• စအိုပတ်လည်မှာ မျက်စိနဲ့ မြင်သာလောက်တဲ့ အက်ကွဲကြောင်း၊ ရှရာလိုမျိုး ဒဏ်ရာ တွေ့ရခြင်း
• ရှနေတဲ့ ဒဏ်ရာနားမှာ အရေပြား အစုလိုက် ဖြစ်နေခြင်း
• ဝမ်းသွားနေစဉ် စပ်ဖျဉ်းဖျဉ်း နာကျင်မှု ဝေဒနာကို ခံစားရခြင်း
• သွေးဝမ်းသွားခြင်း
• ဝမ်းသွားပြီးနောက်ပိုင်းမှာလည်း မိနစ်ပိုင်းမှ နာရီပိုင်းထိ နာကျင်မှု ဝေဒနာ ခံစားရခြင်း
• ဒဏ်ရာ ပတ်လည်မှာ ပူစပ်ပူလောင် သို့မဟုတ် ယားယံနေသလို ခံစားရခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ဘယ်လို ကုသမလဲ။
ဆရာဝန်နဲ့ စောစော သွားပြပြီး ရောဂါကို ကုသမှုခံယူနိုင်ရင် ပျောက်ဖို့လည်း အရမ်းမြန်သလို ဝေဒနာကိုလည်း အရမ်းခံစားရမှာ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ဆရာဝန်နဲ့ ပြတဲ့အခါ လူနာရဲ့ စအိုပတ်လည်၊ အတွင်းလမ်းကြောင်းနဲ့ ဒဏ်ရာတွေကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ လူနာတွင် လိပ်ခေါင်းရောဂါ ရှိ၊ မရှိကိုပါ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ စအိုကွဲတာ သေချာတယ်လို့ ဆရာဝန်အနေနဲ့ သတ်မှတ်လိုက်တယ်ဆိုရင် လိုအပ်တဲ့ ကုသမှုအနေနဲ့ စအိုဒဏ်ရာအတွက် လိမ်းဆေး၊ ဘိုတောက်စ် (Botox) ဆေး ထိုးသွင်းခြင်း စတာတွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။
အိမ်တွင်း ကုထုံးအနေနဲ့ လုပ်ပေးနိုင်တာတွေကတော့
၁။ ဝမ်းပျော့ဆေး သောက်ပေးခြင်း
၂။ အရည်၊ သစ်သီးဖျော်ရည်၊ ရေများများ သောက်ခြင်း
၃။ အမျှင်ဓာတ် ပါတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို များများ စားပေးခြင်း
၄။ ရေအေးနဲ့ ရေချိုးပေးခြင်း၊ သို့မဟုတ် ရေစိမ်ခြင်း
၅။ စအိုကို သန့်ရှင်းအောင် ထားခြင်း
၆။ လိုအပ်တဲ့ လိမ်းဆေးတွေကို နေ့စဉ် အချိန်မှန် လိမ်းပေးခြင်း စတဲ့ နည်းလမ်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
ဒီကြားထဲမှာ တတ်နိုင်သလောက် စအိုဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ တစ်ခါဖြစ်ပြီးလို့ ပျောက်သွားရင်တောင် နောက်တစ်ကြိမ် ထပ်ဖြစ်ဖို့ အရမ်းလွယ်ကူတဲ့အတွက် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့
• စအိုနေရာကို သန့်ရှင်းပြီး ခြောက်သွေ့အောင် ထားထားခြင်း
• ရေကို တစ်နေ့ ၃လီတာခန့် သောက်ပေးခြင်း
• အမျှင်ဓာတ်ကို များများ စားသုံးပေးခြင်း
• ဝမ်းပျက်ဝမ်းလျှော၊ သို့မဟုတ် ဝမ်းချုပ်တာမျိုး မဖြစ်အောင် နေထိုင်ခြင်း စတာတွေကို လုပ်ပေးနိုင်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။