– ပဲကြီး စတာတွေ ဖြစ်ပါတယ်။
အစားအစာများကို အချဉ်ဖောက်ရာမှာ ဘက်တီးရီးယားနဲ့ တစေးကို အသုံးပြုပြီး အစားအစာထဲမှာပါတဲ့ သကြားဓာတ်ကို အော်ဂဲနစ်နဲ့ အယ်လ်ကိုဟောအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့်
– ဒိန်ချဉ်
– ကင်ချီ
– ဂေါ်ဖီချဉ်
– နို့ချဉ် စတာတွေ ဖြစ်ပါတယ်။
အဆိုပါအစားအစာတွေမှာ lactobacilli ဆိုတဲ့ ဘက်တီးရီးယားတမျိုးပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ အဆိုပါ အကျိုးပြုဘက်တီးရီးယားတွေများလာရင် အူလမ်းကြောင်းမှာဖြစ်တဲ့ ပြဿနာတချို့ကို လျော့ကျသွားစေပါတယ်။ ဒိန်ချဉ်ဟာဆိုရင်လည်း အူလမ်းကြောင်း မငြိမ်မသက်ဖြစ်တဲ့ ရောဂါကို သက်သာစေကြောင်း သိရပါတယ်။
၄။ ဓာတုဗေဒ ဆေးသကြားများ လျှော့စားပါ
သဘာဝသကြားကို အစားထိုးဖို့ ဆေးသကြားတွေ အစားထိုးသုံးလာကြပါတယ်။ တကယ်တော့ ဓာတုဗေဒဆေးသကြားများဟာ အူလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိနိုင်ဖို့ ပိုမိုခက်ခဲစေပါတယ်။
၅။ ကလေးများကို အသက်ခြောက်လအထိ မိခင်နို့တိုက်ပါ
ကလေးများရဲ့ကိုယ်ထဲက အကျိုးပြုဘက်တီးရီးယားများဟာ မွေးကင်းစကတည်းက စတင်ဖွံ့ဖြိုးလာပါတယ်။ အသက်နှစ်နှစ်အတွင်း Bifidobacteria လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားများ ပွားများလာပြီး မိခင်နို့ထဲက သကြားကို ချေဖျက်ပေးပါတယ်။ ဒါ့အပြင် အသက်ခြောက်လအထိ မိခင်နို့ကိုပဲ သောက်သုံးခြင်းအားဖြင့် အကျိုးပြုဘက်တီးရီးယားတွေ ပိုမိုပွားများလာစေပြီး ရောဂါမျိုးစုံကို ကာကွယ်နိုင်ဖို့ ကိုယ်ခံစွမ်းအား မြင့်တက်လာစေပါတယ်။
၆။ ပိုလီဖီနောကြွယ်ဝသော အစားအစာများ စားသုံးပါ
ပိုလီဖီနောဟာ အပင်များမှာပါဝင်တဲ့ ဒြပ်ပေါင်းတမျိုးဖြစ်ပြီး သွေးတိုးကျစေခြင်း၊ ရောင်ရမ်းမှုကျစေခြင်း၊ ကိုလက်စထရောနှင့် ဓာတ်တိုးခြင်းဖြစ်စဉ်ကြောင့် ကိုယ်ခန္ဓာဖိစီးမှုများဖြစ်ပေါ်ခြင်းကို ကျဆင်းစေပါတယ်။ ပိုလီဖီနောကို လူ့ခန္ဓာကိုယ်ဆဲလ်များမှ မချေဖျက်နိုင်ပါဘူး။ အဲဒီအစား သူတို့ကို အူလမ်းကြောင်း ဘက်တီးရီးယားများက ချေဖျက်ပေးပါတယ်။ ပေါ်လီဖီနော်ကြွယ်ဝတဲ့ အစားအစာတွေကတော့
– ကိုကိုးနှင့် ချောကလက်ညို
– ဝိုင်နီ
– စပျစ်သီးခွံ
– Green tea
– ကြက်သွန်နီ
– ဘလူးဘယ်ရီ
– ပန်းပွင့်စိမ်း စတာတွေ ဖြစ်ပါတယ်။
ကိုကိုးနဲ့ချောကလက်ညိုမှာပါဝင်တဲ့ ပိုလီဖီနောဟာ Bifidobacteria နဲ့ lactobacilli တို့ရဲ့ အရေအတွက်ကို တိုးတက်စေပြီး Clostridia ရောဂါပိုးရဲ့ အရေအတွက်ကို လျော့နည်းစေပါတယ်။
၇။ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာများ စားသုံးပါ
ပရိုဘိုင်အိုတစ်ဟာလည်း အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ သူတို့ဟာ အူလမ်းကြောင်းမှာ အမြဲမနေနိုင်ပါဘူး။ ဒါပေမယ့် အူလမ်းကြောင်းက ဘက်တီးရီးယားတွေအားလုံးရဲ့ ဖွဲ့စည်းဖြစ်ပေါ်ပုံကို ပြောင်းလဲပစ်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေပါတယ်။ ပရိုဘိုင်အိုတစ်ဟာ နေကောင်းကျန်းမာတဲ့သူတွေအတွက် သိပ်မသိသာပါဘူး။ ဒါပေမယ့် နေထိုင်မကောင်းသူတွေ သုံးစွဲရင်တော့ သိသာပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။