အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ မိန်းကလေးဖြစ်ရခြင်းကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရနိုင်လို့ပါပဲ။ ဒီတော့ အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အားနွဲ့သူတော့ မဟုတ်ပါဘူး မိန်းကလေးဆိုတိုင်း အားနွဲ့တယ်လို့ ပြောလို့ မဆိုသာပါဘူး။ အမျိုးသမီးတွေမှာ ရှိတဲ့ မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ကိုယ်တိုင် ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်သူတွေ ဖြစ်ကြပြီး […]

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ

မိုးရာသီရောက်လာပြီဆိုရင် အရေပြားပြဿနာတွေ အဖြစ်များသလို ဖျားနာတာ၊ မှိုပိုး ကူးစက်တာတွေလည်း အဖြစ်များပါတယ်။ ဒီလို စိုထိုင်းထိုင်းနဲ့ မှိုပိုးတွေ ပေါက်လွယ်တဲ့ရာသီမှာ လေဒီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ရှိပါတယ်။ ဒါကတော့ အဖြူဆင်းတာပါ။ အဖြူဆင်းတာတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မိန်းမကိုယ် ယားယံတာနဲ့ အချို့သော ကျန်းမာရေးပြဿနာတွေလည်း ခံစားရနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ မုတ်သုံကာလကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့အတွက် လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ မိုးတွင်းမှာ မိန်းမကိုယ်ကျန်းမာရေး ထိခိုက်မှု အဖြစ်များသလား မိန်းမကိုယ် ပိုးဝင်ကူးစက်မှုတွေက မိုးတွင်းကာလမှာ အဖြစ်အများဆုံးပါ။ အကြောင်းကတော့ မုတ်သုံရာသီမှာ အပူချိန်က တသမတ်တည်း မရှိဘဲ ပြောင်းလဲနေသလို လေထုထဲမှာ စိုထိုင်ဆကလည်း များနေတတ်ပါတယ်။ ဒီအခြေအနေ ၂ ရပ်စလုံးက မှိုပိုးတွေ နဲ့ ဘက်တီးရီးယားတွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ

အမျိုးသမီးတွေ အသက် ၄၅ နှစ်ကျော်ပြီး ၅၀ ဝန်းကျင်ရောက်လာတဲ့အခါ မကြုံချင်လည်း ရှောင်လွှဲလို့ မရဘဲ ကြုံရတဲ့ သဘာဝဖြစ်စဉ် တစ်ခုရှိပါတယ်။ ဒါကတော့ သွေးဆုံးတာပါ။ ရာသီသွေးမဆင်းတော့ဘဲ မမျိုးဥအိမ်က မျိုးဥတွေ မရှိတော့တဲ့ ကာလပေါ့။ ဒီလို သွေးဆုံးချိန်မှာ ကိုယ်တွင်းဟော်မုန်းတွေ ပြောင်းလဲတာ ဟော်မုန်း ပမာဏ မညီမျှမှုတွေဖြစ်ပြီး သွေးဆုံးကိုင်တယ်လို့ ခေါ်ကြတဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။ ဒီလို သွေးဆုံးကိုင်တဲ့ အခြေအနေကို ကျန်းကျန်းမာမာ ရင်ဆိုင်နိုင်စေဖို့ဆိုရင် စားပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို သိချင်နေပြီလား ..... ဒါဆိုရင်တော့ သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သွေးဆုံးခြင်း သွေးဆုံးတယ်ဆိုတာက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထံမှာ ဖြစ်တတ်တဲ့ သဘာဝဇီဝဖြစ်စဉ် တစ်ခုပါ။ ဒီကာလမှာ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား!

