အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

မျိုးဥအိမ် ရေအိတ်တည်ခြင်း အကြောင်းသိကောင်းစရာ အပြည့်အစုံ

အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းမှာ မက်မွန်သီးနဲ့ ပုံစံရော၊ အရွယ်အစားပါ အတူတူလောက်ရှိတဲ့ မျိုးဥအိမ် ၂ခုရှိပါတယ်။ မျိုးဥအိမ် တစ်ခုစီက သားအိမ်ရဲ့တစ်ဖက်တစ်ချက်စီမှာ တည်ရှိပါတယ်။ မျိုးဥတွေဟာ မျိုးဥအိမ် ထဲမှာ ကြီးထွားလာပြီး လစဉ် ဓမ္မတာစက်ဝန်းကာလအတွင်းမှာ မျိုးဥအိမ်က ထွက်ရှိပါတယ်။ မျိုးဥအိမ် ရေအိတ်ဆိုတာ မျိုးဥအိမ်အတွင်းနဲ့ မျိုးဥအိမ်မျက်နှာပြင်ပေါ်မှာ ဖြစ်တတ်တဲ့ အရည်တွေပြည့်နေတဲ့ အိတ်ကိုခေါ်တာပါ။ မျိုးဥအိမ်ရေအိတ်တွေရဲ့ အရွယ်အစားကတော့ အမျိုးမျိုးရှိပြီး ပဲစေ့အရွယ်ကနေ လိမ္မော်သီးထက်ကြီးတဲ့ အရွယ်အထိရှိပါတယ်။ အမျိုးသမီး တော်တော်များများက သူတို့ဘဝသက်တမ်း တစ်လျှောက် မျိုးဥအိမ် ရေအိတ်တွေ ဖြစ်တတ်ကြပါတယ်။ များသောအားဖြင့် မျိုးဥအိမ်ရေအိတ်တွေဟာ အနည်းငယ် မသက်မသာဖြစ်ရုံကလွဲပြီး အန္တရာယ်မရှိကြပါဘူး။ မျိုးဥအိမ် ရေအိတ်တည်ခြင်း တော်တော်များများက ဘာကုသမှု ခံယူစရာမှမလိုဘဲ လအနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် မျိုးဥအိမ် ရေအိတ် ပေါက်ပြဲသွားမယ်ဆိုရင်တော့ ပြင်းထန်တဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မွေးလမ်းကြောင်း စွန့်ပစ်အရည် ရဲ့အရောင်များက ပြောနေတဲ့ သင့်ရဲ့ ကျန်းမာရေး

မွေးလမ်းကြောင်း စွန့်ပစ်အရည် (Vaginal discharge) တွေဟာ အမျိုးသမီး မျိုးပွားအင်္ဂါစနစ်ထဲကသန့်ရှင်းရေးပိုင်းကို တာဝန်ယူထားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မွေးလမ်းကြောင်း (vagina) နဲ့ သားအိမ်ခေါင်းထဲက ဂလင်းတွေ စစ်ထုတ်တဲ့ အရည်တွေဟာ ဆဲလ်အသေတွေနဲ့ ဘက်တီးရီးယားတွေကို အပြင်ထုတ်ပေးပြီး မွေးလမ်းကြောင်း သန့်ရှင်းရေးနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဟာ အမျိုးသမီး တော်တော်များများမှာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဓမ္မတာ စက်ဝန်းလာတဲ့ အချိန်ပေါ် မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေရဲ့ အနံ့နဲ့ အရောင်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ မျိုးဥကြွေချိန်၊ နို့ချိုတိုက်ကျွေးချိန်နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်တက်ကြွမှု ဖြစ်တဲ့အချိန်တွေမှာ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေဟာ ပိုများနိုင်ပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပေါ်မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေရဲ့ အနံ့အသက်က ပြောင်းလဲနိုင်ပါတယ်။ ဒီလို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မွေးလမ်းကြောင်း (Vagina) ကျန်းမာရေးအတွက် အကောင်းဆုံး အစားအသောက်များ။

