အမျိုးသမီးရောဂါများအတွက် စစ်ဆေးခြင်း
အမျိုးသမီး တွေအနေနဲ့ မနက်မိုးလင်းရင် မျက်နှာကို မှန်ထဲမှာ ကြည့်ပြီး အရေးကြောင်းတွေ ထွက်နေပြီလား။ မျက်ကွင်းတွေ ညိုနေပြီလား စသဖြင့် စစ်ဆေးတတ်တာက သဘာဝပါ။ ဒီအလှအပကိစ္စတွေလိုပဲ အမျိုးသမီးတွေအနေနဲ့ အဖြစ်များတဲ့ ရောဂါတွေကိုလည်း ကိုယ်တိုင် မကြာခဏ စစ်ဆေးသင့်ပါတယ်။ အိမ်မှာတင် အလွယ်တကူ စစ်ဆေးလိုက်ရုံသိနိုင်တာကြောင့် မပျင်းမရိဘဲ ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ အမျိုးသမီး တွေ ကိုယ်တိုင်စစ်ဆေးနိုင်တဲ့ ရောဂါများ ရင်သား ရင်သားကင်ဆာ အပါအဝင် တခြားသော အဖုအကျိတ်တွေကို စစ်ဆေးတာပါ။ တစ်လ တစ်ကြိမ်လောက် စစ်ဆေးပေးသင့်ပါတယ်။ စမ်းနည်းကတော့ မှန်ရှေ့မှာစမ်းနည်း -ခါးအထက်ပိုင်းမှာ ဘာမှမဝတ်ဘဲ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ပါ။ အလင်းရောင်ကောင်းကောင်းရပါစေ။ ရင်ဘတ်ကိုကြည့်ပါ။ နှစ်ဖက်ဆိုဒ်မတူလို့ လန့်မသွားပါနဲ့။ အမျိုးသမီးတွေတော်တော်များများက ဒီလိုပါပဲ။ လက်နှစ်ဖက်ကို ဘေးချပြီး ဆိုဒ်၊ ပုံစံ၊ အနေအထား၊ အပေါ်ယံအရေပြားကို ကြည့်ပါ။ အရေပြားချိုင့်တာ၊ လိမ္မော်ခွံလိုဖြစ်နေတာ၊ […]