အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်းကို အားပေးတဲ့ အစားအသောက် (၈) မျိုး

ဝမ်းချုပ် စေတတ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီထဲမှာ ရေ သိပ်မသောက်လို့ ၊ လှုပ်ရှားမှု နည်းလို့ ၊ အစာခြေစနစ် မကျန်းမာလို့၊ အူလမ်းကြောင်းလှုပ်ရှားမှုမမှန်လို့ ဆိုတာတွေ ပါဝင်တာပေါ့။ တချို့က ဝမ်းနှုတ်ဆေးကို သုံးတတ်ကြပေမယ့် ဝမ်းနှုတ်ဆေးဆိုတာ မကြာခဏ သုံးလို့ကောင်းတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒီတော့ သဘာဝအတိုင်းသာ ဝမ်းမှန်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ရေ ကို လုံလောက်အောင် သောက်ပါ၊ အသီးအနှံ၊ အသီးအရွက်တွေ မျှတအောင် စားပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ ဒါဆို လုံလောက်ပါတယ်။ ဒါပေမယ့် နေထိုင်မှုပုံစံကြောင့် ဖြစ်စေ ရောဂါအခံကြောင့် ဖြစ်စေ ဝမ်းချုပ်ခြင်း ဖြစ်လာတဲ့အခါ အထူးသဖြင့် ဒါတွေကို သတိထားစားသုံးဖို့ အကြံပြုပေးလိုက်ပါတယ်။ ဝမ်းချုပ်ခြင်းကို အားပေးတဲ့ အစားအသောက်တွေ ဝမ်းချုပ်ခြင်းကို အားပေးတဲ့ အစားအသောက်တွေကတော့ (၁) နို့ထွက်ပစ္စည်း မကြာခဏ ဝမ်းချုပ်တတ်တယ် […]


လိပ်ခေါင်းရောဂါများ

ရင်သွေးငယ်လေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်း

လိပ်ခေါင်း (Hemorrhoids) ဆိုတာ ဘာလဲ။ စအိုအတွင်းမှာ ရှိတဲ့ အညစ်အကြေး စွန့်ရာ လမ်းကြောင်း ရောင်ရမ်းခြင်းလို့ ဆိုနိုင်ပါတယ်။ လိပ်ခေါင်းမှာ အတွင်းလိပ် (Internal Hemorrhoids) နဲ့ အပြင်လိပ် (External Hemorrhoids) ဆိုပြီး ၂ မျိုး ရှိပါတယ်။ အတွင်းလိပ်ကတော့ စအိုအတွင်းမှာ ရောင်ရမ်းတာဖြစ်ပြီး အပြင်လိပ်ကတော့ စအိုထိပ် ပတ်လည်မှာ ရောင်ရမ်းနေတာပါ။ မကုသဘဲ ပစ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်ဆိုပေမယ့် ကုသပျောက်ကင်းဖို့လည်း လွယ်ကူတဲ့ ကျန်းမာရေး ပြဿနာထဲမှာ ပါပါတယ်။ ပုံမှန် ကျွန်တော်တို့ ဝမ်းသွားတဲ့အခါမှာ စအိုလမ်းကြောင်းတွင်းမှာ ရှိတဲ့ တစ်ရှူးတွေသည် သွေးများဖြင့် ပြည့်နှက်ကာ ဖောင်းကြွလာပါတယ်။ ဒီတစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ လမ်းကြောင်းဟာ ဝမ်းသွားရ ချောမွေ့စေဖို့ ကူညီထိန်းချုပ်ပေးပါတယ်။ လိပ်ခေါင်းဖြစ်နေတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။

