backup og meta

လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ

    မိုးရာသီရောက်လာပြီဆိုရင် အရေပြားပြဿနာတွေ အဖြစ်များသလို ဖျားနာတာ၊ မှိုပိုး ကူးစက်တာတွေလည်း အဖြစ်များပါတယ်။ ဒီလို စိုထိုင်းထိုင်းနဲ့ မှိုပိုးတွေ ပေါက်လွယ်တဲ့ရာသီမှာ လေဒီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ရှိပါတယ်။ ဒါကတော့ အဖြူဆင်းတာပါ။

    အဖြူဆင်းတာတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မိန်းမကိုယ် ယားယံတာနဲ့ အချို့သော ကျန်းမာရေးပြဿနာတွေလည်း ခံစားရနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ မုတ်သုံကာလကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့အတွက် လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    မိုးတွင်းမှာ မိန်းမကိုယ်ကျန်းမာရေး ထိခိုက်မှု အဖြစ်များသလား

    မိန်းမကိုယ် ပိုးဝင်ကူးစက်မှုတွေက မိုးတွင်းကာလမှာ အဖြစ်အများဆုံးပါ။ အကြောင်းကတော့ မုတ်သုံရာသီမှာ အပူချိန်က တသမတ်တည်း မရှိဘဲ ပြောင်းလဲနေသလို လေထုထဲမှာ စိုထိုင်ဆကလည်း များနေတတ်ပါတယ်။ ဒီအခြေအနေ ၂ ရပ်စလုံးက မှိုပိုးတွေ နဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားဖို့ အားဖြည့်ပေးနိုင်ပါတယ်။

    မိုးတွင်းမှာ စိုထိုင်းဆက တော်တော်လေး များပါတယ်။ ဒါကြောင့် ဒီကာလမှာ ဦးရေပြား၊ ဆံသားနဲ့ အရေပြားပြဿနာ များစွာကို ခံစားရတာပါ။ ပတ်ဝန်းကျင်မှာ စိုထိုင်းဆများပြီး ချွေးထွက်များတာနဲ့ အတွင်းခံ တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာတွေ စုစည်းမိသွားတဲ့အခါ ဘက်တီးရီးယားတွေက အလွယ်တကူပဲ ပေါက်ဖွားလာပါတယ်။

    မိုးရာသီက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ ရှင်သန်ပေါက်ဖွားအောင် အားပေးတဲ့ ရာသီတစ်ခုအဖြစ် အမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒါကြောင့် မိုးရာသီကို နာကျင်မှု၊ သက်သောင့်သက်သာ မရှိမှုတွေကင်းဝေးပြီး ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်စေဖို့ဆိုရင် လေဒီလေးတိုင်း လိုက်နာသင့်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ

    လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ

    မိုးရာသီမှာ မိန်းမကိုယ်လေး မကျန်းမာတာမျိုး မဖြစ်စေဖို့အတွက် လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ တွေက ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    • အတွင်းခံကို လေဝင်လေထွက်ကောင်းတာမျိုး ရွေးချယ်ပါ

    လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံတွေက မိန်းမကိုယ်ကို ကျန်းမာစေပါတယ်။ တင်းကျပ်တဲ့ အတွင်းခံတွေ၊ နိုင်လွန်သားပါတဲ့ အတွင်းခံတွေက လေဝင်လေထွက်မကောင်းဖြစ်စေပြီး မိန်းမကိုယ် ယားယံတာ၊ ချွေးအောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပြီး မိန်းမကိုယ် ရောင်ရမ်းတာ၊ ပိုးဝင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

    • မိန်းမကိုယ်ခြောက်သွေ့ သန့်ရှင်းအောင် ထားပါ

    မုတ်သုံရာသီမှာ အစိုဓာတ် များနေတာကြောင့် အမျိုးသမီးတွေကို အလွယ်တကူ မိန်းမကိုယ်ပိုးဝင် ကူးစက်ခံရစေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို မကြာခဏ သန့်စင်ပေးပြီး သန့်စင်ပြီးတိုင်းမှာ ခြောက်သွေ့အောင် ထားပေးပါ။  ဒီလိုလုပ်တာက ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ အနံ့ဆိုးမဖြစ်အောင်လည်း ကာကွယ်ရာ ရောက်ပါတယ်။

    • မိန်းမကိုယ် အတွင်းပိုင်းအထိ ဆေးကြောတာမျိုး မလုပ်ပါနဲ့

    မိန်းမကိုယ်ကို အတွင်းပိုင်းအထိဆေးကြောတာက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိခိုက်စေနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ဟန်ချက်ကို ပျက်စေနိုင်ပါတယ်။ မိန်းမကိုယ် အတွင်းပိုင်းအထိ ဆေးကြောတာက မိန်းမကိုယ် ပိုးဝင်စေနိုင်ပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    • ရေများများ သောက်ပါ

