အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ မိန်းကလေးဖြစ်ရခြင်းကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရနိုင်လို့ပါပဲ။ ဒီတော့ အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အားနွဲ့သူတော့ မဟုတ်ပါဘူး မိန်းကလေးဆိုတိုင်း အားနွဲ့တယ်လို့ ပြောလို့ မဆိုသာပါဘူး။ အမျိုးသမီးတွေမှာ ရှိတဲ့ မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ကိုယ်တိုင် ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်သူတွေ ဖြစ်ကြပြီး […]

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ

သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ....... အမျိုးသမီးတွေရဲ့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းဟာ မှားယွင်းတဲ့ ဘရာ အရွယ်အစားတွေ ဝတ်ဆင်နေကြပါတယ်။ ပိန်ခြင်း ဝခြင်း ကိုယ်ဝန်ဆောင်ခြင်းတွေကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ ခုချိန်မှာ မှန်ကန်တဲ့ အရွယ်အစားကို ဝတ်နေရင်တောင် နောင်မှာ ပြောင်းဖို့ လိုကောင်းလိုလာပါလိမ့်မယ်။ သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ဆိုတာ အတူတူ လေ့လာလိုက်ရအောင်နော်။ တိုင်းတာသင့်ပါသလား သင့်ရဲ့ ဘရာအရွယ်အစားကို တိုင်းဖို့ ခက်ကောင်းခက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းညွှန်ချက် အတိုင်း လုပ်ကြည့်မယ် ဆိုရင် ကိုယ်နဲ့ တော်၊ မတော် တိုင်းတာလို့ရမှာပါ။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရင်သားအရွယ်အစားက မတူပါဘူး။ ဒါကြောင့်မို့ တပြေးညီ ချုပ်ထားတဲ့ ဘရာတွေက လူတိုင်းနဲ့ […]


အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါတွေဟာ စနစ်တကျ အလုပ်လုပ်ရပါတယ်။ မျိုးအောင်ခြင်းကနေ စတင်ပြီး ကိုယ်ဝန်ဆောင်ကလေးမွေးခြင်းမှာ အဆုံးသတ်ပါတယ်။ သားဥအိမ် - ဟော်မုန်းနဲ့ မမျိုးဥထုတ်ပေးခြင်း သားဥအိမ်မှာ အဓိကလုပ်ငန်းဆောင်တာ(၂)ခု ရှိပါတယ်။ ပရိုဂျက်စတင်နဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်ပေးဖို့နဲ့ မမျိုးဥတွေ ထုတ်ပေးဖို့ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် သူ့ဆီမှာ မမျိုးဥတွေမြောက်များစွာ ပါလာပါတယ်။ သူ အပျိုဖြစ်ပြီဆိုတာနဲ့ အဲဒီ မမျိုးဥတွေ တစ်လကိုတစ်ခု စပြီး ထွက်လာပါတယ်။ ဦးနှောက်ကထွက်တဲ့ ဟော်မုန်းတွေက သားဥအိမ်ကနေ ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးပြီး မမျိုးဥများ ပုံမှန်ထုတ်အောင် လုပ်ပေးပါတယ်။ လတိုင်း မမျိုးဥတစ်လုံး သို့မဟုတ် နှစ်လုံးဟာ သားဥအိမ်ကနေ ထွက်လာပြီး သားဥပြွန်ထဲကို ရောက်သွားပါတယ်။ သားဥပြွန် - မျိုးအောင်သည့်နေရာ သားဥပြွန်ဟာ အမျိုးသားဆီက ဝင်လာတဲ့ သုက်ကောင်နဲ့ မမျိုးဥနဲ့ ပေါင်းပြီး မျိုးအောင်သွားတဲ့နေရာ ဖြစ်ပါတယ်။ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း