ကျွန်ုပ်တို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ သန်လုံးကောင်၊ သန်ပြားကောင်၊ သန်ချိတ်ကောင် စတဲ့ သန်ကောင်တွေ အများကြီးရှိနေပါတယ်။ အကောင်အမျိုးအစားအပေါ် မူတည်ပြီး သန်ကောင် တွေဟာ ခန္ဓာကိုယ်ထဲကို အစာလမ်းကြောင်းက တစ်ဆင့် (သို့) အရေပြားတွေကတစ်ဆင့် ဖောက်ပြီး ဝင်လာနိုင်ပါတယ်။  ခန္ဓာကိုယ်ထဲရောက်လာတဲ့အခါ ကပ်ပါးကောင်တွေလိုမျိုး ကျွန်ုပ်တို့ စားသောက်ထားတဲ့ အာဟာရဓာတ်တွေကို စုပ်ယူစားသုံးပြီး ရှင်သန်ကြပါတယ်။ ဒီလို အာဟာရဓာတ်တွေကို စုပ်ယူရုံတင်မကဘဲ လူသားတွေကိုလည်း ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ရောဂါ အဖြစ်များတဲ့အတွက် သန်ကောင်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ထားဖို့ လိုပါတယ်။ သန်ကောင် တွေကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုး လက္ခဏာများ။ ၁။ ဗိုက်နာခြင်း။ ၂။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း။ ၃။ ပျို့အန်ခြင်း။ ၄။ ရင်ပြည့်သလို ခံစားရခြင်း။ ၅။ အကြောင်းမဲ့ ကိုယ်အလေးချိန်ကျလာခြင်း။ ၆။ အရေပြား ယားယံမှုဖြစ်ခြင်း။ ၇။ မောပန်းလွယ်ခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုကွဲခြင်း (Anal Fissure) အကြောင်း သိထားသင့်သမျှ

စအိုကွဲခြင်း (Anal Fissure) ဆိုတာ စအိုအတွင်း မစင်စွန့်ရာ လမ်းကြောင်းဟာ ပွန်းပဲ့ထိခိုက်ပြီး အက်ကွဲကြောင်း ဒဏ်ရာလို ဖြစ်သွားတာကို ဆိုလိုတာပါ။ ဝမ်းသွားစဉ်မှာ အလွန်အမင်း နာကျင်တာ၊ သွေးထွက်တာမျိုး ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ အချိန် ကြာလာတာနဲ့အမျှ စအို ကြွက်သားအတွင်းမှာ ရှိတဲ့ တစ်ရှူးတွေကို ဒဏ်ဖြစ်လာစေနိုင်တဲ့အထိ ဒဏ်ရာက ပြင်းထန်ပြီး နက်လာတတ်ပါတယ်။ ပုံမှန်အားဖြင့် စအိုကွဲတာသည် စိုးရိမ်စရာ ကောင်းတဲ့ ပြဿနာတစ်ခု မဟုတ်ပေမဲ့ သေချာ ကုသမှုခံယူဖို့ လိုအပ်သလို ဖြစ်နေချိန်မှာလည်း ဒဏ်ရာကို ဂရုစိုက်သင့်ပြီး မှန်ကန်စွာ စားသောက်နေထိုင်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရော လူကြီးတွေမှာပါ အကြောင်း အမျိုးမျိုးကြောင့် စအိုကွဲခြင်း ဖြစ်တတ်ပါတယ်။ စအိုကွဲခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်း • ဝမ်းမကြာခဏ ချုပ်တတ်ခြင်း • ဝမ်းအမာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာခြေလမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လိုကာကွယ်ကြမလဲ။

အစာခြေလမ်းကြောင်း ဆိုတာ ပါးစပ်၊ လည်မျို ကစ အစာအိမ်၊ အူနဲ့ စအို အဆုံး လမ်းကြောင်းတစ်လျှောက်ကို ခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစာခြေလမ်းကြောင်းမှာ အဖြစ်များတဲ့ peptic ulcer လေးအကြောင်းကို မျှဝေပေးသွားမှာပါ။ peptic ulcer မှာ အဓိကအားဖြင့် အစာအိမ်အနာဖြစ်ခြင်း (gastric ulcer) နဲ့ အူသိမ်ဦးပိုင်းအနာ ဖြစ်ခြင်း (Duodenal ulcer) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ အစာအိမ်အနာ နဲ့ အူသိမ်ဦးပိုင်းအနာတွေဟာ ကို ဖြစ်စေသော အကြောင်းအရင်းများ။ ဒီအစာခြေလမ်းကြောင်းအနာနှစ်မျိုးဟာ H.Pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အစာအိမ်နဲ့ အူနံရံတွေမှာ အစာခြေဖို့အတွက် ထုတ်လိုက်တဲ့ အက်ဆစ်တွေကို ကာကွယ်နိုင်ဖို့အတွက် ထူထဲတဲ့ mucous အလွှာလေးတွေရှိပါတယ်။ အဲဒီအလွှာလေးတွေက ပါးသွားပြီး မကာကွယ်နိုင်တော့တဲ့အခါ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူလမ်းကြောင်းဘက်တီးရီးယားများကို အထောက်အပံ့ဖြစ်စေမည့် နည်လမ်းများ

လူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိပြီး အများစုဟာ အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ သူတို့ဟာ လူသားတို့ကျန်းမာရေးကို များစွာ အကျိုးသက်ရောက်ပါတယ်။ တချို့ကတော့ ရောဂါဖြစ်စေတတ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပေါင်းများစွာလည်း အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ စိတ်ဝင်စားစရာတစ်ချက်ကတော့ သင်စားလိုက်တဲ့ အစားအစာများဟာလည်း အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိတယ် ဆိုတာပါပဲ။ ၁။ အမျိုးမျိုးသော အစားအစာများ စားသုံးပါ အူလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားများဟာ အမျိုးပေါင်းရာချီပါတယ်။ တစ်မျိုးစီဟာ ကျန်းမာရေးအတွက် ကိုယ်စီအရေးပါပြီး မတူညီတဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် အစားအစာမျိုးစုံကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆီဓာတ်၊ သကြားဓာတ်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ် စတာတွေကို သူ့အချိုးအဆနဲ့သူ မျှတစွာ စားသုံးသင့်ပါတယ်။ ၂။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် သစ်သီးများစွာ စားသုံးပေးပါ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များဟာ အူလမ်းကြောင်းဘက်တီးရီးယားတွေအတွက် အကောင်းဆုံးသော အာဟာရရင်းမြစ်တွေ ဖြစ်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သဘာဝအလျောက် အစာခြေအင်ဇိုင်းပါဝင်သော အသီးအနှံများ

လူသားတို့ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေကို ချေဖျက်နိုင်ဖို့ ကိုယ်တွင်းအင်္ဂါများဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ပါတယ်။ စားသောက်လိုက်တဲ့ အစာတွေနဲ့အရည်တွေကို ချေဖျက်ပြီး ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင် စတာတွေအဖြစ် ခွဲထုတ်လိုက်ပါတယ်။ အဆိုပါ အာဟာရဓာတ်များကို အူလမ်းကြောင်းတစ်လျှောက်ကနေ စုပ်ယူပြီး သွေးထဲကို ရောက်သွားစေပါတယ်။ သွေးကတဆင့် ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်ပေးပါတယ်။ အဆိုပါလုပ်ငန်းစဉ်အတွက် အစာခြေအင်ဇိုင်းတွေကို လိုအပ်ပါတယ်။ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် မော်လီကျူးများကို ပိုမိုသေးငယ်အောင် ခွဲထုတ်ပြီး စုပ်ယူရလွယ်ကူစေပါတယ်။ အဓိကအင်ဇိုင်းတွေကတော့ - Protease အင်ဇိုင်း။ ပရိုတိန်းကို ပက်တိုဒ်နဲ့ အမိုင်နိုအက်ဆစ်အဖြစ် ဖြိုခွဲပေးပါတယ်။ - Lipase အင်ဇိုင်း။ အဆီဓာတ်ကို ဖက်တီးအက်ဆစ်အနေနဲ့ ဖြိုခွဲပေးပါတယ်။ - Amylase အင်ဇိုင်း။ ကာဘိုဟိုက်ဒရိတ်ကို ပိုမိုသေးငယ်အောင် ဖြိုခွဲပေးပါတယ်။ Lactase၊ maltase နဲ့ sucrose စတဲ့ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား

အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား ... တစ်ခုခုစားပြီးချိန်မှာ အစာရေမြိုတဝိုက်မှာ ပူလောင်တဲ့ ခံစားမှုကို တွေ့ကြုံဖူးပါလိမ့်မယ်။ အဆိုပါပြဿနာဟာ အစာအိမ်ထဲမှာ အပူဓာတ်များပြီး အစာရေမျိုကို လျှံတက်ပြီး လည်ချောင်းဝအထိ ရောက်လာလို့ ဖြစ်ပါတယ်။ အစာရေမျိုအဝမှာ အပေါက်ကိုပိတ်ပေးတဲ့ ပတ်လည်ကြွက်သားဟာ အပြည့်မပိတ်နိုင်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေ လျှံတက်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ လူတိုင်းလိုလိုကြုံဖူးတဲ့ ပြဿနာဖြစ်ပြီး နေရထိုင်ရခက်လောက်အောင် ကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် နေ့စဉ်လိုလိုကြုံတွေ့ရပါတယ်။ သာမန်လူတွေရဲ့ သုံးပုံတပုံခန့်ဟာလည်း ဒီပြဿနာကို လစဉ်လိုလိုကြုံရတတ်ကြောင်း စစ်တမ်းများအရ သိရပါတယ်။ အစာခြေရည်ပြန်လျှံတက်ခြင်းကြောင့် အစာရေမြိုကို ထိခိုက်ပျက်စီးစေမယ် ဆိုရင်တော့ နောင်အမြဲလိုလို ကြုံသွားရတတ်ပါတယ်။ အစားအစာတချို့ဟာ အစာချေရည်ပြန်လျှံတက်ခြင်းကို ပိုဖြစ်စေတတ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်များဟာ အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ခိုင်းတတ်ကြပါတယ်။ ဒီအထဲမှာ နာနတ်သီးလည်း ပါတတ်ပါတယ်။ ဒါပေမယ့် နာနတ်သီးကို […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။

အသည်းရောင်အသားဝါ ရောဂါဆိုတာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပြီး အသည်းခြောက်၊ အသည်းကင်ဆာ အထိ ဖြစ်စေနိုင်တဲ့အတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိက အားဖြင့်တော့ အသည်းရောင် အသားဝါ ပိုး ၅ မျိုး ( A,B,C,D,E ) ကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ အသည်းရောင်အသားဝါ A ပိုး။ အသည်းရောင်အသားဝါ A ပိုးဟာ ပိုးပါတဲ့ အစားအစာ၊ ရေတွေကို စားသောက်မိခြင်း၊ လိင်မှတဆင့် ကူးစက်ခြင်း၊ ရောဂါရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ A ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ များသောအားဖြင့် သိပ်မပြင်းထန်ပဲ ပြန်လည်ကောင်းမွန်နိုင်ခြေ များပါတယ်။ ၂။ အသည်းရောင် အသားဝါ B ပိုး။ အသည်းရောင်အသားဝါ Bပိုး ဟာ […]


အသည်းရောဂါများ

အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။

ဒီနေ့ဆောင်းပါးလေးမှာကတော့ Bပိုး မဖြစ်အောင်၊ အထူးသဖြင့် အတူနေ အိမ်သားတစ်ယောက်ယောက်မှာ Bပိုး ရှိနေတဲ့အခါ မကူးအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ ဆိုတာလေးကို အဓိက မျှဝေပေးချင်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးဆိုတာ အသည်းကိုထိခိုက်စေနိုင်တဲ့ အသည်းရောင်ရောဂါကို ဖြစ်စေတဲ့ ပိုးတစ်မျိုးဖြစ်ပြီး Bပိုး ကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ကုသလို့ပျောက်နိုင်သေးပါဘူး။ နောက်ဆက်တွဲ အနေနဲ့ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။ မပြန့်ပွားအောင် ကူးစက်မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ မပြောပြခင်မှာ အရင်ဆုံး ဘယ်လို လူတွေမှာ Bပိုး ကူးစက်ခံရနိုင်ခြေများတယ် ဆိုတာလေး နည်းနည်း မျှဝေပေးချင်ပါတယ်။ ၁။ မကြာခဏ သွေးသွင်းကုသမှုခံယူရသူများ။ ၂။ လိင်ဆက်ဆံဖော်များသူများ၊ ရောဂါရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှု ရှိသူများ။ ၃။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း