစ်နေရင် ပိုဆိုးပြီပေါ့။ ဒီတစ်ခေါက်တော့ အစာအိမ်နာ ထနေတဲ့အချိန် စားသင့်တဲ့ အစားအသောက် ၅ မျိုး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတာ ကြားဖူးတယ် မလား။ ခုလို အစာအိမ်အနာ၊ အစာအိမ် […]


အစာအိမ်ရောင်ခြင်း

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ ပြောမယ့်သာ ပြောရတာ အရမ်းကြီးပြင်းထန်တဲ့ ရောဂါတစ်ခု မဟုတ်ပေမယ့် ပျော့ပျော့လေးနဲ့ ကာလရှည်ကြာ လူတွေကို ဒုက္ခပေးတဲ့ ပြဿနာတွေထဲမှာ အစာအိမ် ပြဿနာက ထိပ်ဆုံးကပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အောင့်တာနဲ့ အစာအိမ်အနာဖြစ်တာ စတာတွေပေါ့။ ဒါ့ထက်ပိုဆိုးတာက အစာအိမ်ပြဿနာတွေက အချိန်ကောင်းတွေဖြစ်တဲ့ အိပ်ခါနီး အချိန်မှာ ထအောင့်တာနဲ့၊ မနက်အိပ်ရာနိုးတဲ့အချိန် ဗိုက်အောင့်လို့ မထချင်ပေမယ့် အစားတွေထစားလိုက်ရတဲ့အချိန်တွေက တကယ်ကို ကသိကအောက် ဖြစ်ချင်စရာပါပဲ။ ဗိုက်လေးများတစ်ခါလောက် အဆာမခံလိုက်နဲ့။ အစာအိမ်ြဿနာပြန်ကိုဖြစ်တော့တာပါပဲ။ ဒီတော့ ညဘက်ကြီးကိုယ်က အိပ်ချင်နေပြီ အစာအိမ်ကအောင့်နေလို့၊ ဗိုက်ကဆာဆာ နာနာကြီးဖြစ်နေလို့ စိတ်ညစ်နေသူအားလုံး ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။ အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။ ညညအစာအိမ်အောင့်ပြီးအိပ်လို့မရဖြစ်နေရင် ဒါလေးတွေ တစ်ချက်သတိထားစေချင်ပါတယ် ။ အစာအိမ်အောင့်တဲ့ပြဿနာကို အဓိကဖြစ်စေတာ ကိုယ့်စားလိုက်တဲ့အစားအစာတွေပါ။ နောက်ပြီး စားတဲ့အချိန်ကလည်း […]


အသည်းရောဂါများ

အသည်းရောင် စီရောဂါ ရှိသူတွေအတွက် စားသောက်နေထိုင်မှုပုံစံ

ခုချိန်မှာ အသည်းရောင် စီပိုးရှိတဲ့သူတွေအတွက် အရင်ကထက် ဆေးဝါးကုသမှုတွေရွေးချယ်စရာပိုများလာတယ်ဆိုပေမယ့် ကုသမှုကတော့ အချိန်ယူရဆဲပါပဲ။ ဆေးဝါးအမျိုးအစားကို မူတည်ပြီး ကုထုံးတစ်ခုရဲ့ ကြာချိန်က ၈ ပတ်ကနေ ၂၄ ပတ်အထိ ရှိတတ်ပါတယ်။ နေပြန်ကောင်းလာဖို့ကို အဓိကထားပြီး သည်းခံတာတောင် တချို့မှာ ကုထုံးဒဏ်အတော်ခံရပါတယ်။ဆေးဝါးတိုင်းမှာဘေးထွက်ဆိုးကျိုးဆိုတာရှိပေမယ့် ဒါတွေကို ကာကွယ်နိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့၊ သက်သက်သာသာ ကျော်လွန်နိုင်ဖို့ ကိုယ့်ဘက်ကပြင်ဆင်ထားလို့ရပါတယ်။ အသည်းရောင်ရောဂါရှိတဲ့သူတွေအတွက် ဘယ်လိုနေထိုင်စားသောက်သင့်လဲဆိုတာ သိထားသင့်တဲ့အချက်တွေကို အကြံပြုပေးလိုက်ပါတယ်။ (၁) အနားယူချိန် အလုံအလောက်ပေးပါ အသည်းရောင်စီရောဂါ ကုထုံးတွေရဲ့ အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့မောပန်းအားကုန်တာပဲဖြစ်ပါတယ်။ဖြစ်နိုင်ရင် အလုပ်တွေလျှော့ပြီး အနားယူချိန်ပိုပေးပါ။ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်တစ်ခု ပုံမှန်သတ်မှတ်ပြီး လိုက်နာတာက ညအိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ ညနောက်ကျချိန်မှာကော်ဖီ၊လက်ဖက်ရည်၊ ကဖင်းတွေမသောက်ဖို့ သတိထားပါ။ ဖုန်းလည်း သိပ်မကြည့်ပါနဲ့။ အိပ်ရေးပျက်ခဲ့ရင် ပင်ပန်းနွမ်းနယ်မှုကို ပိုဆိုးစေနိုင်ပါတယ်။ (၂) ကျန်းမာအားပြည့်အောင် စားပါ အသည်းရောင်စီပိုးရှိတာ သိပြီးတာနဲ့ အသည်းကို အားဖြည့်ဖို့လိုနေပါပြီ။ […]


အသည်းရောဂါများ

အသည်းခြောက်တဲ့သူတွေ သိထားသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံ ။