လိင်အင်္ဂါတွေဟာ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂါတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ လိင်အင်္ဂါတွေဟာ ဆီးလမ်းကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပူးတွဲလုပ်ဆောင်နေတဲ့ အင်္ဂါတွေ ဖြစ်တာကြောင့် ဒီအင်္ဂါအစိတ်အပိုင်းတွေ ကျန်းမာနေဖို့က အရေးကြီးပါတယ်။ တစ်ခါတရံမှာ အမျိုးသမီးမွေးလမ်းကြောင်းမှ အနံအသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီး အင်္ဂါမှ သွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင် ဒါဟာ မွေးလမ်းကြောင်းရဲ့ pH ဟာ မညီမမျှ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ pH ဆိုတာ အရာဝတ္ထုတစ်ခု ဘယ်လောက် အက်ဆစ်ဓါတ်များသလဲ၊ ဘယ်လောက်အယ်ကာလီဓါတ်များသလဲဆိုတာကို တိုင်းတာပေးတဲ့ အတိုင်းအတာ တစ်ပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး ၇ အောက်နည်းတဲ့ အရာဝတ္ထုတွေကို အက်ဆစ်ဓါတ်များတယ်လို့ သတ်မှတ်ပါတယ်။ ၇ ထက်များတဲ့ အရာတွေကိုတော့ အယ်ကာလီဓါတ်များတယ်လို့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက်

ကျန်းမာရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမှာ၊ မေးရမှာ ရှက်ရွံ့ကြတဲ့အထဲမှာ မိန်းမကိုယ်ကျန်းမာရေးလည်းပါဝင်ပါတယ်။ မိန်းကလေးတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေကိုလည်းသိထားသင့်တာပေါ့။ မမြင်ကွယ်ရာ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် သူ့မှာပြဿနာတစ်ခုခုရှိနေရင် စိတ်ဖိစီးတာတွေ၊ အိမ်ထောင်ဘက်နဲ့အဆင်မပြေတာတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာတွေ စတဲ့ တခြားကိစ္စတွေမှာပါ ထိခိုက်လာစေနိုင်တာကိုး။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ မေးဖို့ ရှက်ကြတဲ့ မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် လေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက် မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် တွေက ဘာတွေများလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်နဲ့သားအိမ်ဟာ မိန်းကလေးတွေမှာပဲရှိတဲ့ ထူးခြားတဲ့လက်ဆောင်ပါ။ ဒီအစိတ်အပိုင်းတွေကြောင့်ပဲ အမေမွေးလို့ လူတွေဖြစ်လာတာမဟုတ်လား။ မိန်းမကိုယ်ကို အမျိုးသမီးအင်္ဂါရဲ့အပြင်ဘက် ယောနိဝကနေ သားအိမ်ခေါင်းဆီကို တွယ်ဆက်ထားတဲ့မွေးလမ်းကြောင်းလို့လည်း ခေါ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်နေတဲ့ မိန်းမကိုယ်ရဲ့ကျန်းမာရေးကို ဘယ်အချက်တွေက သက်ရောက်မှုရှိနိုင်လဲဆိုတာ ဆက်လေ့လာကြည့်ကြမယ်။ (၁) […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်ရှင်းရေး လုပ်တဲ့အခါ ဘာကြောင့် ကိုယ်တိုက်ဆပ်ပြာကို မသုံးသင့်တာလဲ