သွေးဆုံးတယ်ဆိုတာက အမျိုးသမီးတွေ အသက်အရွယ် တစ်ခုရောက်တဲ့ အချိန်မှာ ရှောင်လွှဲလို့ မရဘဲ ရင်ဆိုင်ရမယ့် ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ အသက် ၄၅ နှစ်နဲ့ ၅၀ အကြားမှာ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမှာ ခံစားရတဲ့ ကျန်းမာရေး အခြေအနေကို သွေးဆုံးကိုင် တယ်ခေါ်တာပါ။ သွေးဆုံးတာက ချက်ချင်းသလို ဖြစ်လာတာ မဟုတ်ဘဲ သွေးမဆုံးခင်မှာ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး သွေးဆုံးတော့မှာလား ဆိုတာကို ဆုံးဖြတ်တာပါ။ ဒီ လက္ခဏာတွေက အမျိုးသမီး တစ်ဦး နဲ့ တစ်ဦးမှာ ကွာခြားနိုင်သလို သွေးဆုံး လက္ခဏာ ခံစားရတဲ့ ကာလလည်း မတူကြပါဘူး။ ဒီတစ်ခေါက်မှာ ပြောချင်တာကတော့ ဒီအခြေအနေတွေကို သက်သာစေဖို့အတွက် သောက်သုံးလို့ရတဲ့ သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား! ဆိုတာပါ။ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

လေဒီလေးတွေ ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်စေဖို့ဆိုရင် မဖြစ်မနေကျန်းမာအောင် ဂရုစိုက်ပေးရမယ့် အစိတ်အပိုင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ ရာသီသွေးဆင်းတာနဲ့ မျိုးပွားမှုလုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ မိန်းမကိုယ်လေးပါ။ ဒီမိန်းမကိုယ်လေးမှာ ပိုးဝင်တာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့အခါ အနံ့ဆိုး ထွက်တာ အပါအဝင် နေရထိုင်ရခက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်ရောင်ရမ်းတယ် ဆိုတာ မိန်းမကိုယ် ရောင်ရမ်းတယ် ဆိုတာက မိန်းမကိုယ် နံရံတွေက ပိုးဝင်ကူးစက်တာကြောင့်ဖြစ်ဖြစ်၊ ဓာတ်မတည့်တာကြောင့်ဖြစ်ဖြစ် ရောင်ရမ်းတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီလို မိန်းမကိုယ် ရောင်ရမ်းတာကို အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ခံစားရနိုင်ပြီး မျိုးပွားနိုင်တဲ့ အသက်အရွယ်အပိုင်းအခြား အမျီုးသမီးတွေမှာ အဖြစ်များပါတယ်။ ဘက်တီးရီးယားတွေ နဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ

လေဖြတ်တယ်ဆိုတာက လူတစ်ယောက်ကို အသက်ဆုံးရှုံးစေနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေထဲက တစ်ရပ်ပါ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လေဖြတ်နိုင်ခြေ များပါတယ်။ လေဖြတ်တဲ့အခါမှာလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ပြင်ပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ နိုင်တယ်ဆိုတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။ လေဖြတ်တယ် ဆိုတာ လေဖြတ်တယ်ဆိုတာက ဦးနှောက်ဆီကို အောက်ဆီဂျင် နဲ့ အာဟာရပြည့်ဝစွာပါဝင်နေတဲ့ သွေးတွေရောက်ရှိမှု မရှိတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှု ရပ်တန့်သွားတဲ့ အခြေအနေပါ။ ဦးနှောက်ဆီ စီးဆင်းတဲ့ သွေးကြောတွေ ပိတ်ဆို့သွားတာကြောင့် လေဖြတ်နိုင်သလို ဦးနှောက်ထဲက သွေးကြော​ ပေါက်သွားတာကြောင့်လည်း လေဖြတ်နိုင်ပါတယ်။ လေဖြတ်တာက အရေးပေါ် ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ လေဖြတ်ပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့

