အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ မိန်းကလေးဖြစ်ရခြင်းကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရနိုင်လို့ပါပဲ။ ဒီတော့ အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အားနွဲ့သူတော့ မဟုတ်ပါဘူး မိန်းကလေးဆိုတိုင်း အားနွဲ့တယ်လို့ ပြောလို့ မဆိုသာပါဘူး။ အမျိုးသမီးတွေမှာ ရှိတဲ့ မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ကိုယ်တိုင် ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်သူတွေ ဖြစ်ကြပြီး […]

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီပေါ်ဆေး ဆိုတာ ထိုးဖို့ လိုသလား

ဒီလ ရာသီမလာသေးလို့ ရာသီပေါ်ဆေး ထိုးချင်လို့ဆိုပြီး ဆေးခန်းမှာ မကြာခဏ ကြုံရတတ်ပါတယ်။ ပြောရမယ်ဆိုရင် ရာသီနဲ့ ပတ်သက်ရင် အမျိုးသမီးတွေက အစွဲအလမ်းကြီးပါတယ်။ ရာသီမလာဘူးဆိုတာနဲ့ ကိုယ်ဝန်လို့ ထင်ကြပြီး ရာသီဆိုတာ လာကိုလာမှ ဖြစ်မယ်လို့ ယူဆထားကြတာကြောင့်လည်း ပါပါတယ်။ ရာသီပေါ်ဆေး ဆိုတာ ရာသီပေါ်ဆေးဆိုတာ ပရိုဂျက်စတုန်းကို ထိုးဆေး ဒါမှမဟုတ် သောက်ဆေးအနေနဲ့ ပေးတာ ဖြစ်ပါတယ်။ ဒါကို progesterone challenge test လို့လည်း ခေါ်ပါတယ်။ ရာသီပေါ်စေရုံသာမကဘဲ ရောဂါ ရှာဖွေဖို့ပါ အသုံးပြုနိုင်ပါတယ်။ ပရိုဂျက်စတုန်းသောက်ဆေးကို ၅-၁၀ရက်စာ ဒါမှမဟုတ် အသားဆေးတစ်လုံး ထိုးပေးပြီး ၂ရက်ကနေ ၁ပတ်လောက်အကြာမှာ ရာသီလာသလို သွေးဆင်းစေတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက သားဥမကြွေလို့ ရာသီမလာတဲ့သူတွေ၊ သားဥအိမ်ရေအိတ်တည်တဲ့ရောဂါစု (PCOS)ရှိတဲ့သူတွေမှာဆိုရင်တော့ အသုံးဝင်နိုင်ပါတယ်။ တကယ်လို့ ဆေးထိုးဆေးသောက်ပြီးတာတောင် သွေးမဆင်းဘူးဆိုရင်တော့ ကိုယ်ဝန်ရှိနေတာ အီစထရိုဂျင်နည်းလွန်းနေတာ […]


ရာသီလာခြင်း

လက်ဖက်စားရင် ရာသီရပ် တတ်သလား

လက်ဖက်စားလိုက်တာ ရာသီလာရင်း ရပ်သွားလို့တို့၊ လက်ဖက်စားလို့ ရာသီချုပ်သွားတယ်တို့ ပြောတာ ကြားဖူးမှာပါ။ လက်ဖက်စားရင် ရာသီရပ် တယ်ဆိုတာ တကယ်ပဲလား။ အမျိုးသမီးတွေက လက်ဖက်စားဖို့ မသင့်တော်ဘူးလား။ လက်ဖက်စားရင် ရာသီရပ် တတ်သလား ဆေးပညာမှာတော့ လက်ဖက်နဲ့ ရာသီနဲ့က သက်ဆိုင်မှု မရှိပါ။ လက်ဖက်စားတာက ရာသီလာတာ၊ ရပ်တာကို ဖြစ်စေတာမျိုး မရှိပါဘူး။ လက်ဖက်စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ရာသီက သူ့ဟာသူ လာနေမှာပါပဲ။ မြန်မာနိုင်ငံမှာ လက်ဖက်မစားတဲ့ အမျိုးသမီးဆိုတာ မရှိသလောက်ပါလဲ။ တချို့အမျိုးသမီးများဆို ရာသီလာနေတာလည်း စားနေကြတာပါပဲ။ ဒါပေမယ့် သူတို့တွေ ရာသီမရပ်ကြပါဘူး။ https://wp.hellosayarwon.com/womens-health/cycle-syncing-diet/ ဒါဆို တချို့တွေ လက်ဖက်စားရင် ရာသီရပ် တာ ဘာကြောင့်လဲ ဘာကြောင့်လဲ မသိပေမယ့် လူကြီးတွေက လက်ဖက်ကို ချုပ်စာလို့ ခေါ်ကြပါတယ်။ လက်ဖက်စားရင် လေချုပ် ဝမ်းချုပ်ဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ပါ။ ဒီအယူအဆကနေ ရာသီလာချိန် […]


