အလွန်အမင်းပြင်းထန်လွန်းရင် အပြင်းအထန် ဝမ်းချုပ်တာ၊ အော်ဂလီဆန်တာ၊ မူးဝေအော့အန်တာ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။
နောက်ပြီးသိထားသင့်တာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောဝေဒနာတွေနဲ့ အစာမှားတာကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝေဒနာတွေကို Antibiotics တွေက သက်သာအောင် မလုပ်ပေးနိုင်ဘူးဆိုတာပါပဲ။ ဘက်တီးရီးယားတွေ၊ ပါရာဆိုက်တွေကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝေဒနာကိုသာ Antibiotics(ပဋိဇီဝဆေး) တွေနဲ့ ကုသနိုင်တာပါ။
ဒါကြောင့် ကိုယ့်ရဲ့ဝေဒနာက ဘာကြောင့်ဆိုတာကို သေချာသိအောင် အရင်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဝမ်းပျက်နေချိန်မှာ Antibiotics(ပဋိဇီဝဆေး) တွေကို ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်သုံးရပါမယ်။
မလိုအပ်ဘဲ ပိုးသတ်ဆေး သုံးမိရင် နောက်ဆက်တွဲအနေနဲ့
- အနာတခြား ဆေးတခြား ဖြစ်ပြီး မသက်သာတာ
- ဆေးယဉ်ပါးတာ
- ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာ စတာတွေ ဖြစ်တတ်ပါတယ်။
မလိုဘဲသုံးတော့ မသက်သာတဲ့အပြင် ဆိုးကျိုးတောင် ခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် မသောက်ဘဲ ဆရာဝန်ပြဖို့လိုတာဖြစ်ပါတယ်။
တခြားနည်းလမ်းတွေ
တခြားတစ်ဖက်မှာလည်း ဝမ်းလျှောတာက သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာတင် သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။
အောက်ပါနည်းလမ်းတွေဟာ ဝမ်းလျှောတာကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
ဒီနည်းလမ်းတွေဟာ ဝမ်းပျက်ဝေဒနာခံစားနေရသူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။