အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတော်တော်များများကို ဒုက္ခပေးနေတဲ့ အဖြစ်အများဆုံး အသည်းပြဿနာတစ်ခုပါ။ လက္ခဏာ သိသိသာသာ မပြတာကြောင့် အာထရာဆောင်းရိုက်ကြည့်မှပဲ သိတာများပါတယ်။ ဒီတော့ ကိုယ့်မှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိ ကြိုသိချင်ရင် စစ်ဆေးလို့ရတဲ့ နည်းတွေနဲ့ အသည်းအဆီဖုံးတာဖြစ်နေရင်ညလ်း ဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။
အသည်းအဆီဖုံးတဲ့ ပြဿနာကို ဘယ်လိုသိနိုင်သလဲ ။
ရောဂါကိုယ်တိုင်က သိသာတဲ့ လက္ခဏာ မရှိတာကြောင့် အခြားရောဂါတွေကို စစ်ဆေးကြည့်တဲ့အချိန်ကျမှ သူ့ကို သွားတွေ့တာများပါတယ်။ လုပ်နိုင်တဲ့ရောဂါ စစ်ဆေးခြင်းတွေကတော့
သွေးစစ်ခြင်း ။ ။
- Complete Blood count – သွေးဆဲလ်တွေအားလုံးနဲ့ ေသွးအားနည်းြခင်းရှိမရှိကို စစ်ဆေးခြင်း
- အသည်းအင်ဇိုင်းနဲ့ အသည်းလုပ်ဆောင်နိုင်အားကို စစ်ဆေးခြင်း
- အသည်းရောင်အသားဝါရောဂါပိုး ( A,B,C ) ရှိမရှိစစ်ဆေးခြင်း
- Celiac disease လို့ခေါ်တဲ့ ရောဂါရှိမရှိစစ်ဆေးခြင်း
- သွေးတွင်းသကြားဓါတ်ကို စစ်ဆေးခြင်း
- သွေးတွင်း အဆီဓါတ်တွေနဲ့ သွေးတွင်းကိုလက်စရောစစ်ဆေးခြင်းတွေ လုပ်ဆောင်ပြီး အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိနဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းကို သိနိုင်ပါတယ်။
ပုံရိပ်ဖော်စစ်ဆေးခြင်း ။ ။
ဒီအထဲမှာတော့ အသည်းအဆီဖုံးခြင်းကို ပုံရိပ်ဖော်ပြီး သိရှိနိုင်တဲ့နည်းတွေ ဖြစ်ပါတယ်။
- အာထရာဆောင်းရိုက်ခြင်း – ဒီအာထရာဆောင်းက တော့ အခြေခံအကျဆုံးနဲ့ အသည်းအဆီဖုံးခြင်းကို အမြန်ဆုံးသိနိုင်တဲ့နည်းဖြစ်ပါတယ်။
- CT scan ဖတ်ခြင်း – ဒီ ဖန်ပေါင်းချောင်ကြီးထဲဝင်ပြီး CT scan ဖတ်ခြင်းကနေ အသည်းအဆီဖုံးတာ အသည်းရောင်တာတွေကို သိနိုင်ပါတယ်။ ဒါပေမယ့်သူက nonalcoholic steatohepatitis နဲ့ nonalcoholic fatty liver disease ကို တော့ မခွဲနိုင်ပါဘူး။
- Transient elastography – အဆင့်မြင်တဲ့ အာထရာဆောင်းနည်းပညာတစ်မျိုးဖြစ်ပြီး အသည်းဘယ်လောက် တောင့်နေလဲဆိုတာကို တိုင်းတာပါတယ်။ အသည်းတောင့်တယ်ဆိုတာ အသည်းဆဲလ်တွေ ခဲပြီး တောင့်နေတာကို ပြောတာဖြစ်ပါတယ်။
- Magnetic resonance elastography – သံလိုက်စက်ကွင်းပုံဖော်နည်းပညာနဲ့ အသံလှိုင်းပုံဖော်နည်းပညာကို ပေါင်းပြီး အသည်းအဆီဖုံးခြင်း ရှိမရှိနဲ့ အသည်းခဲနေတာ အသည်းခြောက်နေတာရှိမရှိရယ် ဘယ်နေရာမှာ ဖြစ်နေလဲဆိုတာရယ်ကို ဖော်ပြနိုင်တဲ့ စစ်ဆေးနည်းဖြစ်ပါတယ်။
အသည်းတစ်ရှူးကို စစ်ဆေးခြင်း။
ဗီတာမင် E – ဗီတာမင် E မှာ ပါဝင်တဲ့ ကြွယ်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသည်းတွေကို ကာကွယ်ပေးပြီး အသည်းရောင်တာ အသည်းအဆိပ်အတောက်ဖြစ်တာတွေကို လျှော့ချပေးပါတယ်။ ဒါပေမယ့် သေချာအောင်တော့ လေ့လာမှုတွေ ဆက်လုပ်နေဆဲပါ။ ကော်ဖီ – အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးနေတဲ့ ပြသနာရှိတဲ့သူတွေကို လေ့လာကြည့်ရာမှာ ကော်ဖီသောက်တဲ့လူနာတွေက မသောက်တဲ့လူနာတွေထက်စာရင် အသည်းထိခိုက်တာ ပိုနည်းတယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်နေတဲ့သူတွေအတွက် အဆင်ပြေတာပေ့ါ။ တစ်ခုရှိတာက ကော်ဖီပမာဏ ဘယ်လောက်သောက်ရမလဲနဲ့ ဘယ်လိုသောက်ရမလဲဆိုတာ သေချာလေ့လာထားခြင်း မရှိသေးတာပါ။ ကိုယ်က ကော်ဖီမသောက်တတ်တဲ့သူဆိုရင် အသည်းအဆီဖုံးခြင်းကို သက်သာဖို့ သေချာလေ့လာမှု မလုပ်ရသေးတဲ့ ကော်ဖီ ခုမှ စသောက်ဖို့ ပြန်စဉ်းစားစေချင်ပါတယ်။ ကော်ဖီကြောင့် ရမလာမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို ချိန်ဆပြီး သောက်မှ သာ အကောင်းဆုံးပါ။ Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။