ရာသီလာခြင်း

ဓမ္မတာလာချိန် မှန်စေဖို့ ဘာစားပေးရမလဲ

ဓမ္မတာလာတယ်ဆိုတာက ဟော်မုန်းတွေနဲ့ ထိန်းချုပ်ထားတဲ့ ကိစ္စပါ။ အပြင်ကနေ စား‌သောက်လိုက်တဲ့ အာဟာရတွေ၊ နေထိုင်မှုပုံစံတွေက ဟော်မုန်းတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ အမျိုးသမီးတွေက တစ်ခါတလေမှာ ကိုယ်ဝန်လည်း မရှိ၊ ရောဂါတစ်ခုခုလည်း မရှိပါဘဲနဲ့ ဓမ္မတာမလာတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံ မမှန်တဲ့အခါမျိုးမှာ ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး ဓမ္ဓမမှန်တာ၊ မလာ‌တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓမ္မတာလာချိန် မှန်စေဖို့ ဘာစားပေးရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဓမ္မတာလာချိန် မမှန်တာ ဘာကြောင့်များလဲ အမျိုးသမီးလေးတွေက နဂိုတည်းက ရာသီရက် စောတာ၊ နောက်ကျတာ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ မလာတာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့အခါ နေထိုင်မကောင်း ဖြစ်တဲ့အခါ အာဟာရချို့တဲ့တဲ့အခါ အိပ်ရေးပျက်တဲ့အခါ ဝိတ်အတက်အကျ မြန်လွန်းတဲ့အခါ […]


ရာသီလာခြင်း

ချင်းထန်းညက်ပြုတ်ရည် နဲ့ ရာသီစက်ဝန်း

အာရှနိုင်ငံတော်တော်များများက အမျိုးသမီးတွေက ရာသီစက်ဝန်းနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်ရင် ချင်းပြုတ်ရည်လေး၊ ချင်းထန်းညက်လေး မှီဝဲတတ်ကြပါတယ်။ အများစုက ရာသီသွေးဆင်းများလို့၊ ရာသီမမှန်လို့၊ ကိုက်ခဲလို့ သောက်ကြတာ ဖြစ်ပါတယ်။ ချင်းထန်းညက်ပြုတ်ရည် နဲ့ ရာသီစက်ဝန်း ဘယ်လိုမျိုး ဆက်စပ်နေသလဲဆိုတာကို ဆေးပညာရှုထောင့်ကနေ ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ချင်းထန်းညက်ပြုတ်ရည် နဲ့ ရာသီစက်ဝန်း ချင်းထန်းညက်ပြုတ်ရည်ဆိုတော့ ချင်းရဲ့ အာနိသင်နဲ့ ထန်းညက်ရဲ့ အာနိသင်ကို သပ်သပ်စီ လေ့လာကြည့်ရအောင်။ ချင်း ရာသီလာချိန် ကိုက်ခဲတာကို သက်သာစေတယ်။ ချင်းမှာ gingerolလို့ခေါ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ ဒြပ်ပေါင်းပါရှိပါတယ်။ လေ့လာချက်တွေအရ ချင်းက ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ သာမန်ကိုက်ခဲနာကျင်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ သာမန်ကိုက်ခဲနာကျင်မှု ဆိုတာက မီးယပ်ရောဂါတွေ (ဥပမာ သားအိမ်သွေးလုံးတည်တာ)ကြောင့် မဟုတ်တဲ့ ကိုက်ခဲမှုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ Gingerolက အပူပြင်းပြင်းပေးလိုက်ရင် အာနိသင် […]


ရာသီလာခြင်း

ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ!

ရာသီလာခါနီး အချိန်တွေနဲ့ ရာသီလာချိန်တွေမှာ နာကျင်ကိုက်ခဲတာကို ခံစားရတာက ပုံမှန်ပဲ ဆိုပေမယ့် ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အခြေအနေက ပုံမှန် မဟုတ်ဘူးဆိုတာကို လေဒီလေးတွေ စဉ်းစားမိမယ် ထင်ပါတယ်။ အခုတစ်ခေါက်မှာတော့ လေဒီလေးတွေ သိထားသင့်တဲ့ ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! ဆိုတာကို လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲတာ ဖြစ်တတ်တဲ့ အရာလား! ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲတာက အရမ်း မပြင်းထန်ဘူး။ ဆေးသောက်စရာ မလိုဘဲ သူ့အလိုလို သက်သာသွားနိုင်တဲ့ အခြေအနေမျိုးဆိုရင် ဒါက ပုံမှန် အခြေအနေ တစ်ခုလို့ ဆိုရမှာပါ။ ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မကြာခဏဆိုသလို ဖြစ်နေတာမျိုး မဟုတ်ရပါဘူး။ ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! ရာသီလာပြီးချိန်မှာ ဗိုက်အောင့်ကိုက်ခဲနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ […]


