အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ မိန်းကလေးဖြစ်ရခြင်းကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရနိုင်လို့ပါပဲ။ ဒီတော့ အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အားနွဲ့သူတော့ မဟုတ်ပါဘူး မိန်းကလေးဆိုတိုင်း အားနွဲ့တယ်လို့ ပြောလို့ မဆိုသာပါဘူး။ အမျိုးသမီးတွေမှာ ရှိတဲ့ မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ကိုယ်တိုင် ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်သူတွေ ဖြစ်ကြပြီး […]

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ!

လူအများစုအတွက်တော့ ချစ်တင်းနှောတာက ပျော်ရွှင်ကြည်နူးစရာ အတွေ့အကြုံဆိုပေမယ့် လူတိုင်းအတွက်တော့ မဟုတ်နိုင်ပါဘူး။ အချို့သော လေဒီလေးတွေမှာ အမျိုးသားနဲ့ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့အခါ ချစ်တင်းနှောခြင်းက ပျော်ရွှင်ကြည်နူးစရာလို့ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ ခုမှ အတူစနေတဲ့အတွဲတွေက နေပြီးစမှာ ဆီးစပ် ဒါမှမဟုတ် ဗိုက်အောင့်တာက ဖြစ်တတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ မဖြစ်တော့ပါဘူး။ ဒါက အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ အတူနေပြီးတိုင်း အောင့်နေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ သတိထားရပါမယ်။ လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ ဆိုတော့ အကြောင်းအရင်း များစွာ ရှိနေပါတယ်။ အရင်ဆုံး အဖြစ်များတဲ့ အကြောင်းအရင်းတွေကနေ […]


ရာသီလာခြင်း

ဖောလစ်အက်ဆစ်သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လို သက်ရောက်နေသလဲ!

ဖောလစ်အက်ဆစ် ဆိုတာက အမျိုးသမီးလေးတွေကို ကျန်းမာစေမယ့် ဆေးဝါးတစ်မျိုးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ သောက်ပေးရတယ်လို့ သိထားပေမယ့် ဖောလစ်အက်ဆစ် သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်နေသလဲ ဆိုတာကိုတော့ သိသူနည်းနေနိုင်သေးတာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။ ဖောလစ်ဆက်ဆစ် ဆိုတာ ဖောလစ်အက်ဆစ်ဆိုတာက ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B အုပ်စုဝင် ဗီတာမင် တစ်မျိုးပါ။ တိတိကျကျ ပြောရရင် ဗီတာမင် B9 ပေါ့။ ဖောလစ်အက်ဆစ်က ဖောလိတ်ကို ခန္ဓာကိုယ်က အသုံးပြုလို့ရတဲ့ ဖြည့်စွက်အာဟာရအဖြစ် ပြောင်းလဲထားတဲ့ ပုံစံပါ။ နေ့စဉ် စားသောက်မှုမှာ မရှိမဖြစ် ပါဝင်ဖို့လိုတဲ့ အာဟာရပါ။ ခန္ဓာကိုယ်အတွက် DNA နဲ့ RNAတွေ ဖြစ်ပေါ်စေဖို့အတွက် ဆဲလ်တွေ ကွဲပွားဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို ထုတ်လုပ်ပေးပါတယ်။ https://hellosayarwon.com/womens-health/menstruation/tips-for-cyclical-breast-pain/ ဖောလစ်အက်ဆစ်သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

လူတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အဝလွန်တာက အမျိုးသားတွေမှာ ဖြစ်ဖြစ် အမျိုးသမီးတွေမှာဖြစ်ဖြစ် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ အဝလွန်တယ်ဆိုတာက ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာပါ။ တိတိကျကျ ပြောပြရမယ်ဆိုရင် အဝလွန်တယ်ဆိုတာက BMI တွက်ချက်မှု ရလဒ်မှာ ၃၀ ကျော်နေတာကို အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။ ဒီတစ်ခေါက်တော့ အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! အဝလွန်တယ်ဆိုတာက များသောအားဖြင့်ကတော့ အစားစားတာ များပြီး လှုပ်ရှားမှု နည်းတာကြောင့်ပါ။ အထူးသဖြင့် အဆီအအိမ့် စားတာများတဲ့သူတွေမှာ အဝလွန်နိုင်ခြေက ပိုများပါတယ်။ အထိုင်များတာ၊ လှုပ်ရှားမှု နည်းတာတွေကို လုပ်ဆောင်နေရသူတွေမှာလည်း အဝလွန်နိုင်ခြေ များပါတယ်။ အမျိုးသမီးတွေမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်

အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် ကွာခြားမှု ရှိတယ်ဆိုတာကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ အခုလည်း လေ့လာတွေ့ရှိမှုတွေအရ သိရတာက အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက် ကွာခြားမှုတွေထဲမှာ အိပ်စက်ချိန်လည်း ပါဝင်နေတယ်ဆိုတာပါ။ ကျန်တဲ့ အချက်တွေကို သတိထားမိပေမယ့် တော်တော်များများက ဒီအချက်ကို သတိမထားမိပါဘူး။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ် ရတဲ့ အကြောင်းအရင်းလေးကို ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ် လေ့လာမှု ရလဒ်တွေအရ သိရတာက အမျိုးသားတွေထက် အမျိုးသမီးတွေက အိပ်ချိန် ပိုမို လိုအပ်ကြသလို အနားယူချိန် ပိုမိုရရှိဖို့လည်း လိုအပ်ကြပါတယ်။ Sleep Research Center at England’s Loughborough University လေ့လာမှုအရ သိရတာက […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားမှာပါ။ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း မပြောခင်မှာ သားအိမ်ခေါင်းက ဘယ်လို အစိတ်အပိုင်းလဲ ဆိုတာနဲ့ သားအိမ်ခေါင်းက ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ သားအိမ်ခေါင်း ဆိုတာ သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။ သားအိမ်ခေါင်းက ဘာတွေ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အတော်လေး အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာအပြင် တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ သားအိမ်ခေါင်းပိုးဝင်တာမျိုးပေါ့။  နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ပေးတာကလည်း သားအိမ်ခေါင်း ကျန်းမာရေးကို ဂရုစိုက်ရာ ရောက်ပါတယ်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ သားအိမ်ခေါင်း ဆိုတာ သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။ သားအိမ်ခေါင်းက ဘာတွေ လုပ်ပေးလဲ သားအိမ်ခေါင်းက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေ ထင်နေကြတဲ့ အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား

လေဒီလေး တော်တော်များများက အမွေးရိတ်ရမှာကို ကြောက်ကြပါတယ်။ အကြောင်းကတော့ အမွေးရိတ်တာက အရေပြားကို မည်းစေတာမျိုး ဖြစ်စေသလို ပြန်ထွက်ရင်လည်း အမွေးကြမ်းတွေ ထွက်လာပြီး အမွေးတွေက ပိုထူလာတယ်ဆိုတဲ့ အတွေးကြောင့်ပါ။ ဒါက တကယ်ပဲလား.... အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား ဆိုတာကို အဖြေထုတ်ကြည့်လိုက်ရအောင်နော်။ လေဒီလေးတွေ ထင်နေကြတဲ့ အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား ခြေသလုံးမွေးတွေ၊ ချိုင်းမွေးတွေ၊ မျက်နှာပေါ်က အမွေးတွေကို ရိတ်မယ်လို့ စိတ်ကူးလိုက်တိုင်း စိတ်ထဲကို မေးခွန်းတွေ အများကြီး ရောက်လာတယ်ဟုတ်။ အမွေးရိတ်တာ ဘေးကင်းပါ့မလား ဆိုတာပါ။ အမွေးတွေများ ပိုထူလာမလားပေါ့။ ဒီလိုမျိုး စိုးရိမ်တာက ဖြစ်တတ်တဲ့ အနေအထား တစ်ခုပါ။ ဒါပေမယ့် ဒီစာကို ဖတ်ပြီး စိတ်ပူတာတွေကို ရပ်လိုက်ပါတော့လို့ ပြောချင်ပါတယ်။ အမွေးရိတ်ရင် အသားအရေ အရောင်ရင့်လာမှာလား […]


