မိန်းမကိုယ်ရဲ့ အခန်းကဏ္ဍ
မိန်းမကိုယ်လေးက လစဉ်ရာသီသွေးဆင်းဖို့အတွက်၊ ဆီးသွားဖို့အတွက်၊ ကာမဂုဏ်ခံစားဖို့အတွက် နဲ့ မျိုးဆက်ပွားဖို့အတွက်ပါတာဝန်ထမ်းဆောင်ပေးရရှာပါတယ်နော်။ ဒါကြောင့် သူလေးကျန်းမာမှလေဒီလေးတို့ ကျန်းမာတော့မှာပေါ့။ သူသာမကျန်းမာရင်နေရထိုင်ရခက်တာ၊အနံ့အသက်ဆိုးဖြစ်တာအပြင် နှစ်ဦးကြားဆက်ဆံရေးတွေမှာပါ အဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်နော်။ရေရှည်မှာ စိတ်ဖိစီးမှုများလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုကျဆင်းတာတွေတောင်ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကင်းဖို့ကတော့ လွယ်ပါတယ်။ မိန်းမကိုယ်လေးကျန်းမာအောင် ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို သိထားရင်ကိုရပြီလေနော်။
ဘာတွေက မိန်းမကိုယ်လေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်လဲ
မိန်မကိုယ်လေးက လုပ်ဆောင်ပေးရတဲ့လုပ်ငန်းတွေများတာကြောင့် ထိခိုက်နိုင်ခြေကလည်းများပါတယ်။
အကာအကွယ်မဲ့လိင်ဆက်ဆံတာ – အကာအကွယ်မဲ့လိင်ဆက်ဆံတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်နော်။
အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာ – အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာက မိန်းမကိုယ်ကိုလေဝင်လေထွက်မကောင်းစေဘဲ အနံ့အသက်ဆိုးထွက်တာ အပြင် မိန်းမကိုယ်မှိုစွဲတာတွေကိုဖြစ်စေနိုင်ပါတယ်။
ချည်သားမဟုတ်တဲ့ အတွင်းခံဝတ်ဆင်တာ– အတွင်းခံရွေးချယ်တဲ့အခါမှာလည်းချွေးစုပ်ပြီး နေရတာသက်တောင့်သက်သာဖြစ်တဲ့ချည်သားအတွင်းခံတွေကိုပဲဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေကအနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။
အနံ့ပြင်းတဲ့ရေအိမ်သုံးတစ်သျှူးတွေအသုံးပြုတာ– တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာအပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။