အမျိုးသမီး တော်တော်များများဟာ သူတို့ရဲ့ ဘဝသက်တမ်းမှာ တစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက်တော့ ဟော်မုန်း မညီမျှမှုကြောင့်ခေါင်းကိုက်တာကို ခံစားရဖူး ပါတယ်။ ဖြစ်ရပ် တော်တော်များများမှာ ခေါင်းကိုက်တာ နဲ့ ရာသီသွေး ဆင်းတာတို့ ကြားမှာ သိသာတဲ့ ဆက်စပ်မှု ရှိနေတယ် ဆိုတာကို သတိထားမိခဲ့ပါတယ်။ ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း ဟော်မုန်းကြောင့်ခေါင်းကိုက်ခြင်း ဆိုတာက ရာသီသွေးပေါ်ချိန်မှာ ခေါင်းကိုက်တာမျိုးပါ။ ရာသီသွေး ပေါ်ချိန်မှာ ခေါင်းကိုက်တာဟာ ရာသီသွေး ပေါ်နေချိန် အတွင်း ရက် အတော်ကြာကြာ ခံစားရလေ့ ရှိသလို ရာသီသွေး ပေါ်ချိန်ရဲ့ပထမ ၃ ရက် အတွင်းမှာလည်း ခံစားရနိုင်ပါတယ်။ ဟော်မုန်း မညီမျှမှုကြောင့် ခေါင်းတစ်ခြမ်း ကိုက်ရတဲ့ အကြောင်းအရင်း ကတော့ အီစထရိုဂျင် ဟော်မုန်း ပမာဏ ရုတ်တရက် ကျဆင်းသွားတာကြောင့် ဖြစ်ပါတယ်။ ရာသီသွေး ပေါ်ချိန်မှာ […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

အမျိုးသမီး မျိုးဥအိမ်တွင် ရေအိတ်များတည်သော ရောဂါ

polycystic ovary syndrome (PCOS) ဆိုတာဘာလဲ။ polycystic ovary syndrome (PCOS) ဟာအမျိုးသမီးတွေမှာဟော်မုန်းမညီမျှမှုကြောင့် ဖြစ်တဲ့လက္ခဏာရပ်တစ်မျိုးဖြစ်ပါတယ်။ ရာသီသွေးဆင်းချိန်မမှန်တာ၊ ရာသီသွေးဆင်း ချိန်ပုံမှန် မရှိတာနဲ့မျိုးအောင်မှုမှာ အဟန့်အတား ဖြစ်တာတွေကြောင့်ဖြစ်ပါတယ်။ PCOS က ရေအိတ်ငယ်လေးတွေပါဝင်နေတဲ့ အစုအဝေး အခိုင်ပုံစံမျိုး သားအိမ်ထဲမှာဖြစ်ပေါ်စေပြီး သားအိမ်ကိုပွလာစေပါတယ်။   PCOS ရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။ ပထမဆုံးအနေနဲ့ပြောချင်တာကတော့ PCOS ရဲ့ရောဂါလက္ခဏာတွေက သိပ်မသိသာပါဘူး။ အဖြစ်အများဆုံးလက္ခဏာတွေက - ဝက်ခြံထွက်တာ ကိုယ်အလေးချိန်မမှန်တာ (ပိန်ရင်ပိန်မယ်၊ ဝရင်ဝမယ်) မလိုအပ်ပဲ ခန္ဓါကိုယ်က အမွှေးအမျှင်တွေ ထူလာတာ ဆံပင်ပါးတာ ရာသီသွေးဆင်းချိန်မမှန်တာ မျိုးအောင်မှုမှာပြဿနာရှိနေတာ PCOS ကိုဘယ်လိုရောဂါအဖြေရှာမလဲ။ ဆရာဝန်အနေနဲ့ သင့်ရဲ့ ရာသီသွေးဆင်းတဲ့ အချိန်ကို သိဖို့လိုအပ်သလို ဆေးမှတ်တမ်းနဲ့ သင့်မှာပြသနေတဲ့ရောဂါလက္ခဏာကို သိရှိဖို့ လိုအပ်ပါတယ်။ အဲ့နောက် ဆရာဝန်က PCOS နဲ့ ပတ်သက်ပြီးခံစားရတတ်တဲ့ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် )

