အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားတွေအတွက် အသင့်တော်ဆုံး facial foam နှင့် moisturizer ရွေးချယ်ခြင်း

အမျိုးသားတွေရဲ့အသားအရေ အရေပြားပိုထူတယ် -အမျိုးသားတွေရဲ့သွေးထဲမှာtestosteroneဟော်မုန်းပါဝင်မှုမြင့်မားတာကြောင့် အရေပြားအလွှာတွေပိုထူပြီးelastin နဲ့collagen လည်း ပိုများတာကြောင့် အရေပြားကျုံ့ဆန့်နိုင်အားပိုကောင်းပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် အသားအရေလျော့တွဲခြင်း၊အရေးအကြောင်း စတာတွေလို အသားအရေရင့်ရော်မှုကိုခံနိုင်ရည်ပိုရှိပါတယ်။ အဆီပိုပြန်တယ် - သူတို့ရဲ့အသားအရေမှာ အဆီထွက်တဲ့ဂလင်း(sebum) ရဲ့လှုပ်ရှားလုပ်ဆောင်မှုပိုများတာကြောင့် အဆီပိုပြန်တတ်ပါတယ်။ ဒီအဆီတွေကပဲ အသားအရေကိုကာကွယ်ပေးပြီး နူးညံ့ချောမွေ့စေတာပါ။ ချွေးပေါက်ပိုကျယ်တယ်- အဆီပိုပြန်ပြီး အမွေးအမျှင်ပိုများတတ်တဲ့ အမျိုးသားတွေရဲ့ချွေးပေါက်တွေက ပိုကျယ်လို့ ဝက်ခြံလည်းပိုပေါက်လွယ်ပါတယ်။ အမျိုးသားတွေက အပြင်ထွက်တာပိုများတာကြောင့်လည်း အရေပြားမှာနေလောင်ခြင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု တွေကို ပိုထိတွေ့ရပါတယ်။ ဒါ့ကြောင့်ထိခိုက်လွယ်တဲ့အသားအရေကို ကာကွယ်ဖို့နဲ့ ကျန်းမာတဲ့ အသားအရေကို ထိန်းသိမ်း ဖို့အသားအရေနှင့် ကိုက်ညီသော Cleanser နဲ့ Moisturizer တို့ကို သေချာရွေးချယ် အသုံးပြုဖို့လိုအပ်ပါတယ်။နေ့စဉ် မျက်နှာမှာ ရိတ်ရ၊ရှင်းလင်းရ တာတွေလုပ်ပြီးရင် အသားအရေမထိခိုက် မပျက်စီးရအောင် Men skincare များကို ဂရုတစိုက် သုံးသင့်ပါတယ်။   ကိုယ်နဲ့ကိုက်ညီမယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူချင်သူတွေ လုပ်မိနေတဲ့အမှား (၁၁)ခု

အရှေ့တိုင်းယဉ်ကျေးမှုမှာ အသားဖြူခြင်းကို နှစ်သက်ကြပြီး မိန်းကလေးတွေက အသားဖြူစေမယ့် နည်းလမ်းတွေကို ရှာဖွေ လုပ်ဆောင်လာကြပါတယ်။ ဒါ့ကြောင့် အခုနှစ်ပိုင်းတွေမှာ အသားဖြူစေတဲ့ နည်းလမ်းတွေ အာရှမှာ အရမ်း ခေတ်စားလာပါတယ်။ ဒါပေမယ့် အသားဖြူဆေး အမျိုးမျိုးမှာပါတဲ့ ပါဝင်ပစ္စည်းတွေရဲ့ ဘေးကင်းစိတ်ချရမှု နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါ။ ဈေးကွက်မှာရှိနေတဲ့ အရည်အသွေး အမျိုးမျိုးနဲ့ အသားဖြူဆေးတွေမှာhydroquinine၊ ပြဒါးနဲ့ စတီးရွိုက်တို့လို ဓါတုပစ္စည်းတွေ ထည့်သွင်းလေ့ရှိပါတယ်။ ဒီဓါတ်တွေကို နိုင်ငံတချို့မှာ အသုံးပြုခွင့် တားမြစ်ထားပေမယ့် hydroquinine ကိုတော့ ဆရာဝန်တွေက ဆေးညွှန်းမှာ သုံးနေပါသေးတယ်။ အရေပြားနဲ့ခန္ဓါကိုယ်ကို အဆိပ်သင့်ဓါတ်ပစ္စည်းတွေနဲ့ ထိတွေ့ရတဲ့ အကြီးဆုံး အန္တရာယ်ကတော့ အချိန်ကြာလာတဲ့အမျှ သူတို့က ဘေးထွက်ဆိုးကျိုး များလာပြီး အသားအရေ အရောင် ပြောင်းလဲခြင်း၊ အာရုံကြောစနစ် လုပ်ဆောင်ချက် ချို့ယွင်းခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ အပါအဝင် […]