မိန်းကလေး တစ်ယောက်အတွက် မိန်းမကိုယ် ဆိုတာ အရမ်းကို နူးညံ့ပြီး အထိခိုက်မခံတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ တည်ဆောက်ပေးတဲ့နေရာဆိုလည်း မမှားပါဘူး။ မိတ်ကပ်တွေတော့ လိမ်းထားပါရဲ့။ မိန်းမကိုယ်က အဖြူဆင်းများပြီး ယားနေတာ၊ ပိုးဝင်မှိုစွဲပြီး ရောင်ရမ်းနေတာဆို လူကြားထဲ ဘယ်လိုလုပ် ယုံကြည်မှု အပြည့်နဲ့ သွားရဲတော့မလဲနော်။ ဒီတော့ အခြားကိုယ်ပေါ်က အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါသေးတယ်။ ဒါမှ ပြီးပြည့်စုံတဲ့ အလှအပနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်နိုင်မှာလေ။ ကဲ သန့်ရှင်းရေးလုပ်ဖို့ ဘယ်လို အရေးကြီးလဲဆိုတဲ့ အပိုင်းကို ပြောပြီးသွားပြီဆိုတော့ သန့်ရှင်းရေး ဘယ်လိုလုပ်ရမှာလဲ။ မိန်းမကိုယ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမှာလဲ အမျိုးသမီးတော်တော်များများ အမှတ်မှားနေတာက မိန်းမကိုယ်လည်း ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုပဲ။ ဆပ်ပြာနဲ့ ရေနဲ့ သုံးလိုက်ရင် ဘက်တီးရီးယားတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားတွေ ဘာကြောင့် ယားရတာလဲ

ရင်သားတွေဟာ အာရုံခံစားနိုင်စွမ်းကောင်းမွန်ပြီး နူးညံ့တဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရင်သားဟာ ယားယံလွယ်တတ်ပါတယ်။ များသောအားဖြင့် ရင်သားတွေ အဝတ်နဲ့ ပွတ်တိုက်မိခြင်း၊ နှင်းခူနာ၊ နို့ချိုတိုက်ကျွေးရခြင်း၊ သန္ဓေလွယ်ထားရခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ရင်သားတွေ ယားယံတတ်ကြပါတယ်။ ပြင်းထန်တဲ့ ရောဂါ ဖြစ်နေလို့ ရင်သားယားယံတဲ့ ဖြစ်စဉ်တွေက တော်တော်ရှားပါတယ်။ ရင်သားယားယံတဲ့အခါ များသောအားဖြင့် ကုတ်လိုက်ရုံနဲ့ သာမန်ပျောက်သွားလေ့ရှိပေမဲ့ တစ်ခါတစ်ရံ ယားနာပျောက်ဆေးလို ဆေးတွေသုံးတာတောင် ယားနေတုန်းဆိုရင်တော့ တခြား ရောဂါတွေ ဖြစ်နေနိုင်တဲ့အတွက်ဆရာဝန်ထံ သွားရောက်ပြသသင့်ပါပြီ။ ကျွန်တော် ဒီဆောင်းပါးလေးထဲမှာတော့ Hello ဆရာဝန် စာဖတ်ပရိတ်သတ် အမျိုးသမီးတွေအတွက် ရင်သားတွေ ဘာကြောင့် ယားရတာလဲ ဆိုတာကို ဖော်ပြပေးသွားမှာပါ။ ရင်သားတွေ ဘာကြောင့် ယားရတာလဲ ၁။ ရာသီဥတု ခြောက်သွေ့ခြင်း။ အေးချမ်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုတွေက သင့်ရဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်လေးနဲ့ပတ်သက်လို့ သိထားသင့်တာလေးအချို့

