ဗိုက်ထဲက ရစ်ရစ်ပြီးနာတယ်၊ ဝမ်းသွားနေတာ ခဏခဏပဲ။ ဝမ်းကလည်း သွားလိုက်တိုင်း အရည်တွေ ဖြစ်နေတယ်။ ခြေလက်တွေတောင် မသယ်ချင်တော့ဘူး။ အာခေါင်တွေပါ ခြောက်လာတယ်ဆိုရင်တော့ သင်ဝမ်းလျှောနေပါပြီ။
ဗိုက်ထဲက ရစ်ရစ်ပြီးနာတယ်၊ ဝမ်းသွားနေတာ ခဏခဏပဲ။ ဝမ်းကလည်း သွားလိုက်တိုင်း အရည်တွေ ဖြစ်နေတယ်။ ခြေလက်တွေတောင် မသယ်ချင်တော့ဘူး။ အာခေါင်တွေပါ ခြောက်လာတယ်ဆိုရင်တော့ သင်ဝမ်းလျှောနေပါပြီ။
ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားတာပါ။ ဝမ်းလျှောနေပြီဆိုရင် တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက် သွားတာမျိုး ခံစားရနိုင်ပါတယ်။
ဝမ်းလျှောတာက လူတော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေး ကိစ္စ တစ်ရပ်ပါ။ ကံကောင်းတာ တစ်ချက်က သာမန် ဝမ်းလျှောတာက ၂ ရက် ကနေ ၃ ရက်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
တကယ်လို့ ဝမ်းလျှောတာက ၃ ရက်နဲ့အထက် ကြာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဝမ်းလျှောတာက ၄ ပတ်ထက်မနည်း ကြာနေပြီဆိုရင်တော့ နာတာရှည် ရောဂါတစ်ခုခုရဲ့ လက္ခဏာပါ။ သေချာ ကုသမှု ခံယူဖို့ လိုပါမယ်။
ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက တော်တော်လေး များပါတယ်။
တစ်ခါတလေမှာ အကြောင်းအရင်း တိတိပပ ရှာမရဘဲ ဝမ်းလျှောတာမျိုး၊ အစာအိမ်ခွဲစိတ်ကုသမှု ခံယူထားတာကြောင့် ဝမ်းလျှောတာမျိုလည်း ခံစားရနိုင်ပါတယ်။
ဝမ်းလျှောနေပြီဆိုရင်
တကယ်လို့ ဝမ်းသွားတာနဲ့အတူ ကိုယ်ပူမယ်၊ ချမ်းတုန်မယ်၊ သွေးစပါမယ်ဆိုရင် ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောမှုပြဿနာကို ခံစားနေရတာပါ။
ဝမ်းလျှောတာက ပြင်းထန်ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် မဟုတ်ဘူးဆိုရင်
ဝမ်းလျှောတဲ့အခါမှာ အူလမ်းကြောင်းထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေလည်း ဆုံးရှုံးသွားတတ်ပါတယ်။ အူလမ်းကြောင်းထဲမှာရှိတဲ့ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) တွေက အူလမ်းကြောင်းပုံမှန်အတိုင်း အလုပ်လုပ်နိုင်ဖို့၊ အာဟာရဓာတ်တွေစုပ်ယူနိုင်ဖို့နဲ့ ကိုယ်ခံအားကောင်းဖို့အတွက် အရေးကြီးပါတယ်။ အခုလိုဝမ်းလျှောသွားတဲ့အချိန်မှာ ဆုံးရှုံးသွားတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဆေးတစ်ခုခုသောက်သင့်ပါတယ်။
ဝမ်းလျှောတာက တကယ်လို့ အခုလို အခြေအနေဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုပါမယ်။
ဝမ်းလျှောတာက ကာကွယ်လို့ ရပါတယ်။
ဝမ်းလျှောတာက ကာကွယ်လို့ ရတဲ့ရောဂါ တစ်ရပ်ဖြစ်သလို သတိမထားမိရင် အသက်ဆုံးရှုံးနိုင်တာကြောင့် ကိုယ်တိုင်ကိုရော မိသားစုကိုပါ ဝမ်းလျှောနိုင်မယ့် အခြေအနေတွေကနေ ကာကွယ်ပေးလိုက်ကြပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။