(၄)ရောဂါအခံနဲ့ ကုသမှုများ
သားအိမ်ဆဲလ်များ သားအိမ်ပြင်ပရောက်နေသော ရောဂါ(Endometriosis) နဲ့ နာတာရှည်တင်ပါးဆုံရောင်ရမ်းခြင်း (pelvic inflammatory disease)တို့လိုရောဂါတွေက လိင်ဆက်ဆံတဲ့အခါနာကျင်စေနိုင်ပါတယ်။ တင်ပါးဆုံပိုင်းခွဲစိတ်မှုနဲ့ကင်ဆာကုထုံးတချို့ကြောင့်လည်း လိင်ဆက်ဆံချိန်မှာနာကျင်ရနိုင်တယ်။ ပဋိဇီဝဆေးဝါးတွေသောက်သုံးရရင်လည်း မိန်းမကိုယ်မှိုပိုးဝင်ဖို့ ပိုဖြစ်လွယ်စေပါတယ်။
(၅) အမွှေးနံ့ပြင်းတဲ့တစ်ကိုယ်ရေသုံးပစ္စည်း
အနံ့ဆိုးကင်းပြီး အမြဲမွှေးကြိုင်နေစေဖို့ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေတိုက်၊ ဖျန်းဆေးတွေ၊ အတွင်းပိုင်းဆေးကြောတဲ့ဆေးရည်တွေသုံးတာက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာသေချာပါတယ်။ မိန်းမကိုယ်ကိုခြောက်သွေ့ယားယံတာ၊ သဘာဝကာကွယ်မှုစနစ်ကိုထိန်းညှိပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေလျော့နည်းတာ၊ရောဂါပိုးဝင်လွယ်တာတွေဖြစ်လာစေနိုင်တယ်။ နဂိုကမှ မိန်းမကိုယ်ကျန်းမာရေးမှာပြဿနာရှိနေရင်လည်း ပိုဆိုးစေနိုင်ပါတယ်။
(၆) ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမီးဖွားခြင်း
ကိုယ်ဝန်ဆောင်ရပြီဆို ကလေးမွေးတဲ့အထိ ရာသီသွေးမဆင်းတော့ဘူးမလား။ အဲဒီကာလအတွင်းမှာ အဖြူဆင်းတာ ပိုများတတ်ပါတယ်။ ကလေးမွေးတဲ့အခါလည်း မိန်းမကိုယ်စုတ်ပြဲခြင်းလည်းဖြစ်ရတယ်(ရိုးရိုးမွေးရင်)၊ တစ်ခါတလေလိုအပ်လာရင်ဆရာဝန်တွေက episiotomy လို့ခေါ်တဲ့ မိန်းမကိုယ်အဝကို ခွဲစိတ်ချဲ့ပေးတာလည်း လုပ်ပေးပါတယ်။ ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာ မိန်းမကိုယ်ရဲ့ကြွက်သားကျုံ့ဆန့်နိုင်စွမ်းကလည်း အားလျော့သွားနိုင်ပါတယ်။
(၇)ဆီးချိုသွေးချို
မှိုပိုးဝင်ခြင်း ခဏခဏဖြစ်နေတာက အမျိုးသမီးတွေမှာ ဆီးချိုသွေးချိုဖြစ်နေကြောင်း ကနဦးလက္ခဏာဖြစ်နေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ပမာဏမြင့်တက်နေတဲ့အခါ အထူးသဖြင့် မိန်းမကိုယ်တစ်ရှူးတွေအတွင်းမှာ မှိုပိုးတွေပေါက်ဖွားရှင်သန်ရာတစ်ခုဖန်တီးသလိုဖြစ်စေနိုင်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ အမျိုးသမီးတွေမှာ မှိုပိုးဝင်ခြင်း အမြဲလိုလိုဖြစ်နေလို့ အတော်ဒုက္ခရောက်ရပါတယ်။
(၈)ဟော်မုန်းပမာဏ
မိန်းကလေးတွေမှာရှိတဲ့ဟော်မုန်းပမာဏအပြောင်းအလဲတွေက မိန်းမကိုယ်ကို ထိခိုက်စေနိုင်တယ်။ ဥပမာ သွေးဆုံးပြီးနောက်ပိုင်း ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့ကာလတွေမှာ အက်စထရိုဂျင်ဟော်မုန်းထုတ်လုပ်မှုကျဆင်းသွားနိုင်တယ်။ အက်စထရိုဂျင်လျော့ကျမှုက မိန်းမကိုယ်မြှေးနံရံကို ပါးစေပြီးမွေးလမ်းကြောင်းကိုခြောက်သွေ့စေနိုင်ပါတယ်။
မိန်းမကိုယ်မှာ ပြဿနာတစ်ခုခုရှိနေပြီဆိုရင် –
- အဖြူဆင်းတာက အရောင်၊ အနံ့၊ ပမာဏာပြောင်းလဲလာတာ၊
- မိန်းမကိုယ်မှာ နီမြန်းတာ၊ ယားယံတာ၊
- ရာသီလာမယ့်ရက်မဟုတ်ဘဲ ကြားချိန်မှာ၊ လိင်ဆက်ဆံပြီးချိန်မှာ၊ ဒါမှမဟုတ် သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းတာ၊
- မိန်းမကိုယ်မှာ အခဲပိတ်ဆို့တာ၊
- လိင်ဆက်ဆံရင်နာကျင်တာ စတဲ့ လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် ဆရာဝန်ပြပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။