backup og meta

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

    မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ မိန်းကလေးဖြစ်ရခြင်းကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရနိုင်လို့ပါပဲ။ ဒီတော့ အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

    အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

    အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

    • အားနွဲ့သူတော့ မဟုတ်ပါဘူး

    မိန်းကလေးဆိုတိုင်း အားနွဲ့တယ်လို့ ပြောလို့ မဆိုသာပါဘူး။ အမျိုးသမီးတွေမှာ ရှိတဲ့ မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ကိုယ်တိုင် ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်သူတွေ ဖြစ်ကြပြီး အမျိုးသားတွေကတော့ ကျန်းမာရေးကို ဂရုစိုက်မှု အားနည်းကြပါတယ်။ အမျိုးသမီးဆိုတိုင်း အားမနွဲ့ကြပါဘူး။ အမျိုးသမီးတွေက X ခရိုမိုဆုမ်း ၂ ခုနဲ့ မွေးဖွားလာကြပြီး ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။

    • အသက်ရှည်ကြတယ်

    အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်ကြပါတယ်တဲ့။ ဒါကလည်း အမျိုးသမီး ဖြစ်ရခြင်းရဲ့ အားသာချက် တစ်ခုလို့ပဲ ဆိုရပါမယ်။ အမျိုးသမီးတွေက မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတတ်ကြပြီး ပျော်ရွှင်တဲ့ နေထိုင်မှု ပုံစံတွေကြောင့် ပိုကျန်းမာကြပြီး ပို အသက်ရှည် ကြပါတယ်။ 

    • နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းတယ်

    အမျိုးသမီးတွေရဲ့ အီစထရိုဂျင် ဟော်မုန်းက နှလုံးရောဂါ မဖြစ်အောင်  ကာကွယ်ထားပေးနိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင် ‌ဟော်မုန်း မရှိတော့တဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပြန်များလာတာ ဖြစ်ပါတယ်။

    • နာကျင်မှုကို ခံနိုင်စွမ်း ပိုကြတယ်

    ရာသီလာရင် နာကျင်ကိုက်ခဲတာတွေကို ခံရတာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်မှုတွေကို ခံစားရတာတွေကြောင့်ရော ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းမှုကြောင့်ပါ မိန်းကလေးတွေက နာကျင်မှုကို ခံနိုင်စွမ်း ပိုရှိကြပါတယ်တဲ့။

    • ဦးခေါင်းနဲ့ လည်ပင်းပိုင်း ကင်ဆာ ဖြစ်နိုင်ခြေ နည်းတယ်

    အမျိုးသမီးတွေနဲ့ အမျိုးသားတွေ နှိုင်းယှဉ်လိုက်ရင် အမျိုးသားတွေက အမျိုးသမီးတွေထက် ဦးခေါင်းနဲ့ လည်ပင်းပိုင်းဆိုင်ရာ ကင်ဆာတွေ ခံစားရနိုင်ခြေ ပိုများနေပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေက အမျိုးသားတွေလောက် ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးသုံးစွဲတာမျိုး မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

    • အရွယ်ရလာချိန်မှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်

    အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်ဆိုပေမယ့် အရွယ်ရလာချိန်မှာ အမျိုးသမီးတွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေ နည်းလာပါတယ်။ ဒါကလည်း မိန်းကလေး ဖြစ်ရခြင်းရဲ့ ကောင်းကျိုး တစ်ခုပဲပေါ့။

    • အနံ့ခံအာရုံ ကောင်းကြတယ်

    အမျိုးသမီးတွေက အမျိုးသားတွေထက် အနံ့ခံ အာရုံ ပိုကောင်းကြပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အာရုံခံစားနိုင်တဲ့ ဆဲလ်အရေအတွက် ပိုများတာကြောင့်လည်း အနံ့ခံ အာရုံ ပိုကောင်းတာ ပါတဲ့။ 

    • အကျိုးပြု ကိုလက်စထရော ပိုများတယ်

    အကျိုးပြု ကိုလက်စထရောက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အကျိုးပြု ကိုလက်စထရော ပိုများနေတာကြောင့်လည်း နှလုံးနဲ့ သွေးကြောတွေ ကျန်းမာကြတာပါ။ 

    အမျိုးသမီးဖြစ်ရတာက အခုလို ကျန်းမာရေးကောင်းကျိုးတွေ များတာကြောင့် အမျိုးသမီး ဖြစ်ရတာကို စိတ်တိုင်းမကျဖြစ်နေတယ်ဆိုရင် ဒီစိတ်တိုင်းမကျမှုကို အခုပဲ ဝေးဝေးမောင်းထုတ်လိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement