အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာတဲ့ ရင်သား တွေကို ပိုင်ဆိုင် ရရှိစေနိုင်မယ့် နည်းလမ်းများ

ရင်သား ကင်ဆာ ဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးပါ။ မိသားစုထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့ မှတ်တမ်းရှိမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေက ပိုပြီးမြင့်ပါတယ်။ အသက်အရွယ်ရလာတာနဲ့ မျိုးပွားဟော်မုန်း ပမာဏတွေ ပြောင်းလဲလာမှုကြောင့် ရင်သားက စတင်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ရင်သားက ပိုပြီး ပျော့ကာ တွဲကျလာမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရပ်တွေအပြင် နောက်ထပ် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကတော့ အကျိတ်တွေနဲ့ ရင်သားကင်ဆာပါပဲ။ ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် အမြန်ဆုံး သိရှိနိုင်ဖို့ အတွက် ပုံမှန်ဆေးစစ်မှု ခံယူဖို့က အရမ်းအရေးကြီးပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ခန္ဓာကိုယ်ကျန်းမာရေး အလှအပကို မျက်ခြေမပျက် အမြဲစောင့်ကြည့်နေသလိုမျိုး ရင်သားတွေကိုလည်း အမြဲတမ်းပုံမှန်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့ ရင်သားပေါ်က ပြောင်းလဲမှုတွေကို စစ်ဆေးဖို့အတွက် စစ်ဆေးနည်းတွေကို ဆရာဝန်များထံမှ သင်ယူပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ

အမျိုးသမီး တစ်ယောက်ရဲ့ ရင်သားတွေဟာ အပျိုဖော်ဝင်ခြင်းနဲ့ သန္ဓေဆောင်ခြင်းတို့လို သဘာဝ ဖြစ်စဉ်တွေကြောင့် ပြောင်းလဲတတ်ပါတယ်။ ရင်သား ထိပ်ခေါင်းတွေကတော့အရောင် မပြောင်းတတ်ကြပေမဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က areola လို့ခေါ်တဲ့ စက်ဝိုင်းပုံစံ အရေပြားဧရိယာလေးကတော့ အရောင်ပြောင်းနိုင်ပါတယ်။ အာရှသူတွေအတွက် ရင်သားထိပ်ခေါင်းတွေက ညိုတတ်ပေမဲ့ တချို့အချိန်တွေမှာ အရောင်ပိုရင့်တတ်ပါတယ်။ ပုံမှန်အားဖြင့် Areola အရောင်ပြောင်းတာက အန္တရာယ် မရှိပေမဲ့ တစ်ခါတစ်ရံမှာတော့ ကျန်းမာရေး အန္တရာယ်ရှိနေနိုင်တဲ့ အတွက် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြပေးချင်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ သောက်သုံးရတဲ့ သန္ဓေတားဆေးများ၊ အပျိုဖော်ဝင်ခြင်း၊ သန္ဓေဆောင်ရခြင်း၊ ရင်သားထိပ်ခေါင်းများမှ အမွေးများကြောင့်၊ ဓမ္မတာ လာခြင်းကြောင့်၊ နို့ချို့တိုက်ကျွေးရခြင်း၊ ကင်ဆာရောဂါ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ နောက်လာမယ့်စာပိုဒ်တွေမှာတော့ […]


ရာသီလာခြင်း

ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးရင် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

အမျိုးသမီးေတွအနေနဲ့ တစ်လတစ်ခါရှောင်လွှဲလို့မရဘဲ ကြုံတွေ့နေရတဲ့ပြဿနာက ရာသီသွေးဆင်းတာပါ။ အမျိုးသမီးတစ်ယောက်မှာ ကျန်းမာလှပဖို့အတွက်ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လည်းလိုအပ်ပါတယ်။ ဒီလိုရာသီသွေးဆင်းတဲ့အခါ နာကျင်ကိုက်ခဲတာကလည်း အတော်လေးကိုခံရခက်တဲ့ပြဿနာနော်။ အဲ့လိုအချိန်ဆိုနေ့စဉ်လုပ်နေကျအလုပ်တွေကို မလုပ်ချင်တာ၊ ခန္ဓါကိုယ်ထဲမှာ ကိုက်ခဲနေတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို ကင်းဝေးစေမယ့် နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့လေ့ကျင့်ခန်းလုပ်တာဆို အံ့သြသွားမလား။ ဒီနေရာမှာတော်တော်များများ အမှတ်မှားနေတဲ့အရာလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါကတော့ မိန်းကလေးတွေအနေနဲ့ ရာသီလာနေချိန်မှာလေ့ကျင့်ခန်းမလုပ်ရဘူး ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါကမမှန်ပါဘူး။လေ့ကျင့်ခန်း အပြင်းစားတွေကို မလုပ်ရတာပါ။ အရမ်းမပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်ပေးမယ်ဆိုရင်တော့ ခန္ဓါကိုယ်ကျန်းမာပြီး နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေမှာပါ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓါကိုယ်ကခံနိုင်ရည်ရှိတဲ့ အနေအထားလောက်ပဲ လုပ်ဆောင်ဖို့ မမေ့ပါနဲ့။   ရာသီလာစဉ်လေ့ကျင့်ခန်းလုပ်ပေးတာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးက ဒီနေရာမှာ အားလုံးအတွက် စိတ်ချရအောင်ပြောပြပေးချင်တာ တစ်ခုက ရာသီလာနေချိန်မှာလေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်ကို ထိခိုက်စေတာမျိုး မရှိဘူး၊လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့် ရာသီလာချိန်မှာဖြစ်တဲ့ စိတ်ဓါတ်ကျတာနဲ့ စိတ်ဆိုးလွယ်တာမျိုး စိတ်အခြေအနေအပြောင်းအလဲဖြစ်တာကိုလျော့ပါးသက်သာစေနိုင် ပါတယ်။ ခန္ဓါကိုယ်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့်နောက်ထပ်ရရှိမယ့် […]


ရာသီလာခြင်း

မျိုးဥကြွေခြင်းအကြောင်း သိကောင်းစရာများ

ဓမ္မတာကို ပထမဆုံးကြုံဖူးပြီးချိန်မှာ မိန်းကလေးအများဟာ အမျိုးသမီးများ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အတော်လေး သိသွားကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကို မှန်ကန်စွာ တွက်ဆလိုသူများအဖို့ မျိုးဥကြွေခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မေ့ထားလို့ မရပါဘူး။ ဒီဆောင်းပါးမှာ မျိုးဥကြေါခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို မိတ်ဆက်ပေးထားပါတယ်။ ၁။ ဓမ္မတာလာချိန်တိုင်းမှာ သားအိမ်ခေါင်းမှ အရည်များ ပြောင်းလဲမှုရှိတယ်။ ဓမ္မတာလာစဉ်မှာ သေချာစွာ သတိထားမိရင် သားအိမ်ခေါင်းမှ ထွက်တဲ့အရည်တွေ ပြောင်းလဲမှုရှိတာ သိနိုင်ပါတယ်။ အရည်များဟာ ပိုမို စေးကပ်လာပါတယ်။ ကြက်ဥအကာနဲ့ တူလာပါတယ်။ တစ်ခါတရံမှာ မတွေ့ရဘဲလည်း ရှိတတ်ပါတယ်။ သားအိမ်ခေါင်းအရည်ကြည်ကို မတွေ့ရရင် ဒါဟာ မျိုးအောင်နိုင်တဲ့အချိန် မဟုတ်နိုင်ပါဘူး။ သားအိမ်ခေါင်း အရည်ကြည်ဟာ ကြက်ဥအကာနဲ့ တူနေရင်တော့ ဒါဟာ ကလေးရနိုင်ခြေ အများဆုံးအချိန်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါဟာ အမျိုးသမီးတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်လည်း မူတည်ပါသေးတယ်။ မျိုးဥကြွေချိန်ဟုတ်မဟုတ် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှုအပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရလဲ

ဒီနေ့ခေတ်မှာ ခေတ်သစ်ဆေးပညာတွေအရ ချစ်မှုရေးရာကိစ္စတွေမှာ တိုးတက်ဖို့ နည်းလမ်းအမျိုးမျိုး ရှိလာပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကို ကျဉ်းစေတဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု လို့ခေါ်တဲ့ မိန်းမကိုယ်ပြုပြင်သော နည်းလမ်းတွေပဲ ဖြစ်ပါတယ်။   မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု ဘာတွေလဲ မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှုဆိုတာ တဖြည်းဖြည်း ခံစားမှုလျော့ကျနေတဲ့ ဒါမှမဟုတ် အသက်ကြီးခြင်းနဲ့ ကလေးမွေးခြင်းကြောင့် လျော့ရဲလာတဲ့ မိန်းမကိုယ်ကို ပြန်လည်တင်းရင်းကျဉ်းမြောင်းစေသည့် မိန်းမကိုယ်ခွဲစိတ်ကုသမှု ပလတ်စတစ်ဆာဂျရီဖြစ်ပါတယ်။ တချို့ဆရာဝန်တွေက အဲဒီ နည်းလမ်းနဲ့ ချစ်သူ၂ယောက်ရဲ့ ချိုမြိန်တဲ့ အခိုက်အတန့်တွေကို ဆုံးဖြတ်ပေးနိုင်တဲ့ ခံစားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ မိန်းမကိုယ်ဆိုတာ ကျုံ့ဆန့်နိုင်တယ်ဆိုပေမယ့် ခွဲစိတ်ပြုပြင်ပြီး ကျဉ်းအောင်ပြုလုပ်ခြင်းဟာ လိင်စိတ်တုန့်ပြန်မှုမှာ တိုးတက်စေနိုင်ဆိုတာ မသေချာသေးပါဘူး။ လိင်စိတ်ပေါ်အောင် နှိုးဆွခြင်း၊ လိင်စိတ်ပြည့်ဝခြင်းဆိုတာတွေက အတော်ရှုပ်ထွေးပါတယ်၊ ရင်းနှီးမှု၊ စိတ်ခံစားချက်၊ ပင်ကိုယ်စိတ်သဘောထားတွေမှ တယောက်ချင်းဆီက မြင့်မားတဲ့ […]


ရာသီလာခြင်း

ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းများ

ဓမ္မတာလာခြင်းက အမျိုးသမီးတိုင်းအတွက် လစဉ်ကြုံတွေ့ရတဲ့ စိတ်ရှုပ်စရာကိစ္စတစ်ရပ်ပါ။ အိမ်အလုပ်လိုမျိုး ကိစ္စတွေ၊ သင်ကြားရေးတွေမှာ အဆင်မပြေသလို၊ ဝမ်းဗိုက်နဲ့ ကျောတို့မှာ အလွန်နာနာကျင်ကျင် ခံစားရပါတယ်။ အဲ့လိုဖြစ်ရပ်တွေကြောင့် ဓမ္မတာလာစဉ် နာကျင်မှုကို ဘယ်လိုသက်သာအောင် လုပ်မလဲဆိုတာ အမျိုးသမီးတွေအတွက် အသုံးအဝင်ဆုံး နည်းလမ်းပါ။ ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်ခြင်း ဒီမှာ ဘေးကင်းဖို့ သတိရှိရပါမယ်။ အာမခံ၊ ထောက်ခံပေးတဲ့ ဆေးအမျိုးအစားတွေကတော့ Ibuprofen နဲ့ Naproxen တို့ ဖြစ်ပါတယ်။ သူတို့ဟာ Nonsteroidal Anti-inflammatory Medication (NSAID) ဖြစ်ပြီး အသင့်အတင့် အသုံးပြုခြင်းဖြင့် ဓမ္မတာလာစဉ် နာကျင်မှုကို ဘေးရန်ကင်းကင်းနဲ့ သက်သာစေမှာပါ။ ဓမ္မတာလာစဉ် ထွက်ပေါ်တဲ့ Prostaglandins ကြောင့် နာကျင်မှု ဖြစ်ပေါ်တာပါ။ NSAID က […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းများ

တောင့်တင်းပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရခြင်းက အမျိုးသမီးတွေကို သက်သောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပါတယ်။ ခန္ဓာကိုယ်လို့ဆိုတဲ့အထဲမှာ ယောနိလဲ အပါအဝင်ပါ။ ခုတစ်ခေါက်တော့ သင့်ယောနိကို ဆရာဝန်တွေရဲ့ ကုသမှုတွေ၊ ခွဲစိတ်မှုတွေမလိုဘဲ သဘာဝအတိုင်း တင်းကျပ်စေမယ့် နည်းလမ်းကို ပြောပြပါ့မယ်။ ဒါကတော့ သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းများ အကြောင်းပဲ ဖြစ်ပါတယ်။ ယောနိလျော့ရဲသွားတာ ဘာကြောင့်လဲ။ လူတွေတွေးနေတာနဲ့ ကောလဟာလတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ ယောနိလျော့ရဲတာဟာ ချစ်တင်းနှောတာနဲ့ ပတ်သက်မှု မရှိတာ တွေ့ရပါတယ်။ ဆိုလိုတာက အကြိမ်ရေများစွာ ချစ်တင်းနှောတာက သင့်ယောနိရဲ့ ပုံစံနဲ့ အကျယ်ကို မပြောင်းလဲသွားစေပါဘူး။ ဘာကြောင့်လဲဆိုတော့ ယောနိရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားက အင်မတန်မှ အားကောင်းလို့ပါ။ အဲ့တော့ ဘယ်လောက်ပဲ ချစ်တင်းနှောပါစေ ဒါမှမဟုတ် သင့်အဖော်ရဲ့ ကိုယ်ပိုင်ပစ္စည်းက ဘယ်လောက်ပဲ […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

သားဥအိမ်အတွင်း ရေအိတ်တည် ခြင်းအတွက် ကုသမှုများ

သားဥအိမ်အတွင်း ရေအိတ်တည် တယ်ဆိုတာ ဘာလဲ။ ဘာကြောင့်ဖြစ်တာလဲ။ ရောဂါလက္ခဏာတွေနဲ့ ကုသမှုတွေက ဘာတွေလဲ။ ခုဆောင်းပါးမှာ ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပေးသွားမှာပါ။ သားဥအိမ်အတွင်း ရေအိတ်တည် တယ် (ovarian cysts) ဆိုတာ ဘာလဲ။ Ovarian cysts ဆိုတာ အရည်ကြည်ဖုလိုမျိုး အရည်တွေပြည့်နေတဲ့ အိတ်ကို ဆိုလိုတာပါ။ Ovrarian cysts တွေကို သားအိမ်ရဲ့ တစ်ဖက်တစ်ချက်မှာရှိတဲ့ ဗာဒံစေ့နဲ့တူတဲ့ သားဥအိမ်တွေမှာ တွေ့ရတတ်ပါတယ်။ Ovarian cysts တွေ အများစုက လူနာရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ လူနေမှုပုံစံတွေကို ထိခိုက်စေတာမျိုး မရှိပါဘူး။ အန္တရာယ်လည်း မပေးပါဘူး။ တချို့လူတွေမှာ ဘယ်ကုသမှု၊ ဆေးတွေရဲ့ အကူအညီမလိုဘဲ ပျောက်ကင်းတတ်ပါတယ်။ တချို့တွေမှာတော့ ovarian cysts ဟာ ကလေးရဖို့ခက်တာနဲ့ ဆက်စပ်နိုင်ပါတယ်။ ဒီနေရာမှာ သိထားရမှာက Polycystic […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု

သင့် နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေ (nipple hair) ကြောင့် ရှက်ရွံတာမျိုး ခံစားဖူးပါသလား။ ဒါဆိုရင် စိတ်မပူပါနဲ့တော့။ ခုဖော်ပြမယ့် ဆောင်းပါးက နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး နည်းလမ်း ၃ ခုကို ဖော်ပြသွားမှာပါ။ နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်းတွေကတော့ Laser Hair Removal Laser Hair Removal က မည်းမှောင်သော nipple hair ရှိတဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။ အမွေးအမျှင်တွေကို အားလုံးဖယ်ရှားမပြီးခင်မှာ ကုသမှုအချို့ကို ခံယူရပါမယ်။ နို့သီးခေါင်းပတ်လည်နေရာတွေက ထိရှလွယ်တာကြောင့် လူတစ်ယောက်ဆီကိုလိုက်ပြီး တခါတလေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီအလှအပအတွက် ကုသပေးတဲ့သူဆီမှာ ထုံစေတဲ့အဆီမျိုး တောင်းလို့ရနိုင်ပါတယ်။ ဒါက သင့်ကုသမှုကို အတတ်နိုင်ဆုံး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ ....... တစ်ခါဝတ်ပြီးတိုင်းလား။ တစ်ပတ်တစ်ခါလား။ ၂ပတ် ၃ပတ်နေမှလား။ အမှန်တော့ ခဏခဏ လျှော်နေဖို့ သိပ်မလိုပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင် ဘရာစီယာဟာ အကူအညီပေးလား ဒုက္ခပေးလား ဘရာစီယာနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ ပြဿနာတွေ ရှိပါတယ်။ တချို့ ဘရာစီယာအမျိုးအစားတွေက  တခြားအမျိုးအစားတွေထက် ပိုဆိုးပါတယ်။ မတော်တဲ့ ဘရာစီယာဟာ ပိုပြီး ဒုက္ခပေးပါတယ်။ ဒါပေမယ့် တင်းကျပ်တဲ့၊ မတော်တဲ့ ဘရာစီယာတွေထက် ပိုဆိုးတဲ့ အမျိုးအစားကတော့ ပုံဖော်ချုပ်လုပ်ထားတဲ့ ဘရာစီယာပါပဲ။ အဲဒီအမျိုးအစားတွေဟာ သတ္တု၊ ပလတ်စတစ် စတာတွေနဲ့ ပုံဖော်ထားပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ဆိုဒ်ကို သေချာ မတိုင်းတဲ့အခါ ရင်သားတွေနာတာ၊ ပုခုံးတွေ နာတာကို ခံစားရတတ်ပါတယ်။ ဘယ်လောက်ဆိုရင် များသွားမလဲ ဘရာစီယာကို ဘယ်အချိန်က နောက်ဆုံး လျှော်ခဲ့ပါသလဲ။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း