ရာသီလာခြင်း

ရာသီသွေးအညိုရောင် ဆင်းတာ ဘာကြောင့်လဲ

ရာသီသွေးဆိုရင် အနီရောင်လို့ပဲ သိကြတယ်ဟုတ်။ အများစုကတော့ အနီရောင်ဆိုပေမဲ့ တစ်ခါတလေ တခြားအရောင်လည်း ဆင်းတတ်ပါတယ်။ ဥပမာ အညိုရောင်ပေါ့။ တချို့ကလည်း ရာသီသွေးအမည်းရောင်တွေ ဆင်းတတ်ပါတယ်။ ရာသီသွေးအညိုရောင် ဆင်းတာက ပုံမှန်ရာသီလာတာလည်း ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေးအညိုရောင် ဆင်းတာ ပုံမှန်ပဲလား။ တချို့အမျိုးသမီးတွေမှာ ရာသီမလာခင် ရှေ့ရက်ပိုင်းလောက်မှာ အညိုပါတဲ့ အဖြူတွေဆင်းတာ ဒါမှမဟုတ် ရာသီလာစရက်မှာ အညိုရောင်ဆင်းတာ၊ ပြီးခါနီးရင် အညိုရောင်ဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက ပုံမှန်ပါပဲ။ ရာသီသွေးတွေက ဆင်းပြီး အပြင်ကို ထွက်လာဖို့ အချိန်ယူတဲ့အတွက် လမ်းမှာတင် ဓာတ်တိုးပြီး အညိုရောင်ဖြစ်သွားတာပါ။ သွေးဟောင်းတွေလို့ ပြောလည်း ရပါတယ်။ ပြီးခဲ့တဲ့လက ရာသီသွေးတွေ ဆင်းဖို့ ကျန်နေရင် အခုပေါင်းဆင်းတဲ့ သဘောပါ။ ဒါကြောင့် စစချင်းလာတဲ့အခါ ရာသီသွေးအညိုရောင် တွေ ဖြစ်နေတာပါ။ ပြီးခါနီးရင်လည်း အဲ့လိုပါပဲ။ […]


ရာသီလာခြင်း

ရာသီလာချိန် ခေါင်းလျှော်ရင် ဘာဖြစ်တတ်သလဲ

ရာသီလာချိန် ခေါင်းလျှော်ရင် သွေးခဲတတ်တယ်။ သွေးတွေ အပေါ်ကို ကန်တက်တယ် စသဖြင့် ပြောကြတာ ကြားဖူးမှာပါ။ လူမှုကွန်ယက်မှာလည်း အမျိုးသမီးငယ်ငယ်‌လေးတွေ အကြောင်းအရင်း မရှိ ဆုံးသွားရင်  ရာသီလာတုန်း ခေါင်းလျှော်တာတုန်း ဖြစ်မှာပေါ့ဆိုပြီး သတင်းတွေ တက်လာကြပါတယ်။ ရာသီလာချိန်မှာ ခေါင်းလျှော်လို့ ရတယ်၊ မရဘူးဆိုပြီး အုပ်စုကွဲကြပြန်တော့ တကယ့်အမှန်က ဘာလဲဆိုတာကို သိထားဖို့ လိုနေပါပြီ။ ရာသီလာချိန် ခေါင်းလျှော်ရင် ဒါတွေဖြစ်တတ်တယ်ဆိုတာ တကယ်လား။ မိဘ၊ အဘိုးအဘွားတွေ လက်ထက်တည်းက ရာသီလာချိန်မှာ ခေါင်းမလျှော်ရဘူး။ အနည်းဆုံးတော့ ရာသီပထမရက်မှာ မလျှော်ရဘူးလို့ တားကြတာကို ကြားဖူးမှာပါ။ လူကြီးတွေကို မေးကြည့်ရင် အောက်ပါအတိုင်း ဖြေကြတာကို တွေ့ရပါတယ်။ သားအိမ်အလုံးတည်တတ်တယ်။ အလုံးဆိုတဲ့ နေရာမှာ သွေးလုံးရော၊ အသားလုံးရော အကုန်ပါပါတယ်။ ဒါတွေက ရာသီလာချိန် ခေါင်းလျှော်တာနဲ့ မဆိုင်ပါဘူး။ သွေးလုံးတည်တဲ့ ပြဿနာဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာနဲ့ ကင်းကွာနေမလို့လား လေဒီတို့

ဒစ်ဂျစ်တယ်ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ မစိမ်းပေမယ့် ဒီနယ်ပယ်နဲ့ ထဲထဲဝင်ဝင် ရင်းနှီးကျွမ်းဝင်သူတွေကတော့ အမျိုးသားတွေပါ။ လေဒီလေးတွေက ဖုန်းဆိုရင် ဆက်သွယ်စကားပြောဖို့ ဆိုတာအတွက်ပဲ အသုံးများကြပါတယ်။ ဒါက အရင်ခေတ် ကြိုးဖုန်းတွေ၊ keypads တွေ သုံးတုန်းကတော့ ပြောစရာ မဟုတ်ပေမယ့် ဒီဘက်ခေတ်မှာတော့ စမတ်ခ်ဖုန်းတွေက နည်းပညာအသစ်သစ်တွေနဲ့ ဘက်စုံသုံးလို့ရအောင် ကြိုးပမ်း လုပ်ဆောင်လာချိန်မှာတော့ ဒါက ပြောစရာ နည်းနည်း ရှိလာပါပြီ။ အထူးသဖြင့် ကျွန်မတို့ရဲ့ မေမေတွေပေါ့။ မေမေတွေက မြန်မာအမျိုးသမီး သိပ်ပီသကြသူတွေပါ။ အိမ်ထောင်မှု တာဝန် သားသမီးတာဝန်တွေကို မလစ်ဟင်းရလေအောင် တာဝန်ယူရင်း ဒစ်ဂျစ်တယ်ခေတ်ရဲ့ နည်းပညာတွေနဲ့ ကင်းကင်းကွာကွာ နေထိုင်နေကြပါတယ်။ တကယ်ကတော့ ဒါကမဖြစ်သင့်ပါဘူး။ အခုခေတ် နောက်ပိုင်းမှာ နည်းပညာနဲ့ နီးစပ်မှုက ကျား/မ ကွာဟချက် နည်းပါးလာပေမယ့် လွန်ခဲ့တဲ့ […]


ရာသီလာခြင်း

ရာသီလာချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာ ဘာကြောင့်လဲ!

တစ်လတာမှာ ဒီအချိန်ကို ရောက်လာပြီဆိုရင် ခန္ဓာကိုယ်ကပဲ မကျန်းမာတော့သလိုလို ကိုက်ခဲနေသလိုလို ခံစားရတာတွေနဲ့အတူ ဝမ်းချုပ်တာကိုဖြစ်ဖြစ် ဝမ်းခဏခဏ သွားနေရတာကိုဖြစ်ဖြစ် ခံစားရတယ်နော်။ တစ်ယောက်တည်းမှာတောင် ဒီလက ဝမ်းချုပ်ပြီး နောက်လကျ ဝမ်းခဏခဏ သွားတာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ ဝမ်းပျက်ဝမ်းလျှောတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီလာချိန်မှာ ဝမ်းခဏခဏ သွားတာက ပုံမှန်ပဲလား ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ၊ ဗိုက်အောင့်တာတွေကို မခံစားရတဲ့ လေဒီလေးတွေက ခပ်ရှားရှားပါ။ နည်းနည်းပါးပါး ခံစားရတာနဲ့ ပြင်းပြင်းထန်ထန် ခံစားရတာတော့ ကွာခြားနိုင်တာပေါ့။ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုတွေအပြင် ဝမ်းချုပ်တာ၊ လေပွတာ၊ ဝမ်းပျက်တာကိုပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ဝမ်းခဏခဏ သွားတာက ပုံမှန်ပဲလို့ ပြောချင်ပါတယ်။ ရာသီလာချိန်မှာ ခံစားရတဲ့ ဝမ်းချုပ်တာ၊ ဝမ်းခဏခဏ သွားတာနဲ့ လေပွတာလိုမျိုး အစာခြေစနစ် […]


ရာသီလာခြင်း

ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ

လစဉ် ရာသီလာချိန် ရောက်လာမှာကို လေဒီလေး တော်တော်များများ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ရာသီလာချိန်မှာ အစာခြေစနစ်ပြဿနာကို ခံစားရနိုင်သလို အမျိုးမျိုးသော နာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားရနိုင်ပါတယ်။ ရာသီလာချိန်မှာ ဟော်မုန်း ပြောင်းလဲမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ရာသီစက်ဝန်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။  ဒါပေမယ့် ဒီလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ ခံစားရတဲ့ အတိုင်းအတာတွေလည်း မတူသလို ဖြေရှင်းနိုင်တဲ့ ပုံစံချင်းလည်း မတူကြပါဘူး။ ရာသီလာချိန်မှာ နာကျင်တာက ဗိုက်အောက်ဖက်နားနဲ့ နောက်ကျော ခါးတွေမှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေတာပါပဲ။ ဒီတစ်ခေါက်မှာတော့ ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ ရာသီလာချိန်မှာ နာကျင်တာကို သက်သာစေဖို့ဆိုရင် OTC […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)