တစ်ချိန်မှာ အိမ်ထောင်ရက်သားကျလို့ မေမေတွေ ဖြစ်လာနိုင်သလို မွေးချင်းတွေထဲက အိမ်ထောင်ကျ မောင်နှမတွေရဲ့ မွေးဖွားလာတဲ့ တူလေး တူမလေးတွေကို သေချာ သင်ကြားပေးနိုင်ဖို့ မေမေရေလို့ ခေါ်ပြီး အားတကိုးကြီး မေးလာမယ့် သားသားမီးမီးလေးတွေနဲ့ တီတီရေလို့ ခေါ်ပြီး အားကိုးတကြီး မေးလာမယ့် တူတူမလေးတွေရဲ့ ဒစ်ဂျစ်တယ်ခေတ် မေးခွန်းလေးတွေကို အဖြေပေးနိုင်ပြီး လေးစားဖွယ်ရာ တီတီလေးတွေဖြစ်ဖို့ နည်းပညာကို မကင်းကွာဘဲ အခုကတည်းက လေ့လာထားတာ ကောင်းပါတယ်။
နည်းပညာက အသုံးချတတ်ရင် အသိပညာတွေ အများကြီးကို ပေးနိုင်ပါတယ်။ ဒါကြောင့် နည်းပညာနဲ့ ကင်းကွာမနေဘဲ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုရှိပြီး နည်းပညာနဲ့ ရင်းနှီး ကျွမ်းဝင်သူ ဖြစ်အောင် ကိုယ်တိုင်ကို ပျိုးထောင်လို့ နည်းပညာရင်းနှီးမှု ကျား/မ ကွာဟချက်ကို ကျဉ်းနိုင်သမျှ ကျဉ်းလိုက်ကြစို့နော်။
နည်းပညာနဲ့ ပတ်သက်လို့ သိချင်တာရှိလာချိန်မှာ ကိုယ်တိုင်ဖြေရှင်းမလား! လက်ပ်တော့လေး စမတ်ခ်ဖုန်းလေး ကိုင်ပြီး ဖြေရှင်းပေးမယ့် အမျိုးသားတစ်ဦးဦးကို စောင့်နေမလား! ကိုယ်တွေကတော့ ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ နည်းပညာနဲ့ မကင်းကွာတဲ့ ဒစ်ဂျစ်တယ်ခေတ် လေဒီလေးပဲ ဖြစ်စေချင်ပါတယ်။
နည်းပညာက ကြောက်စရာ မဟုတ်ပါ
မေမေတို့ကိုလည်း ဒီနေရာကနေ ပြောပြချင်တာလေး တစ်ခုက ကိုယ်တိုင်နဲ့ ချစ်ရတဲ့သူတွေကို ကျန်းမာရေးအစ အရာရာကို ဂရုစိုက်ပေးနိုင်မယ့် နည်းလမ်းကောင်းလေး တွေကို နည်းပညာအသုံးပြုရင်း ရှာဖွေနိုင်တယ်ဆိုတော့ နည်းပညာနဲ့ မကင်းကွာကြပါနဲ့လို့ ပြောချင်ပါတယ်နော်။
လက်ထဲက ဖုန်းလေးကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် စပြီး လေ့လာလိုက်ပါတော့နော်။ လေ့လာမှုတိုင်းက နောက်မကျပါဘူး။ အရွယ်အကန့်အသတ် မရှိပါဘူးနော်။ မေမေတို့ရေ …………
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။