သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု
သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ဆိုတာက ရာသီသွေးဆင်းတဲ့အရွယ် အမျိုးသမီးတွေမှာ ဟော်မုန်း မညီမျှမှုကြောင့်ဖြစ်ရတဲ့ အမျိုးသမီး ကျန်းမာရေးပြဿနာပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ကျားဟော်မုန်းတွေ မြင့်တက်မှုက PCOS ဖြစ်စေတဲ့ အခြေခံအကျဆုံး အကြောင်းအရင်း တစ်ရပ်ပါ။ တစ်ချိန်တည်းမှာ ရာသီသွေးမမှန်တာကလည်း PCOS ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ မြင်သာအောင် ပြောပြရရင် PCOS ဖြစ်တဲ့အခါ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တဲ့အနေအထားကို ဖြစ်ပေါ်ပြီး ဆီးချို၊ အဝလွန်တာ၊ ကင်ဆာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အမျိုးသမီး ၁၀ ဦးမှာ ၁ ဦးက PCOS ခံစားနေရနိုင်ပါတယ်။ PCOS ဖြစ်စေတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် PCOS ဖြစ်တဲ့အခါ အစားအသောက်ကို ကျန်းမာရေးနဲ့ […]