မိန်းကလေးတစ်ယောက်ကိုယ့်ကိုကိုယ် ကျန်းမာတက်ကြွတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်စောင့်ရှောက်ဖို့ဆိုရင် သိထားဖို့လိုမယ့်အချက်တစ်ခုရှိပါတယ်နော်။ ဒါက ခန္ဓါကိုယ်ကိုတင် ကျန်းမာအောင်စောင့်ရှောက်ရမှာ မဟုတ်ဘဲ မိန်းကလေးတစ်ယောက်အတွက်အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်လေးကိုလည်းဂရုစိုက်ဖို့လိုပါမယ်နော်။ မိန်းမကိုယ်ရဲ့ အခန်းကဏ္ဍ မိန်းမကိုယ်လေးက လစဉ်ရာသီသွေးဆင်းဖို့အတွက်၊ ဆီးသွားဖို့အတွက်၊ ကာမဂုဏ်ခံစားဖို့အတွက် နဲ့ မျိုးဆက်ပွားဖို့အတွက်ပါတာဝန်ထမ်းဆောင်ပေးရရှာပါတယ်နော်။ ဒါကြောင့် သူလေးကျန်းမာမှလေဒီလေးတို့ ကျန်းမာတော့မှာပေါ့။ သူသာမကျန်းမာရင်နေရထိုင်ရခက်တာ၊အနံ့အသက်ဆိုးဖြစ်တာအပြင် နှစ်ဦးကြားဆက်ဆံရေးတွေမှာပါ အဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်နော်။ရေရှည်မှာ စိတ်ဖိစီးမှုများလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုကျဆင်းတာတွေတောင်ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကင်းဖို့ကတော့ လွယ်ပါတယ်။ မိန်းမကိုယ်လေးကျန်းမာအောင် ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို သိထားရင်ကိုရပြီလေနော်။ ဘာတွေက မိန်းမကိုယ်လေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်လဲ မိန်မကိုယ်လေးက လုပ်ဆောင်ပေးရတဲ့လုပ်ငန်းတွေများတာကြောင့် ထိခိုက်နိုင်ခြေကလည်းများပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံတာ - အကာအကွယ်မဲ့လိင်ဆက်ဆံတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်နော်။ အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာ - အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာက မိန်းမကိုယ်ကိုလေဝင်လေထွက်မကောင်းစေဘဲ အနံ့အသက်ဆိုးထွက်တာ အပြင် မိန်းမကိုယ်မှိုစွဲတာတွေကိုဖြစ်စေနိုင်ပါတယ်။ ချည်သားမဟုတ်တဲ့ အတွင်းခံဝတ်ဆင်တာ– အတွင်းခံရွေးချယ်တဲ့အခါမှာလည်းချွေးစုပ်ပြီး နေရတာသက်တောင့်သက်သာဖြစ်တဲ့ချည်သားအတွင်းခံတွေကိုပဲဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေကအနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။ အနံ့ပြင်းတဲ့ရေအိမ်သုံးတစ်သျှူးတွေအသုံးပြုတာ– တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာအပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။ စက်ဘီးစီးတာ–စက်ဘီးစီးတာ၊မြင်းစီးတာလိုမျိုး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginal pH ဆိုတာ မိန်းကလေးတွေအတွက် ဘာလို့အရေးကြီးတာလဲ

မိန်းကလေးတွေမှာပဲ ပိုင်ဆိုင်တဲ့ မိန်းမကိုယ်ဆိုတာ ဆန်းကြယ်တဲ့ဖွဲ့စည်းမှုတစ်ခုပါပဲ။ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက်လည်း အရေးပါတယ်၊ လူသားတစ်ယောက်ဖြစ်လာဖို့လည်း အစပျိုးပေးတဲ့နေရာအစိတ်အပိုင်းဖြစ်တယ်၊ သူ့ရဲ့သန့်ရှင်းမှုအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးမယ့် သဘာဝစနစ်လည်းပါရှိပြီးသားဖြစ်ပါတယ်။ ပိုထူးဆန်းတာက မိန်းမကိုယ်ကနေထွက်ရှိတဲ့ အရည်(ရာသီသွေးမဟုတ်တဲ့)တွေက သူ့အလိုလိုဆေးကြောသန့်စင်ပေးပြီးရောဂါပိုးတွေကိုဖယ်ရှားပေးတယ်၊ ကျန်းမာတဲ့ pH အဆင့်ကိုထိန်းညှိထားနိုင်ရင် အကျိုးပြုဘက်တီးရီးယားလေးတွေအလုံအလောက်ရှင်သန်နိုင်ပြီးရောဂါပိုးတွေကိုခုခံကာကွယ်ပေးနိုင်တယ်။ အများစုသိထားကြတာက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်အောက်ပိုင်းအစိတ်အပိုင်းတွေက မသန့်ရှင်းဘူး၊ ညစ်ပတ်တယ်လို့။ အဲဒီတော့ သန့်အောင်၊အနံ့အသက်မထွက်အောင် ဆိုပြီး ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာတွေနဲ့သေချာဆေးကြောကြတာပေါ့။ ဒီနေရာမှာပဲ မိန်းမကိုယ်ကို အလိုအလျောက် စောင့်ရှောက်ပေးမယ့် သဘာဝ pH စနစ်က ပျက်ယွင်းသွားပါတော့တယ်။ Vaginal pH ဆိုတာ ဘာလဲ pH ဆိုတာ အရည်နဲ့ဒြပ်ဝတ္ထုတွေမှာ အက်စစ် (သို့) အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာအမှတ်စနစ်တစ်ခုပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး pH 7 အောက် အမှတ်တွေက အက်စစ်ပိုများနေတာကို […]


