ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာကို သေချာ ဂရုစိုက်ပါ။ ဒီလိုပြောရတာက လစဉ်သုံးကြောင့် ပွန်းတာ၊ ဓာတ်မတည့်တာတွေက အရေပြားမှာ ပွန်းပဲ့တာ၊ နီမြန်းတာတွေကနေတဆင့် စိုထိုင်းမှု၊ အပူဒဏ်တွေကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး အရေပြားပွန်းတာကနေတဆင့် ပိုးဝင်တာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့အတွက် ရာသီလာချိန်မှာ pad ကြောင့် အရေပြားပွန်းတာကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့
ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့ ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်လို့ ရပါတယ်။
အတွင်းခံကို ပွပွချောင်ချောင် ချည်သား ဝတ်ဆင်ပါ
အတွင်းခံကို ပွပွချောင်ချောင် ဝတ်ဆင်တာက လေဝင်လေထွက်ကောင်းစေပြီး ချွေးစိုတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ချွေးစုပ်တာက စိုထိုင်းမှု ကင်းပြီး အရေပြားပွန်းတာမျိုး ဖြစ်နိုင်ခြေ နည်းစေပါတယ်။ ရာသီလာနေချိန်မှာ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးတာက ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေကို သက်သာစေနိုင်သလို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
မှန်ကန်တဲ့ pad ကို ရွေးချယ်ပါ
Pad အရွေးမှားတာကလည်း ရာသီလာချိန်မှာ ပွန်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ဂွမ်းသား pad ကို သုံးမလား။ ဘယ်လို pad အမျိုးအစားကို သုံးမလဲဆိုတာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။
ဘာတွေနဲ့ ထုတ်လုပ်ထားလဲဆိုတာကို သေချာ ရွေးချယ်ပါ။ နောက်တစ်ချက် သတိထားရမှာက အရွယ်အစားပါ။ ခြောက်သွေ့သန့်ရှင်းအောင် ထားပါ
ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေကို သက်သာစေဖို့ဆိုရင် ဆီးသွားပြီးချိန်မှာတင် မဟုတ်ဘဲ အချိန်တိုင်းလိုလိုမှာ ခြောက်သွေ့သန့်ရှင်းအောင် ထားဖို့ လိုပါမယ်။ သေချာလေး သန့်စင်ပေးတာက အရေပြားကို ပွန်းပဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ ဒီလိုသန့်စင်တဲ့အခါ ရေကိုပဲ အသုံးပြုပေးလို့ ရပါတယ်။
ရှားစောင်းလက်ပပ် ဂျယ်လီသားကို လိမ်းပေးတာကလည်း ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ တစ်နေ့ကို ၂ ကြိမ်လောက် သုံးပေးလို့ ရပါတယ်။
pad ကြောင့် ပွန်းတာတွေက ရာသီလာပြီးချိန် ၂ ရက် ကနေ ၁ ပတ်လောက်အတွင်းမှာ သက်သာသွားတတ်တယ်ဆိုပေမယ့် သေချာလေး ဂရုစိုက်တာတော့ အကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။