ရာသီလာခြင်း

ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်နေပြီလား

အချဉ်တွေ စားနေတာလား ...... ရာသီလာနေတယ်လို့ ဘာလို့စားနေရတာလဲဆိုပြီး မေမေတို့ ဖွားဖွားတို့ ကြီးကြီးတို့ မာန်တာကို ခံခဲ့ဖူးတော့ ခေါင်းထဲမှာ မှတ်ထားလိုက်တာက ရာသီလာနေတယ်ဆိုရင် အချဉ် မစားရဘူးလို့ပေါ့။ ဒီတော့ ရာသီလာနေချိန်မှာ အချဉ်လေး ခံတွင်းတောင်း နေရင်တောင် စားလိုက်မိရင် တစ်ခုခုပဲ ဖြစ်တော့မလားဆိုပြီး မစားရဲဘူး ဖြစ်နေပြီလား။ ဒီတစ်ခေါက်တော့ ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်တဲ့သူလေးတွေအတွက် သိထားဖို့လိုမယ့် အကြောင်းအရာလေးတွေကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ လေဒီလေးတိုင်းကို စိတ်ဖိစီးစေတဲ့ အခိုက်အတန့် ရာသီလာတာက တစ်လကို တစ်ကြိမ် တစ်ခါတစ်လေဆို ၂ ကြိမ်တောင် ကြုံရတာမျိုး ရှိပါတယ်။ ဒီလို ရာသီလာချိန်မှာ ကောင်းကောင်း မအိပ်ရတာ၊ နာကျင်ကိုက်ခဲတာတွေကြောင့် အတော်လေး ပင်ပန်းရပါတယ်။ တကယ်ကတော့ ရာသီလာတယ်ဆိုတာက လေဒီလေးက ကျန်းမာတယ်ဆိုတဲ့ လက္ခဏာပါ။  ဒီလိုဆိုပေမယ့်လည်း […]


ရာသီလာခြင်း

ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့

ရာသီလာချိန်မှာ ပင်ပန်းတာ၊ ခြေကုန်လက်ပမ်းကျတာကို လေဒီလေးတော်တော်များများ ခံစားဖူးမှာပါ။ ဒီအခြေအနေက ပုံမှန်အားဖြင့်ကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပါ။ ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်တာ၊ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှု အလေ့အထတွေ၊ အိပ်ရေးပျက်တာ နဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရာသီမလာခင် ရက်တွေနဲ့ ရာသီလာနေချိန်တွေမှာ ပင်ပန်းမှုကို ခံစားရတာပါ။ ဒါပေမယ့် ရာသီလာချိန်မှာ ပင်ပန်းတာက ပုံမှန်ပဲ ဆိုပေမယ့် အချို့သော အခြေအနေတွေမှာတော့ ကျန်းမာရေး အချက်ပြလက္ခဏာဖြစ်နေတတ်တာကြောင့် ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့ လို့ ပြောရတာပါ။ ရာသီလာချိန်မှာ သွေးဆင်းများတာနဲ့အတူ ပင်ပန်းတာကို ခံစားရတဲ့ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရတာပါ။ ဒါကြောင့် ရာသီလာချိန်မှာ သွေးဆင်းများမယ် အရမ်းပင်ပန်းတာမျိုး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ

လေဒီလေး တော်တော်များများ မေ့နေတတ်တဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ လေဒီလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှ ယုံကြည်မှုပြည့်ဝပြီး တက်ကြွထက်မြက်တဲ့ လေဒီလေးတွေအဖြစ် လူအများအလယ်မှာ ရပ်တည်နိုင်မှာပါ။ ဒီတော့ ထက်မြက်တဲ့ လေဒီလေးတွေ ဖြစ်စေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ အကြောင်း နည်းနည်းလောက် ဝေမျှပေးချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ ကတော့ အခြားသူတွေနဲ့ နှိုင်းယှဉ်တာကို ရပ်လိုက်ပါ လေဒီလေးတွေကို စိတ်ပင်ပန်းစေပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေတဲ့ အရာက အခြားသူတွေနဲ့ နှိုင်းယှဉ်တာပါ။ ဒါက တော်တော်လေး အန္တရာယ်များပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အချိန်တွေကို အခြားသူတွေနဲ့ နှိုင်းယှဉ်နေရင်း ကုန်ဆုံးသွားတာမျိုး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)