    မုတ်သုံရဲ့ ပူနွေးစိုစွတ်မှု များတာက ချွေးထွက်များစေပါတယ်။  ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဆားဓာတ်ကို လျင်လျင်မြန်မြန် လျော့ကျစေနိုင်ပါတယ်။ ဒီအအေနအထားက မိန်းမကိုယ် နဲ့ မိန်းမကိုယ် တဝိုက်မှာ ပူလောင်တာ၊ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ် ဘက်တီးရီးယားပမာဏကို ဟန်ချက်ညီစေဖို့ နဲ့ မိန်းမကိုယ် ကျန်းမာစေဖို့၊ pH ပမာဏ ထိန်းညှိဖို့ နဲ့ မိန်းမကိုယ် ပိုးဝင်ကူးစက်တာကို ကာကွယ်နိုင်ဖို့အတွက် ရေဓာတ်ပြည့်ဝနေအောင် ရေများများ သောက်ပေးပါ။

    • ဆီးခုံမွေးကို ခဏခဏ မရိတ်ပါနဲ့

    ဆီးခုံမွေးတွေက မိန်းမကိုယ်ကို ကာကွယ်ပေးတာပါ။ ဘက်တီးရီးယားတွေ ကူးစက်မှုနဲ့ အတူနေစဉ်မှာ ထိခိုက်မှုတွေ ကင်းစေဖို့ ကာကွယ်ပေးပါတယ်။ မုတ်သုံမှာလည်း ဘက်တီးရီးယားတွေ ကူးစက်ပြန့်နှံ့တာနဲ့ ပိုးဝင်ကူးစက်မှုတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ဆီးခုံမွေးကို သန့်စင်တာမျိုးပဲ လုပ်ပါ။ ခဏခဏ ရိတ်တာမျိုး မလုပ်ပါနဲ့။

    • အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ပုံစံနဲ့ သန့်စင်ပါ

    မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်တဲ့အခါ အနောက်ကနေ အရှေ့ကို ဆွဲယူတဲ့ပုံစံနဲ့ မသန့်စင်ပါနဲ့။ စအိုတဝိုက်က ဘက်တီးရီးယားတွေ မိန်းမကိုယ်ကို ဝင်ရောက်ကူးစက်နိုင်တာကြောင့်ပါ။ ဒါ​ကြောင့် အပေါ့အလေး သွားပြီးလို့ သန့်စင်တဲ့အခါတိုင်း အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ပုံစံနဲ့ပဲ သန့်စင်ပေးပါ။

    • အစပ်လျှော့စားပါ

    စပ်လွန်းတဲ့ အစားအစာတွေက မိန်းမကိုယ်ရဲ့ pHကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ် pHပျက်ရင် မိန်းမကိုယ်ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပေမဲ့ အစပ်များများစားမိတိုင်း မိန်းမကိုယ် ပိုးဝင်တာကို ခံစားနေရတယ်ဆိုရင်တော့ အစပ်စားတာကို လျှော့သင့်ပါတယ်။

    • အတူနေပြီးတိုင်းမှာ မိန်းမကိုယ်ကို သန့်စင်ပါ

    အတူနေပြီးချိန်မှာ ဆီးသွားတာ၊ မိန်းမကိုယ် သန့်စင်တာက မိန်းမကိုယ်ပိုးဝင်ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ဟန့်တားပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်မှာပါ။

    • ရာသီလာချိန်မှာ သန့်ရှင်းရေး ဂရုစိုက်ပါ

    ရာသီလာနေတယ်ဆိုရင် လစဉ်သုံးကို ၆နာရီ တစ်ခါ၊ tampons ဆိုရင် ၂ နာရီ တစ်ခါ၊ menstrual cup ဆိုရင် ၈ နာရီ တစ်ကြိမ် ပုံမှန် လဲပေးတာ မိန်းမကိုယ် ကျန်းမာရေးကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ မိန်းမကိုယ်ကို သန့်စင်ပြီးပြီဆိုရင် တစ်သျှူးသုံးပြီး ခြောက်သွေ့အောင် လုပ်ဆောင်ပေးပါ။

    သတင်းစကား

    မိုးရာသီမှာ အတွင်းခံတွေကို ခြောက်သွေ့အောင် ဂရုစိုက်ပါ။ လိုအပ်ရင် မီးပူတိုက်ပြီးမှ ဝတ်ပါ။ သေချာသန့်စင်အောင် လျှော်ဖွတ်ပါ။ မိန်းမကိုယ်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ဆပ်ပြာတွေနဲ့ သုံးပြီး သန့်စင်တာမျိုး မလုပ်ပါနဲ့။ ရေများများ သောက်ပြီး အစပ်လျှော့စားပါ။ ဒါဆိုရင်တော့ မုတ်သုံမှာ မိန်းမကိုယ် ကျန်းမာရေးပြဿနာ ကင်းဝေးမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement