အဓိပ္ပာယ်ဖွင့်ဆိုချက်
Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) က ဘာလဲ။
Polyp ဆိုတာ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ Cervical polyp (သားအိမ်ခေါင်းအဖုအကျိတ်) ကတော့ သားအိမ်နဲ့ မွေးလမ်းကြောင်း ကြားမှာရှိတဲ့ သားအိမ်ခေါင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ သားအိမ်ခေါင်းဆိုတာ သုက်ပိုးတွေ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တယ်။ ကလေးမွေးချိန်မှာတော့ သားအိမ်ခေါင်းက ကျယ်ပြီးပါးလာပါတယ်။ အဲ့ဒီကနေ ကလေးဖြတ်သန်းသွားပါတယ်။
Polyps တွေဟာ သားအိမ်ခေါင်း သို့ သားအိမ်လမ်းကြောင်းအတွင်းနံရံကနေ သေးငယ်တဲ့အညှာနဲ့ တွယ်ထားတဲ့အရာလေးတွေ ဖြစ်ygတယ်။ တစ်ခုတည်းဖြစ်နိုင်သလို နှစ်လုံး၊ သုံးလုံးလည်း ဖြစ်နိုင်ပါတယ်။
ဒါတွေက ကင်ဆာလည်း မဟုတ်သလို ကင်ဆာဖြစ်လာနိုင်ချေလည်း နည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာအများစုက HPV လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်။
Cervical Polyps က ဘယ်လောက်အဖြစ်များသလဲ
ဟားဘတ်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ကလေးတစ်ယောက်ထက်များတဲ့ အသက် ၄၀ နဲ့ ၅၀ အရွယ်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ရာသီမလာသေးတဲ့ အမျိုးသမီးငယ်ငယ်လေးတွေမှာ သိပ်ဖြစ်လေ့မရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဟော်မုန်း estrogen များခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။