ဝက်ခြံ

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေးဘယ်လိုရွေးမလဲ

အသားအရေထိန်းသိမ်းမှုက လှပမှုအတွက်အရေးပါတဲ့အချက်တစ်ခုပါ။ အသားဖြူဝင်းလှပနေမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေမှာအမှန်ပါပဲ။ အသားအရေထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုနည်းလမ်းတွေကို ရွေးချယ်မိဖို့လိုပါတယ်။ မိမိအသားအရေနဲ့လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုလုပ်ဖို့ဆိုရင် အဓိကအကျဆုံးက ကိုယ်ဟာဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲဆိုတာကို သိဖို့ပါပဲ။ အသားအရေအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရဲ့ပါဝင်ပစ္စည်းတွေက ကွဲပြားပါတယ်။ အခုတစ်ခေါက်တော့ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေးဘယ်လိုရွေးမလဲ ဆဆိုတာကို ပြောပြပေးချင်ပါတယ်။ အသားအရေ အမျိုးအစား ခွဲကြမယ် အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့ ခြောက်သွေ့တဲ့အသားအရေ အဆီပြန်တဲ့ အသားအရေ ပုံမှန်အသားအရေ တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့ ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အသားအရေအမျိုးအစားကိုသေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။   မိမိကဘယ်လိုအရေပြားပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်ရခက်နေမယ်ဆိုရင် အခုဖော်ပြပေးမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးသုံးပြီး အကဲဖြတ်ကြည့်လိုက်ပါ။ မျက်နှာကို ညင်ညင်သာသာသစ်ပြီးရေခြောက်အောင်သုတ်လိုက်ပါ။ ဘာမှထပ်မလူးပါနဲ့။ မျက်နှာသစ်ပြီး တစ်နာရီလောက်ကြာရင်မျက်နှာက မူလအခြေအနေအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။ မျက်နှာကမူလအတိုင်းပြန်ဖြစ်သွားတဲ့အခါ မျက်နှာရဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

လေဒီတို့ ခရီးသွားရင် ဘယ်လိုအလှပြင်ပစ္စည်းတွေ ယူသွားသင့်လဲ

ရုံးပိတ်ရက်တွေမှာ တောင်တက်ခရီးစဉ် ဒါမှမဟုတ် ကမ်းခြေခရီးထွက်ဖို့ စိတ်ကူးထားကြလား။ အခုဆို tour tripsတွေက ပြည်တွင်းတင်မက ပြည်ပအထိပါ စားရိတ်ငြိမ်း အပြီးအစီးတွေ စီစဉ်ပေးလာပြီဆိုတော့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူ ဒါမှမဟုတ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်ဖြစ် မကြာခဏ အပန်းဖြေခရီးထွက်လာကြပြီလေ။ ခရီးသွားရတာကို ပျော်တဲ့သူတွေရှိသလို အလုပ်ကိစ္စကြောင့် မဖြစ်မနေ ခရီးမကြာခဏသွားရသူတွေရှိပါတယ်။ ဒါပေမယ့် နွေ၊ မိုး၊ ဆောင်းဘယ်ရာသီမှာပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါ မိန်းကလေးတွေက ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးနဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှ ပျော်စရာကောင်းမှာပါ။ ကျန်းမာရေးနဲ့ညီအောင် နေထိုင်ထိန်းသိမ်းမှ ဓါတ်ပုံလှလှလေးတွေလည်း အမှတ်တရ ရနိုင်မှာပေါ့နော်။ ခရီးသွားနေတဲ့အချိန်မှာ လူက နွမ်းလျနေမယ်၊ အမှုမဲ့အမှတ်မဲ့နေမယ်၊ စားသောက်ချိန်မမှန်ဘူး၊ အလောတကြီးအစီအစဉ်တွေဆွဲမယ် ဆိုတာတွေ ရှိပါတယ်။ ဒါတွေအပြင် နေရာဒေသအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲတွေကြောင့်လည်း အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို အဝေးကြီးဖြတ်သန်းသွားလာနေရတော့ အပူချိန်အပြောင်းအလဲတွေကြောင့် ခရီးသွားတိုင်း အသားအရေကို […]


ဝက်ခြံ

ဝက်ခြံကို ပိုဆိုးစေနိုင်မယ့် အလေ့အထ ၈ ခု

စိုပြေကျန်းမာပြီးအစက်အပြောက်ကင်းတဲ့အသားအရေကို လူတိုင်းလိုချင်မှာပါ။ ဒါပေမယ့်လည်း ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံနဲ့ မျိုးရိုးလိုက်တာကြောင့်ဖြစ်တဲ့ ဝက်ခြံတွေထွက်တာကို ကာကွယ်တားဆီးဖို့ဆိုတာကတော့ ခက်ပါတယ်။ သို့ပေမယ့် နေ့စဉ်လုပ်မိနေတဲ့ အလေ့အထတွေကိုပြောင်းလဲလိုက်မယ်ဆိုရင် အသားအရေပြောင်းလဲကောင်းမွန်လာပြီး ဝက်ခြံတွေကိုသက်သာစေမှာပါ။ ဝက်ခြံတွေမဖြစ်အောင်ကာကွယ်ပြီး ကြည်လင်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ အသားအရေကိုထိခိုက်စေမယ့် အလေ့အထတွေကို မလုပ်မိအောင် သတိထားဖို့လိုပါလိမ့်မယ်။ အရေပြားမွှေးညှင်းပေါက်လေးတွေထဲမှာ အဆီတွေ၊ဘက်တီးရီးယားတွေနဲ့ ဆဲလ်သေတွေပိတ်ဆို့တာကြောင့် ဝက်ခြံတွေဖြစ်လာရတာပါ။ အဆီပြန်တဲ့အသားအရေက ဝက်ခြံဖြစ်လွယ်တယ်။ မသိဘဲလုပ်နေမိတဲ့ အကျင့်ဆိုးတွေကလည်း ဝက်ခြံကို ပိုဆိုးစေတာပါ။ ဝက်ခြံတွေ ပိုမဆိုးလာအောင်၊ အသစ်တွေအများကြီးထပ်မထွက်လာစေဘဲ ရှိပြီးသားဝက်ခြံတွေကိုလည်း သက်သာပျောက်ကင်းစေအောင်အောက်ပါအချက်အလက်တွေကိုရှောင်ကြဉ်သင့်ပါတယ်။   ၁။ မျက်နှာကိုခဏခဏသစ်ခြင်း မျက်နှာကို ခဏခဏမသစ်ပါနဲ့။ အရေပြားသန့်ရှင်းနေဖို့က အရေးကြီးတယ်ဆိုပေမယ့် မျက်နှာခဏခဏသစ်တာကတော့ အရေပြားအတွက် မကောင်းပါဘူး။ ဝက်ခြံတွေကိုတောင် ပိုဆိုးစေပါဦးမယ်။ မနက်စာစော အိပ်ယာထချိန် တစ်ခါ ညအိပ်ခါနီးတစ်ခါ မျက်နှာသစ်ပေးတာက အကောင်းဆုံးပါပဲ။   ၂။ အရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ခြင်း အရေပြားကိုကြမ်းကြမ်းတမ်းတမ်းမပွတ်တိုက်ပါနဲ့။ အရေပြားပေါ်က ဆဲလ်သေတွေကွာကျအောင်ရေချိုးခန်းသုံးချေးတွန်းတဲ့အစ၊ သပွတ်အူလိုမျိုးအရာတွေနဲ့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ ဝက်ခြံတွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ

ခရမ်းလွန်ရောင်ခြည်ဆိုတာ နေရောင်ခြည်မှာ ပါဝင်တဲ့ UltraViolet Rays(UV Rays)တွေ ဖြစ်ပါတယ်။ နေရောင်ခြည် မှာ UVA ( Ultra Violet Ageing Rays) နဲ့ UVB ( Ultra Violet Burning Rays) နှစ်ခု ပါဝင်ပါတယ်။ သူတို့ဟာ မမြင်နိုင်တဲ့ UV rays တွေ ဖြစ်ပြီးတော့ UVA က အရွယ်မတိုင်ခင် အသက်ကြီးရင့်ခြင်း အရေးအကြောင်း နဲ့ တင်းတိတ်အမဲစက် ကို ဖြစ်စေနိုင်ပြီး UVB က အသားအရေ လောင် ကျွမ်းခြင်း နဲ့ အရေပြားရောဂါတွေကို ဖြစ်စေပါတယ်။ ဒီတစ်ခေါက်တော့ သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ဘယ်လိုကာကွယ်မလဲ သင့်အသားအရေကို […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာအသားအရေစိုပြေဝင်းလက်စေမယ့်နည်းလမ်း ၇ ခု

