သတိပြုရန်အချက်များ
သင့်မှာ အစာခြေရည် ပြန်လျှံတက်ပြီး ရင်ပူနေတဲ့ပြဿနာ ရှိနေမယ်ဆိုရင် နာနတ်သီးကို ရှောင်ဖို့ ဆရာဝန်တချို့က အကြံပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် နာနတ်သီးဟာ အက်ဆစ်ဓာတ်ကဲတယ်လို့ ယူဆလို့ဖြစ်ပါတယ်။
များသောအားဖြင့် အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေဟာ အက်ဆစ်ဓာတ်များတဲ့အတွက် အစာမကြေရင်ပူခြင်းကို ပိုဖြစ်စေပါတယ်။ (အက်ဆစ်ဓာတ်နည်းတဲ့ အသီးအနှံတွေဟာ ငှက်ပျောသီး၊ ဖရဲသီး စတာတွေ ဖြစ်ပါတယ်) တကယ်လို့သင့်မှာ အစာအိမ်အနာဖြစ်မနေဘူးဆိုရင် နာနတ်သီးကို စိတ်ချလက်ချ စားနိုင်ပါတယ်။
အစာမကြေရင်ပူပြီး လေချဉ်တက်ခဲ့ရင် ဆရာဝန်ညွှန်းစာမလိုဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အစာအိမ်လေဆေးတွေရှိပါတယ်။ ဒါဟာ ပထမအဆင့် ကုသမှုဖြစ်ပါတယ်။ လေဆေးတွေနဲ့ မသက်သာရင် ဆရာဝန်ပြသသင့်ပါတယ်။ အစာမကြေလေပူထခြင်းကို သက်သာစေတဲ့ နေထိုင်မှုပုံစံတွေ ရှိပါတယ်။ ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်း၊ နည်းနည်းစီခွဲစားခြင်း၊ ညဖက်အိပ်ရာဝင်ခါနီး သရေစာများရှောင်ခြင်း၊ အပူအစပ်လျှော့စားခြင်း စတာတွေ ဖြစ်ပါတယ်။
နာနတ်သီးဟာ အက်ဆစ်ဓာတ်ကဲတာကြောင့် အစာမကြေ ရင်ပူတတ်သူများမှာ သတိထားသင့်တယ်ဆိုပေမယ့် တခြားအာဟာရဓာတ်တွေလည်း များစွာပါဝင်နေပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ချင့်ချိန်စားသုံးနိုင်ပါတယ်။ အစာအိမ်အနာဖြစ်နေရင်တော့ ရှောင်သင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။