ရာသီလာခြင်း

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

မိန်းကလေးတွေရဲ့တစ်သက်တာမှာ ရှောင်လွှဲမရတာက အရွယ်ရောက်တာနဲ့ ကြုံလာရတဲ့ ဓမ္မတာ သွေးဆင်းခြင်းဖြစ်ပါတယ်။ သွေးဆုံးချိန်အထိ လစဉ်ကြုံတွေ့နေရမယ့် ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါ ပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံး ပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံး ပစ္စည်းတောင် သုံးဖို့ မလိုလောက်အောင် ရာသီသွေး ဆင်း နည်းလွန်းတဲ့၊ ရာသီလာရက် တိုလွန်းတဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။ တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲ နေ့စဉ်သုံး အပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။ ဒီနေရာမှာ မေးစရာ ရှိနိုင်တာက ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား ဆိုတာပေါ့။ ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ အထူးစားသုံးပေးသင့်တဲ့ အစားအသောက်များ

အမျိုးသမီးများ အထူးစားသုံးပေးသင့်တဲ့ အစားအသောက်များ ကျန်းမာရေးနဲ့ လျော်ညီတဲ့ အာဟာရဓါတ်တွေ လုံလုံလောက်လောက်စားသုံးပေးဖို့ ဆိုတာ လူတိုင်း အတွက် အရေးကြီးပါတယ်။ ဒီအထဲမှာမှ တစ်ချို့သော အစားအစာတွေက အမျိုးသမီးတွေရဲ့ အရိုးကြွပ်ဆပ်ခြင်းကို တားဆီးပေးခြင်း၊ သန္ဓေသားအတွက်ကောင်းမွန်ခြင်းနဲ့ ရင်သားကင်ဆာကို တားဆီးပေးနိုင်ကြပါတယ်။ ဒီလို အမျိုးသမီးတွေ အတွက် အထူးသင့်တော်တဲ့အာဟာရတွေ စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အသက်အရွယ်ရလာချိန်အထိတောင် အထူးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ (၁) ကိုက်လန် ကိုက်လန်ဆိုတာ ကမ္ဘာ့ကျန်းမာရေး အကောင်းဆုံး အသီးအနှံလို့တောင်ပြောလို့ရပါတယ်။ ကိုက်လန်မှာပါတဲ့ အာဟာရတွေက အမျိုးသမီးတွေရဲ့ အရေပြား၊ ဆံပင်နဲ့ အရိုးတွေကို သန်စွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ အမျှင်ဓါတ်တွေ ပါဝင်တဲ့ အတွက်လည်း အစာခြေ စနစ်အတွက်ကောင်းမွန်ပြီး နှလုံးသွေးကြော ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ ဗီတာမင် K ၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း