ရာသီလာချိန်က လေဒီတိုင်းအတွက် ခက်ခဲပါတယ်။ စိတ်ရှုပ်စရာကောင်းသလို ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုလည်း အတော်လေးကျနေတဲ့ အခိုက်အတန့်က လစဉ်ပြဿနာ ကြုံနေရချိန်ပါ။ လစဉ်ပြဿနာ ကြုံတွေ့နေချိန်မှာ ရှုပ်နေတဲ့ စိတ်ကို အပိုထပ်ဆောင်း ရှုပ်စေတဲ့အရာလေး တစ်ခုရှိပါသေးတယ်။ ဒါကတော့ ရာသီလာချိန်မှာ pad ကြောင့် အရေပြား ပွန်းတာပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်းလိုလို ခံစားရနိုင်တဲ့  ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။ ရာသီလာချိန်မှာ pad ကြောင့် ပွန်းရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ....... ရာသီလာချိန်မှာ pad ကြောင့် ပွန်းရတဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိပါတယ်။ ဒီအချက်တွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား ...... ရာသီလာချိန်မှာ အသုံးပြုတဲ့ pad နဲ့ […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ

သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ဆိုတာက ရာသီသွေးဆင်းတဲ့အရွယ် အမျိုးသမီးတွေမှာ ဟော်မုန်း မညီမျှမှုကြောင့်ဖြစ်ရတဲ့ အမျိုးသမီး ကျန်းမာရေးပြဿနာပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ကျားဟော်မုန်းတွေ မြင့်တက်မှုက PCOS ဖြစ်စေတဲ့ အခြေခံအကျဆုံး အကြောင်းအရင်း တစ်ရပ်ပါ။ တစ်ချိန်တည်းမှာ ရာသီသွေးမမှန်တာကလည်း PCOS ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ မြင်သာအောင် ပြောပြရရင် PCOS ဖြစ်တဲ့အခါ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တဲ့အနေအထားကို ဖြစ်ပေါ်ပြီး ဆီးချို၊ အဝလွန်တာ၊ ကင်ဆာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အမျိုးသမီး ၁၀ ဦးမှာ ၁ ဦးက PCOS ခံစားနေရနိုင်ပါတယ်။ PCOS ဖြစ်စေတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် PCOS ဖြစ်တဲ့အခါ အစားအသောက်ကို ကျန်းမာရေးနဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို

တချို့အမျိုးသမီးတွေက သားအိမ်လန် နေတဲ့အခါ ကလေးမရမှာစိုးပြီး ဗိုက်ကို နှိပ်ကြပါတယ်၊၊ တချို့ကျတော့လည်း အတွင်းနှိုက်ထိပြီး ပြန်တည့်ကြတာတွေ လုပ်ကြပါတယ်၊၊ ဒီလိုလုပ်တာက အခန့်မသင့်ရင်  မိန်းမကိုယ် ပိုးဝင်တာတောင် ဖြစ်နိုင်ပါတယ်၊၊ နိုင်ငံတကာမှာလည်း အနှိပ်အထူးပြုတွေနဲ့ နှိပ်ကြတာရှိပါတယ်၊၊ ဒါပေမယ့် ကျွမ်းကျင်တဲ့သူနဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်၊၊ သားအိမ်လန် တယ်ဆိုတာ အမျိုးသမီးတွေရဲ့ ၇၅ရာခိုင်နှုန်းမှာ သားအိမ်က ရှေ့ကို စိုက်နေပါတယ်၊၊ ကျန်တဲ့ ၂၅ရာခိုင်နှုန်းမှာတော့ နောက်ကို လန်နေပါတယ်၊၊ သားအိမ်လန်တာ အများစုက အကြောင်းအရင်းမရှိဘဲ မွေးရာပါ လန်ကြတာပဲ ဖြစ်ပါတယ်၊၊ နောက်ပြီး အသက်ကြီးလာရင်လည်း ဘေးနားက အရွတ်တွေ၊ ကြွက်သားတွေ အားပျော့လာတာကြောင့် သားအိမ်က နောက်ကို လန်လာပါတယ်၊၊ ဒီဖြစ်စဉ်နှစ်ခုလုံးက 'ပုံမှန်' ပဲ ဖြစ်ပါတယ်၊၊ တချို့တွေမှာတော့ ရောဂါကြောင့် လန်ကြပါတယ်၊၊ ဥပမာ -သားအိမ်မှာ […]


ရာသီလာခြင်း

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။ ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)