အသည်းဆိုတာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထုတ်ပေး၊ ကိုယ်သောက်လိုက်တဲ့ဆေးတွေ အာဟာရတွေကိုဖြိုခွဲပေး၊ ပိုနေတဲ့ ဂလူးကိုစ့်တွေကို သိမ်းဆည်းပေး၊ လိုလာရင် ပြန်ထုတ်ပေးလိုက်နဲ့ တကယ်ကို အလုပ်များပြီး အရေးကြီးလွန်းတဲ့ကိုယ်တွင်းကလီစာတစ်ခုပါ။ ခက်တာက နောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှု ပုံစံရယ်၊ မဆင်ခြင်တဲ့ ကိုယ်တွေရဲ့ စားသောက်ပုံစံတွေကြောင့် အသည်းရောင်အသားဝါပိုးတွေ ကူးစက်ခံရတာ၊ အသည်းမှာထိခိုက်သွားတာ၊ ကနေ အဆိုးဆုံးတွေဖြစ်တဲ့ အသည်းခြောက်၊ အသည်းကင်ဆာတွေ အထိ ဖြစ်သွားပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အရက်ကြောင့်အသည်းခြောက်မယ် အသည်းရောင်အသားဝါ ပိုးတွေကြောင့် အသည်းခြာက်မယ် အသည်းအဆီဖုံးရာကနေ နောက်ဆုံး အသည်းခြောက်မယ်။ စသဖြင့် နည်းပေါင်းစုံနဲ့ အသည်းခြောက်နိုင်ပါတယ်။ အသည်းခြောက်သွားပြီဆို ပြန်ကောင်းဖို့ အခွင့်အလမ်းနည်းပါးပြီး အသည်းတစ်ခုလုံး အစားထိုးကုသမှု ပြန်ကောင်းမယ့် ရောဂါတစ်ခုပါ။ ဒီလို ဆိုးဝါးတဲ့ အသည်းခြောက်တဲ့ ပြဿနာကိုယ့်ဆီမှာ ကံမကောင်းစွာနဲ့ ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ဘက်က […]


အသည်းရောဂါများ

B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။

B ပိုးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။ အသည်းရောင် အသားဝါ ဘီပိုးဆိုတာ လူတွေနဲ့ မစိမ်းတဲ့ ရောဂါပိုးတစ်ခုပါ။ သွေးတွေ၊ ချွေးတွေနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေကတဆင့် ကူးစက်တာဆိုတော့ ကူးစက်နိုင်ဖို့ အလားအလာလည်း အင်မတန်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကလည်း သိပ်မသိသာဘဲ ရောဂါကျွမ်းမှ၊ မတော်တဆသွေးစစ်ရင်းနဲ့မှ တွေ့သွားတတ်တာဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘီပိုးရှိတဲ့သူတွေ များချင်များနေမှာနော်။ နောက်ပြီး ဘီပိုးက အသည်းရောင်စေတာအပြင် နောက်ဆုံး အသည်းခြောက်တာ၊ အသည်းကင်ဆာစတဲ့ ရောဂါဆိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက သူ့ကို အပြတ်ကုသနိုင်တဲ့ ဆေးနည်းကလည်း မပေါ်သေးဘဲ ရောဂါဆက်မကြီးအောင် ထိန်းထားနိုင်တဲ့ ဆေးနည်းတွေပဲ ပေါ်သေးတာဆိုတော့ ကိုယ့်ဆီ ဘီပိုးရောက်မလာအောင် ကြိုတင်ကာကွယ်ထားဖို့က အရေးအကြီးဆုံး ဖြစ်လာပြီလေ။ ကံကောင်းတာတစ်ခုက ဘီပိုးကိုယ့်ဆီ မကူးစက်အောင်လို့ တားထားလို့ရတဲ့ B ပိုးကာကွယ်ဆေးတွေ ပေါ်နေပြီလေ။ ကာကွယ်ဆေးရှိနေပြီဆိုတော့ ကာကွယ်ဆေးအကြောင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက်ရောင်တာဆိုရင် မပေါ့နဲ့၊ သတိထား

အသက်ငယ်ငယ်လေးနဲ့ ဗိုက်အောင့်လို့ ဆေးရုံရောက်လာတယ်၊ အကြောင်းရင်းလည်း သေချာမသိဘဲ ရုတ်တရက်ထဖြစ်တယ်၊ မခံမရပ်နိုင်အောင့် ဗိုက်အောင့်တယ်၊ ချက်ရဲ့ ဘေးပတ်ပတ်လည်ကနေ အောင့်နေတယ်ဆိုရင်တော့ အူအတက်ရောင်တာ သေချာသလောက် ဖြစ်နေပါပြီ။ ဒီပြဿနာက အသက်အရွယ်၊ ကျား၊ မ မရွေး ဖြစ်တတ်တဲ့ ပြဿနာမို့ အရေးရယ် အကြောင်းရယ်ဆို ပျာယာခတ်မနေဘဲ ဘယ်လိုလုပ်လို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အူအတက်ရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဝမ်းဗိုက်ရဲ့ အပေါ်ဘက်နား၊ ညာဘက်အောက်နား ဒါမှမဟုတ် ချက်ရဲ့ ဘေးပတ်ပတ်လည်မှာ မခံမရပ်နိုင်အောင် နာကျင်တာ အစာစားချင်စိတ် မရှိတာ မစာမကြေသလို ဖြစ်နေတာ မူးဝေတာ အော့အန်တာ ဝမ်းလျှောတာ ဝမ်းချုပ်တာ ဗိုက်က ဖောရောင်နေတာ လေမလည်နိုင်တာ အဖျားလေး နည်းနည်းရှိတာ စတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ ဖြစ်ကာစမှာတော့ လူနာက ရိုးရိုးဗိုက်နာတာလောက်ပဲ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း