backup og meta

အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ

    အစပ် လေးစားလိုက်တာနဲ့ ဗိုက်ခဏ ခဏအောင့်တယ်၊ ဗိုက်ကြီးကယ်ပြီး တင်းနေတယ်၊ ဝမ်းလျှော ဝမ်းချုပ်တွေဖြစ်နေတတ် အာထရာဆောင်းရိုက်ကြည့်လိုက်တဲ့အခါ အူရောင်တဲ့ အဖြေထွက်လာတယ်ဆိုရင် တော့ ခုပြောမယ့် စားသောက်မှုပုံစံကို သိထားဖို့ လိုလာပါပြီ။ အစားအသောက်တွေ ခြေဖျက် အာဟာရ တွေစုပ်ယူနေတာ ဒီ အူလေးတွေပဲ မလား။ သူတို့ကျန်းမာနေရင်သူတို့ အလုပ်လုပ်နေမှန်းတောင် မသိပေမယ့် သူတို့ မကျန်းမာတဲ့အခါ တော်တော်ကြီးကိုမှ ခံရပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲနိုင်မှာလေ။ ဒီတော့ အူနာတဲ့ဝေဒနာခံစားနေရတဲ့သူတိုင်း ဘာတွေရှောင်စားရမလဲ။ အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    အူရောင်တယ်ဆိုတာ ဘာ့ကြောင့် ဖြစ်ရတာလဲ။

    အူရောင်တယ်ဆိုတာ အူအတွင်းထဲကို ရောဂါပိုးတွေဖြစ်တဲ့ ဗိုင်းရပ်တို့ ဘက်တီးရီးယားတို့ ဝင်ပြီး အူအတွင်းသားနံရံတွေ ရောင်တာကို ဆိုလိုတာပါ။ မသန့်တဲ့ အစားအစာတွေကနေ အများဆုံးဝင်တာဖြစ်ပြီး ဆေးမကုဘဲ သူ့ဘာသာ ပြန်ပျောက်သွားတတ်ပေမယ့် သေချာ အမြစ်မပြတ်တဲ့အခါ ထပ်ခါထပ်ခါပြန်ဖြစ်နေပြီး နာတာရှည်အူရောင်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။

    အူရောင်ခြင်းရဲ့ လက္ခဏာတွေကတော့

  • ပျို့အန်တာ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • အူကြီးတင်းပြီး လေပွသလိုဖြစ်နေတာ
  • ဗိုက်အောင့်ဗိုက်နာဖြစ်တာနဲ့
  • တစ်ရံတစ်ခါ ကိုယ်ပူတာတွေ ဖြစ်တတ်ပါတယ်။
  • ဒီ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကိုယ်စားသမျှကို ဒိုင်ခံ ခြေဖျက်ပေးနေတဲ့ အရာဆိုတော့ သူတို့ရောင်နေတဲ့အချိန် စားသင့်တာနဲ့ မစားသင့်တဲ့ အ စားအစာတွေကို ခွဲခြားသိပြီး သေချာလိုက်နာမှ အူလေးတွေ မြန်မြန်ကျန်းမာမှာပါ။

    အူရောင်တဲ့ ဝေဒနာခံစားနေရတဲ့သူတိုင်း ရှောင်စားသင့်တာတွေက

    • ပူစပ်တဲ့အစားအစာတွေ
    • ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြား ကဖင်းဓါတ်ပါတဲ့ အချိုရည်တွေ။
    • ဆော်ဒါပါတဲ့အချိုရည်တွေ၊ ကာဘွန်ထည့်ထားတဲ့ အချိုရည်တွေ
    • အက်ဆစ်ဓါတ်များတဲ့ သစ်သီးဖျော်ရည်တွေ
    • ဆီကြော် တွေနဲ့ အဆီများတဲ့ အစားအစာတွေ
    • သစ်သီးခြောက်တွေနဲ့ တာရှည်ခံအစားအစာတွေ
    • နို့နဲ့နို့ထွက်ပစ္စည်းတွေ
    • ချော့ကလက်နဲ့ သကြားလုံးတို့ပဲ ဖြစ်ပါတယ်။

    ခုပြောထားတဲ့ အစားအစာတွေ စားရင် အူနာတာနဲ့ လက္ခဏာတွေ ပိုဆိုးလာမှာဖြစ်တယ်။ ဒါ့ကြောင့် အူနာနေတဲ့ အချိန်အတွင်းမှာ ခုပြောထားတဲ့ အစားအစာတွေကို ခဏ ရှောင်ထားတာပိုကောင်းပါတယ်။

    နောက်ပြီး အစားစားရင် တစ်ခါတည်း အပြည့်စားတာထက် နည်းနည်းလေးစားပြီး အကြိမ်ရေများများခွဲစားတာပိုကောင်းပါတယ်။ စားတဲ့အစားတွေကလည်း ကိုယ်နဲ့ အဆင်ပြေ အူအတွက်လည်း အဆင်ပြေတဲ့ အစာအစာတွေဖြစ်ဖို့လိုပါသေးတယ်။

    အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ

    ကိုယ့်ရဲ့ အူနံရံလေးတွေ ရောင်နေတာဆိုတော့ ရောင်နေတဲ့ အူနံရံထပ်မဆိုးလာစေဖို့ ။ သွားသွားမဆွမိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ ကတော့

    • အူရောင် နေတဲ့အချိန်မှာ ဆန်ပြုတ်တို့ မြူစွမ်တို့လို အစာပျော့ပျော့တွေစားပါ။
    • နည်းနည်းပြန်ပြီးသက်သာလာတဲ့အချိန်ကျရင် ထမင်းစားလို့ရပါပြီ။
    • ထမင်းနည်းနည်းချင်းစီ ပြန်စစားပေးပါ။ ပေါင်မုန့်တို့ cracker တို့ စားပေးလည်းရပါတယ်။
    • နောက်ပြီး ငှက်ပျောသီးစားပေးလည်းရပါတယ်။ ဒါမှ ဝမ်းလျှောတုန်းက ထွက်သွားတဲ့ ပိုတက်ဆီယမ်ဓါတ်တွေကို ငှက်ပျောသီးက ပြန်ဖြည့်ပေးနိုင်မှာပါ။
    • အာလူးပြုတ်တို့ အရိုးပြုတ်ရည်တို့ဟာလည်း စားပေးသင့်တဲ့ အရာတွေပါပဲ။
    • ဝမ်းလျှောခဲ့ရင် ကုန်သွားတဲ့ ဓါတ်ဆားတွေ ပြန်ဖြည့်ဖို့ ဓါတ်ဆားရည့်တွေ သောက်ပေးပါ။ သကြားနဲ့ ကဖင်းဓါတ် တွေ အများကြီးမပါဖို့တော့ အရေးကြီးတာပေါ့။

    နောက်တစ်ခု သတိထားရမှာက ကိုယ့်စားတဲ့ အစားအစာတွေက သန့်ရှင်းဖို့၊ ပူစပ်တဲ့အစားအစာတွေ မဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement