ဒီနေ့ဆောင်းပါးလေးမှာကတော့ Bပိုး မဖြစ်အောင်၊ အထူးသဖြင့် အတူနေ အိမ်သားတစ်ယောက်ယောက်မှာ Bပိုး ရှိနေတဲ့အခါ မကူးအောင် ဘယ်လို ဂရုစိုက်နေထိုင်ကြမလဲ ဆိုတာလေးကို အဓိက မျှဝေပေးချင်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးဆိုတာ အသည်းကိုထိခိုက်စေနိုင်တဲ့ အသည်းရောင်ရောဂါကို ဖြစ်စေတဲ့ ပိုးတစ်မျိုးဖြစ်ပြီး Bပိုး ကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါဟာ ကုသလို့ပျောက်နိုင်သေးပါဘူး။ နောက်ဆက်တွဲ အနေနဲ့ အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။