ဖရုံစေ့မှာ ဗီတာမင် A၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ copper၊ ဇင့်၊ သံဓာတ် တို့ ပါဝင်နေသလို ပရိုတင်းကြွယ်ဝပြီး ဟော်မုန်းတွေကို ထိန်းညှိပေးတဲ့ monounsaturated fatsတွေ ပါဝင်နေတာကြောင့် ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ အရိုးမပွစေဖို့ ထောက်ကူပေးနိုင်သလို သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။ ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။
နှမ်းကြတ်စေ့မှာ မျိုးပွားအင်္ဂါ ကျန်းမာစေနိုင်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပါတယ်။ omega-3-fatty acids ပါဝင်တာကြောင့် estrogen ထွက်ရှိမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ရာသီသွေးမှန်စေသလို PCOS ကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲတာ၊ ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။
Chia စေ့မှာ သံဓာတ်၊ ဇင့်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပြီး ရာသီလာချိန်မှာ စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးပြီး PCOS ခံစားနေရသူတွေမှာ ဟော်မုန်းကို ထိန်းညှိပေးပြီး ရာသီသွေးမှန်စေဖို့ ထောက်ကူပေးပါတယ်။
ပုံမှန် ရာသီသွေးဆင်းစေဖို့နဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
နှမ်းမှာ ဇင့်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် ပါဝင်နေသလို ဗီတာမင် E လည်း ပါဝင်နေတာကြောင့် မျိုးပွားစနစ် ကျန်းမာစေနိုင်ပါတယ်။ ဟော်မုန်းကို ထိန်းညှိပေးပြီး progesterone ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းစေသလို သွေးတွင်းကိုလက်စထရောကိုလည်း ထိန်းညှိပေးပါတယ်။
နေကြာစေ့ ဗီတာမင် E ပါဝင်နေတာကြောင့် ရာသီအကြို လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ Progesterone ဟော်မုန်း ထွက်ရှိဖို့ လှုံ့ဆော်ပေးပြီး PCOS ကြောင့် ရောင်ရမ်းတာ၊ စိတ်ခံစားမှု ပြောင်းလဲလိုမျိုး လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆီလီနီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေပြီး အသည်း လုပ်ဆောင်မှု ကောင်းစေသလို အခြားကျန်းမာရေး ကောင်းကျိုးတွေလည်း ပေးစွမ်းပါတယ်။
ကဲ ……. PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ က ဘာတွေလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။