ဦးနှောက်ကိုယ်တိုင်မှအကျိတ်ဖြစ်ခြင်းဟာ တခြားနေရာမှကင်ဆာဆဲလ်တွေပျံ့လာတာလောက် အဖြစ်မများပါဘူး။
ဖြစ်နိုင်ခြေများ
ဦးနှောက်အကျိတ် (Brain Tumors) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဦးနှောက်အကျိတ်ဖြစ်ခြင်းကိုအားပေးသောအချက်များ
- အသက်အရွယ်- အသက်ကြီးလေလေ၊ ဦးနှောက်အကျိတ်ဖြစ်နိုင်ချေများလေလေဖြစ်တယ်။ ဒါပေမယ့် အသက်အရွယ်မရွေးဖြစ်နိုင်ချေရှိပါတယ်။
- ဓါတ်ရောင်ခြည်ထိတွေ့ခြင်း – ကင်ဆာကုသရန်သုံးသောဓါတ်ရောင်ခြည်များ၊ သို့ ဗုံးများတွင်သုံးတတ်သော ဓါတ်ရောင်ခြည်များနှင့် ထိတွေ့ဖူးပါက ဦးနှောက်အကျိတ်ကင်ဆာဖြစ်နိုင်ချေ များပါတယ်။
- မိသားစုရာဇဝင် – မိသားစုတွင်ဦးနှောက်အကျိတ်ကင်ဆာရှိဖူးပါက သို့ မျိုးရိုးလိုက်ရောဂါတစ်မျိုးမျိုးရှိပါက ဦးနှောက်အကျိတ်ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကနည်းပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဦးနှောက်အကျိတ်ကို ဘယ်လိုအတည်ပြုပါသလဲ
ခံစားရသောလက္ခဏာများ၊ မိသားစုဆိုင်ရာ ရာဇဝင်များ လိုအပ်သည်များကိုမေးမြန်းပြီး အာရုံကြောဆိုင်ရာ စမ်းသပ်မှုများအပါအဝင် စစ်ဆေးစမ်းသပ်မှုများလုပ်ခြင်းဖြင့် ဦးနှောက်အကျိတ်ကင်ဆာကို ရှာဖွေသိရှိနိုင်ပါတယ်။
တခါတရံမှာတော့ တခြားသောစစ်ဆေးမှုတွေလုပ်ရနိုင်တယ်။ စတီစကမ်၊ အမ်အာအိုင်ကဲ့သို့ ပုံရိပ်ရိုက်ကူးမှုများနှင့် ဦးနှောက်အသေးစိတ်ပုံရိပ်ရိုက်ကူးကြည့်နိုင်ပါတယ်။ သွေးပြန်ကြောထဲ ဆိုးဆေးထိုးပြီး ပုံမှန်မဟုတ်သော အကျိတ်များ၊ ပုံမှန်မဟုတ်သောသွေးကြောများကို X-rays ရိုက်ကူးကြည့်သည့် angiogram နည်းဖြင့်လည်း စစ်ဆေးရနိုင်ပါတယ်။
ဖြစ်ပေါ်နေသောအကျိတ်မှာ ကင်ဆာဟုတ်မဟုတ်သိရရန် အသားစစစ်ဆေးမှုလည်းလိုအပ်နိုင်ပါတယ်။ ကုသမှုမတိုင်ခင် ဦးခေါင်းခွံတွင် အပေါက်ငယ်လေးမှတဆင့် အပ်ထိုးပြီး လိုအပ်သောအသားစယူကာ ဓါတ်ခွဲခန်းတွင်စစ်ဆေးခြင်းဖြစ်တယ်။
ဦးနှောက်အကျိတ်ကို ဘယ်လိုကုသပါသလဲ
များသောအားဖြင့်ခွဲစိတ်ဖယ်ထုတ်ရတတ်ပါတယ်။ ခွဲစိတ်ရန် အဆင်မပြေသောနေရာတွင် အကျိတ်ရှိနေပါက ဓါတ်ရောင်ခြည်နည်း သို့ ဆေးသွင်းသောနည်းဖြင့် ကင်ဆာကျိတ်ကိုသေးသွားစေသောနည်း သုံးတတ်ပါတယ်။ ခွဲစိတ်ပြီးသောအခါမှာလည်း ကျန်ရှိနေသော ကင်ဆာဆဲလ်များကိုဖယ်ပစ်ရန် နည်းနှစ်နည်းသုံးတတ်ပါတယ်။
တကယ်လို့အကျိတ်က ဦးနှောက်အတွင်းနက်နက် လက်လှမ်းမမှီသောနေရာတွင်ရှိပါက gamma knife therapy ဟုခေါ်သော အလွန်အနုစိတ်ဦးတည်သည့် ဓါတ်ရောင်ခြည်နည်းသုံးနိုင်ပါတယ်။
ကုသမှုရဲ့နောက်ဆက်တွဲဖြစ်နိုင်ချေတွေ၊ ရလဒ်တွေ၊ သက်ရောက်မှုတွေကို သေချာဆွေးနွေးတိုင်ပင်ထားဖို့လိုပါလိမ့်မယ်။ ပြန်လည်နာလံထဖို့အတွက် ကျွမ်းကျင်သူများနဲ့ ဆက်လက်ကုသဖို့လိုပါလိမ့်မယ်။ ဥပမာ- ဟန်ချက်ပြန်ညီဖို့အတွက် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ ကုသမှုများ၊ စကားပြောခြင်း၊ ခံစားချက်ကိုထုတ်ဖော်ပြောကြားခြင်း၊ မျိုခြင်းတို့အတွက် စကားပြောလေ့ကျင့်ခြင်းများ။
နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
- အပ်စိုက်ကုသနည်း
- အိပ်မွေ့ချကုသနည်း
- တရားထိုင်ခြင်းဖြင့်ကုသနည်း
- တေးဂီတဖြင့်ကုသနည်း
- အကြောလျှော့လေ့ကျင့်ခန်းနည်းများ
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။