လေလည် တာကို နည်းအောင် ဘယ်လိုနည်းလမ်းတွေ အသုံးပြုကြမလဲ။
လေလည်ခြင်းဟာ သဘာဝဖြစ်စဉ်ဖြစ်ပြီး ရှောင်လွှဲလို့မရပေမယ့် လေလည်တဲ့ အကြိမ်အရေအတွက်ကို လျော့နည်းအောင်တော့ ဂရုစိုက်နိုင်ပါတယ်။ လေလည်တာဟာ အစာခြေလမ်းကြောင်းထဲမှာ gas တွေ စုပုံလာတာကြောင့် ဖြစ်တဲ့အတွက် လေလည်တာကို လျော့နည်းချင်တယ်ဆိုရင်တော့ gas တွေအများကြီးဖြစ်မလာအောင် စားသောက်နေထိုင်ဖို့ လိုအပ်ပါတယ်။
၁။ အစားအစာကို မျှတအောင်စားပါ။
အဆီများတဲ့ အစားအစာတွေ၊ ပရိုတင်းဓာတ်အရမ်းများတာတွေကို အများကြီး စားမယ်ဆိုရင် အဲဒီအစားအစာတွေကို ခြေဖျက်ဖို့ အချိန်ပိုပြီးကြာတာကြောင့် gas တွေလည်း ပိုထွက်နိုင်ပါတယ်။ ဒါ့ကြောင့် fatty and high-protein diet ကို အများကြီး မစားပါနဲ့။ ဒါ့အပြင် gas တွေပါတဲ့ cola, sprite စတဲ့ carbonated drink တွေ၊ beer တွေ၊ အချိုတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း gas တွေကို ပိုပြီးဖြစ်စေပါတယ်။
၂။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်းစားပါ။
အစာစားတဲ့အခါ မြန်မြန်စားမယ်ဆိုရင် လေတွေကို ပိုပြီးမျိုချမိသလို ဖြစ်တဲ့အတွက် ဖြည်ဖြည်းချင်း ကျေညက်အောင်ဝါးစားသင့်ပါတယ်။ ဒါ့အပြင် တစ်ပြိုင်နက်တည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ နဲ့ မကြာခဏ စားပေးတာက အစာခြေလမ်းကြောင်းကိုလည်း သက်သာစေပြီး gas တွေထွက်တာ လျော့နည်းစေနိုင်ပါတယ်။
၃။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးတာဟာ gas တွေကို ထိန်းညှိပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကို ရော၊ စိတ်ခံစားချက်တွေကိုပါ အထောက်အကူဖြစ်စေပါတယ်။
ကျန်းမာကြပါစေ။
ရေးသားသူ – Khine Phoo Ngon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။