အဓိပ္ပာယ်ဖွင့်ဆိုချက် Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကဘာလဲ။ Fibroadenoma ဆိုတာက ရင်သားမှာ ဖြစ်တတ်တဲ့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ဖြစ်ပါတယ်။ ရင်သားမှာဖြစ်တဲ့ အကျိတ်အားလုံးက fibroadenoma တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ fibroadenoma ကို ရင်သားကင်ဆာနဲ့ မှားတတ်ကြပါတယ်။ ကင်ဆာအကျိတ်နဲ့ ခွဲခြားနိုင်တဲ့အချက်က fibroadenoma ကအချိန်ကြာလာပေမယ့် အရွယ်ကြီးလာတာမျိုး ရှားပါတယ်။ သူက ရင်သားတစ်ရှူးထဲမှာပဲ ရှိနေတတ်ပါတယ်။ ရင်သားကို စမ်းသပ်ချိန်မှာ အကျိတ်ကို ခံစားမိနိုင်ပါတယ်။ ရင်သားမှာ ရာဘာလိုမျိုး ခပ်တင်းတင်းအလုံးကို စမ်းမိပြီး ဒီအလုံးကို မိအောင် လက်နဲ့ မနည်းလိုက်ဖမ်းနေရတယ်ဆိုရင် ကင်ဆာမဟုတ်တဲ့ fibroadenoma အကျိတ် ဖြစ်နိုင်ပါတယ်။ တိကျတဲ့ စစ်ဆေးစမ်းသပ်အတည်ပြုချက်တွေတော့ လိုအပ်ပါတယ်။ Fibroadenomaက ဘယ်လောက်အဖြစ်များသလဲ ဒီအကျိတ်က ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အပျိုဖော်ဝင်စအမျိုးသမီးတွေနဲ့ အသက်၃၀အောက် အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။ […]


ရာသီလာခြင်း

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ကဘာလဲ။ Dysmenorrhea ဆိုတာရာသီမလာခင်နဲ့ လာနေစဉ်မှာ ဝမ်းဗိုက် နာကျင်ကိုက်ခဲခြင်းကို ခေါ်ပါတယ်။ ဆိုလိုတာကတော့ ဝမ်းဗိုက်အောက်ပိုင်းမှာ ဆွဲညှစ်ထားသလို နာကျင်မှုဖြစ်ပေါ်ခြင်းကို ခေါ်ပါတယ်။ အမျိုးသမီးအများစုဟာ ရာသီမပေါ်ခင်နှင့် ရာသီလာနေချိန် မှာနာကျင်ခြင်း ဝေဒနာကို ပိုပြီးခံစားရပါတယ်။ ဒီလို စိတ်ရှုပ်ထွေးစရာ နာကျင်မှုဟာ သက်သောင့်သက်သာ မဖြစ်စေပဲ သင့်ရဲ့နေစဉ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသမီးများ ရာသီလာချိန်တစ်ဝိုက် မှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရာသီစက်ဝန်းအတွင်း နာကျင်ကိုက်ခဲတဲ့အခါ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- • ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း (တစ်ခါတစ်ရံတွင် အလွန်အမင်းနာကျင်ခြင်း)၊ • ဝမ်းဗိုက်ကို ဖိထားသကဲ့သို့ နာကျင်ခြင်း၊ • တင်ပါးဆုံပိုင်း၊ ခါးနှင့်ပေါင်အတွင်းပိုင်းများတွင် နာကျင်ခြင်း၊ […]


အမျိုးသမီး ကျန်းမာရေး

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ကဘာလဲ။ သားအိမ်အတွင်းရှိတစ်ရှူးများ သားအိမ် ပြင်ပသို့ရောက်ခြင်းဟာ ကလေးမွေးနိုင်တဲ့ အသက်အရွယ်မှာ ဖြစ်တတ်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင့်မှာ ဒီရောဂါရှိလျှင် သင့်သားအိမ်အတွင်းနံရံ တစ်ရှူးတွေဟာ သင့်ရဲ့သားဥပြွန်ထဲ ရောက်နေနိုင်ပါတယ်။ ဒီလိုနေရာလွဲနေတဲ့ တစ်ရှူးတွေက သားအိမ်အတွင်းမှာကဲ့သို့ ရာသီလာချိန်တွင် ကွာကျပြီး သွေးထွက်ခြင်းကို ဖြစ်ပေါ်စေတယ်။ သို့သော် အဲဒီသွေးတွေက သားအိမ်ပြင်ပမှာ ဖြစ်ပေါ်တဲ့အတွက် ခန္ဓါကိုယ်ပြင်ပကို မစီးနိုင်ဘဲ အတွင်းမှာပိတ်မိနေတတ်တယ်။ ထိုအခါ ကိုယ်တွင်းသွေးယိုစိမ့်ခြင်း၊ ရောင်ရမ်းခြင်းဖြစ်စေပြီး တခြားရောဂါလက္ခဏာအများအပြားကို ဖြစ်စေနိုင်ပါတယ်။ သားအိမ်အတွင်းတစ်ရှူးတွေရောက်လေ့ရှိသော သားအိမ်ပြင်ပနေရာများမှာ သားဥပြွန်၊ မမျိုးဥအိမ် ၊အူမကြီးနှင့် တင်ပါးဆုံပိုင်းတွင်းရှိ တစ်ရှူး နေရာတို့ ဖြစ်ကြတယ်။ ဒါ့ပြင် ဘေးနားမှာရှိတဲ့ တစ်ရှူးတွေကို သွားလှုံ့ဆော်တဲ့အတွက် နာကျင်ခြင်း၊ အမာရွတ်များထင်ခြင်း၊ ရေအိတ်ဖြစ်ခြင်းတို့ကို ကြုံရနိုင်ပြီး ကလေးရဖို့ခက်တဲ့ အခြေအနေထိ ဖြစ်သွားတတ်တယ်။ Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) က […]


ရာသီလာခြင်း

Amenorrhea (ရာသီထိမ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amenorrhea (ရာသီထိမ်ခြင်း) ကဘာလဲ။ ရာသီထိမ်ခြင်းဆိုသည်မှာ ပုံမှန်လာရမယ့် ရာသီသွေးမဆင်းခြင်းဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်သည် တစ်လတစ်ကြိမ် ရာသီသွေးပုံမှန်ဆင်းပါတယ်။ ဟော်မုန်းထုတ်လုပ်မှု၊ မျိုးပွားအင်္ဂါဖွဲ့စည်းမှု ပေါ်မူတည်၍ တစ်ဦးနဲ့တစ်ဦး ရာသီလာပုံ ကွဲပြားချက်များရှိတတ်ပါတယ်။ ရာသီထိမ်ခြင်း နှစ်မျိုး ရှိပါတယ်။ မွေးကတည်းက ရာသီမလာဖူးခြင်း(Primary Amenorrhoea)။ ။ မိန်းကလေးတစ်ယောက်သည် အပျိုဖော်ဝင်ချိန်တွင် အခြားသော အင်္ဂါရပ်များ ဖွံ့ဖြိုးပြည့်စုံ သွားသော်လည်း အသက် ၁၅ နှစ်ကျော်သည့်တိုင် ရာသီတစ်ခါမှ မလာဖူးခြင်း။ ရာသီသွေး သုံးကြိမ် သို့မဟုတ် ၆ လ ဆင်းပြီးနောက် တစ်ခါမှ ထပ်၍ ရာသီသွေးမဆင်းတော့ခြင်း (Secondary Amenorrhoea) ဆရာဝန် နဲ့ သေချာ စမ်းသပ်စစ်ဆေးပြီးမှ ရောဂါ ကောက်ချက်ချနိုင်မည်။ Amenorrhea (ရာသီထိမ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရာသီထိမ်ခြင်းသည် အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်တွင်း လုပ်ငန်း ဆောင်တာများ […]


ရာသီလာခြင်း

Menorrhagia (ရာသီသွေးဆင်းများခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menorrhagia (ရာသီသွေးဆင်းများခြင်း) ကဘာလဲ။ Menorrhagia ဆိုတာက ပုံမှန် ရသီလာတဲ့အချိန်ထက် ပိုများတဲ့ သွေးဆင်းခြင်းကို ခေါ်ပါတယ်။ သွေးဆင်းများခြင်းဟာ သွေးဆုံးမှုမတိုင်ခင်မှာ အမျိုးသမီးတွေမှာ ဖြစ်တတ်သော်လည်း အမျိုးသမီးအများစုမှာတော့ အန္တရာယ်ရှိလောက်တဲ့ သွေးဆင်းများခြင်း menorrhagia ကို မကြုံဖူးကြပါဘူး။ သွေးဆင်းများခြင်းအား မကုပဲထားပါက အသက်တိုနိုင်ပါတယ်။ Menorrhagia (ရာသီသွေးဆင်းများခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီး ၉% ကနေ ၁၄% လောက်မှာ ဒီရောဂါကို ခံစားနေရပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်စ အမျိုးသမီးလေးတွေနဲ့ အသက် ၄၀ကနေ ၅၀ကြား အမျိုးသမီးကြီးတွေ မှာ အဖြစ်များတတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများMenorrhagia (ရာသီသွေးဆင်းများခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ menorrhagia ရဲ့ ရောဂါလက္ခဏာတွေကတော့ နာရီပိုင်းတွင်း တစ်နာရီကို တန်ပွန် တစ်ခု သို့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)