– ကြက်သွန်ဖြူ စတာတွေ ဖြစ်ပါတယ်။
အဆိုပါ အစားအစာများဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေတာကြောင့် အစာအိမ်ရောဂါပိုးကို နိုင်နင်းပါတယ်။ အစာအိမ်ကင်ဆာအဆင့် မရောက်အောင်လည်း ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ဒီထဲက တချို့အစားအစာတွေကတော့ ရင်ပူစေတာကြောင့် တော်သင့်ရုံပဲ စားဖို့လိုပါတယ်။
အစာအိမ်အနာကို ပဋိဇီဝဆေးများနဲ့ ကုသနေချိန်မှာ အကျိုးပြုဘက်တီးရီးယား (Probiotics) များကိုလည်း စားသုံးပေးနိုင်ပါတယ်။ ပဋိဇီဝဆေးများကို ပိုမိုထိရောက်စေတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် Lactobacillus, Bifidobacterium နဲ့ Saccharomyces စတာတွေဟာ H Pylori ပိုးကြောင့် အစာအိမ်အနာဖြစ်သူတွေ ရောဂါကုသရာမှာ အကျိုးရှိပါတယ်။
သတိပြုရမယ့်အချက်ကတော့ အစာအိမ်အနာ ဆိုးရွားတဲ့ အခြေအနေမှာ အရည်သောက်ပဲ စားသောက်ရတဲ့ အခြေအနေရှိနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ စားသောက်မှုပုံစံကို အဓိကလိုက်နာရမှာ ဖြစ်ပါတယ်။
ရှောင်ကြဉ်သင့်သည်များ
အစာအိမ်အနာဖြစ်သူတွေမှာ အစာချေရည် ပြန်ဆန်တက်ခြင်း ရှိနိုင်ပါတယ်။ လူတချို့ရဲ့ အစာရေမျိုအောက်ပိုင်းကြွက်သားဟာ အားလျော့တတ်ပါတယ်။ အဲဒီအခါ အစာအိမ်ထဲက အစာချေရည်တွေ ပြန်ဆန်တက်လာလို့ ရင်ပူခြင်း၊ အစာမကြေခြင်း၊ နာကျင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
အစာခြေရည် ပြန်ဆန်တက်ခြင်းကို ပိုဆိုးစေတတ်တဲ့ အစားအသောက်တွေကတော့
– ကော်ဖီနှင့် ကဖိန်း
– ချောကလက်
– အပူအစပ်များသော စားစရာများ
– အရက်
– အချဉ်ဓာတ်များသော စားစရာများ (ဥပမာ သံပုရာသီး၊ ခရမ်းချဉ်သီး) စတာတွေ ဖြစ်ပါတယ်။
အစာအိမ်အနာ ဖြစ်သူများ၊ အစာအိမ်အောင့်သူများအနေနဲ့ အဆိုပါ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
……………………………
အစာအိမ်အနာ ဖြစ်တဲ့အခါ ဆေးရုံဆေးခန်းပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။ ထိရောက်စွာ မကုသဘဲထားရင် အစာအိမ်သွေးယိုခြင်း၊ အစာအိမ်ကင်ဆာ စတဲ့ အခြအနေတွေထိ ဆိုးရွားသွားနိုင်ပါတယ်။ အစာအိမ်အနာကုသရာမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို သေချာစွာ လိုက်နာဖို့ လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။