ဒါ့ကြောင့် ဘယ်လောက်ပဲ မိန်းမကိုယ်သန့်ရှင်းအောင် လုပ်လုပ် ဆပ်ပြာကိုတော့ မသုံးသင့်ပါဘူး။ ဆပ်ပြာ မသုံးရဘူးဆိုတော့ မိန်းမကိုယ်သန့်ရှင်းရေးအတွက် ဘာသုံးရမှာလဲ။
မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့ အမျိုးသမီး သန့်စင်ဆေးရည်တွေ ရှိပါတယ်။ သူတို့ကရော ဆပ်ပြာနဲ့ မတူဘူးလား။ ။
အမျိုးသမီးသန့်စင်ဆေးရည် တွေနဲ့ ဆပ်ပြာနဲ့ လုံးဝကို မတူပါဘူး။ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေဟာ
- မိန်းမကိုယ် အရေပြား pH နဲ့ ညီမျှအောင်ထုတ်ထားတာကြောင့် pH ပမဏကို ကမောက်ကမ မဖြစ်စေပါဘူး။
- ဓာတုပစ္စည်းတွေ မပါဝင်တဲ့အပြင် အမွှေးနံ့ ပြင်းပြင်း တွေ သုံးမထားလို့ မိန်းမကိုယ် ခြောက်သွေ့ရောင်ရမ်းခြင်းကို မဖြစ်စေပါဘူး။ မိန်းမကိုယ်ကနေထွက်တဲ့ အနံ့ဆိုးတွေကိုတောင် ကာကွယ်ပေးဦးမှာပါ။
- ဒ့ါအပြင် မိန်းမကိုယ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အားပေးတဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရဓာတ် Prebiotic လည်း ပါဝင်တာကြောင့် မိန်းမကိုယ်တွင်းက သဘာဝ ခုခံအားစနစ်ကို အားဖြည့်ပေးတဲ့အတွက် မိန်းမကိုယ်ပိုးဝင်ပြီးရောင်ရမ်းတာ၊ မှိုစွဲပြီး ယားယံတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဒါကြောင့် မိန်းမကိုယ် သန့်ရှင်းရေး လုပ်တဲ့အခါ ဆပ်ပြာအပြင်စားတွေမသုံးပါနဲ့။ အမျိုးသမီး သန့်စင်ဆေးရည် သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ရေများများနဲ့ ဆေးပေးနိုင်ပါတယ်။ မိန်းမကိုယ်မှာ သဘာဝအရကို အလိုလိုသန့်ရှင်းရေး လုပ်တတ်ပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းကို ဘာနဲ့မှ မဆေးသင့်ပါဘူး။
မိန်းမကိုယ်မှိုစွဲတယ်လို့ သံသယရှိရင်၊ ယားယံရင်၊ ပုံမှန်မဟုတ်တဲ့ အဖြူတွေဆင်းရင် သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာကုသမှု ခံယူသင့်ပါတယ်။
ရေးသားသူ- Dr Thin [email protected] Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။