အသားအရေထိန်းသိမ်းရေးဟာ မိန်းကလေးပဲဖြစ်ဖြစ်၊ယောကျာ်းလေးပဲဖြစ်ဖြစ် ဂရုစိုက်သင့်တဲ့အရာဖြစ်ပါတယ်။ အသားမဖြူရင်တောင် အသားအရေကြည်လင်ပြီး စိုပြေဝင်းလက်တဲ့အနေအထားရှိရင် အပေါ်ယံ မိတ်ကပ် အပြင်အဆင်မပါလည်း လှနိုင်ပါတယ်။ သိပ်အချောအလှလည်းမဟုတ်ဘဲ ကြည့်လိုက်တာနဲ့ မျက်နှာလေးက ကြည်လင်လှပနေတဲ့ အသားအရေပိုင်ရှင်တွေကို တွေ့ဖူးကြမှာပါ။ ဖြီးလိမ်းပြင်ဆင်ထားတာမဟုတ်ဘဲ အသားအရေလှတဲ့အဆင့်ကို ရောက် နိုင်ရင်တော့ ဒီထက်ပိုလှဖို့ သိပ်ဖန်တီးစရာမလိုတော့ပါဘူး။ ဒီလိုလှပတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ဖို့ ဘယ်သူမဆို ဆန္ဒရှိကြမှာဖြစ်လို့ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေကို နည်းလမ်းမှန်မှန်နဲ့ အသင့်တော်ဆုံးရွေးချယ်အသုံးပြုရပါမယ်။ ဒါပေမယ့် ကျွန်မတို့ကိုယ်ပေါ်မှာ အမြဲအသုံးပြုနေတဲ့အလှကုန်ပစ္စည်းတွေ၊ခေါင်းလျှော်ရည်၊လိုးရှင်းတွေနဲ့တခြားပစ္စည်းတွေမှာ ပါဝင်တဲ့ ပစ္စည်းတွေက ကိုယ်နဲ့ဓါတ်မတည့်တာ၊ အရေပြားမှာထိခိုက်စေတာ၊ ပစ္စည်းတွေက အရည်အသွေးမမီတာတွေ ဖြစ်နိုင်တဲ့ အခါမျိုးတွေ ရှိတတ် ပါတယ်။ တခါတရံ မျက်နှာသစ်ဆေး၊ နေလောင်ခံခရင်မ်တွေရဲ့ပါဝင်ပစ္စည်းတွေကနေ ထိခိုက်မှုတွေ ရှိလာစေတတ်ပါတယ်။ ထိခိုက်လွယ်အသားအရေ (sensitive skin) ပိုင်ရှင်တွေဟာ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ သုံးရင်းနဲ့ အရေပြားမှာလောင်တာ၊ နီရဲလာတာ၊ အသားအရေခပ်တင်းတင်းဖြစ်နေတာတွေ ကြုံရတတ်ပါတယ်။ […]


ဝက်ခြံ

ဝက်ခြံနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက် ၁၀ ချက်

ဝက်ခြံဆိုတာ အရေပြားပေါ်မှာဖြစ်တတ်တဲ့ စိတ်ညစ်စရာ၊ ကသိကအောက်ဖြစ်စရာ၊ ပိုဆိုးမယ်ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုပါ ပေျာက်ဆုံးစေနိုင်တဲ့ ဝေဒနာတစ်ခုပါ။ ဝက်ခြံဖြစ်ရတဲ့အကြောင်းရင်းတွေက အတော်များပါတယ်။ ဝက်ခြံက ခန္ဓါကိုယ်ရဲ့ အဆီဂလင်းတွေအများအပြားရှိနေတဲ့ မျက်နှာ၊လည်ပင်း၊ရင်ဘတ်၊ကျော နဲ့ ပခုံးတွေမှာ အများဆုံးပေါက်တတ်ပေမယ့် တခြားနေရာတွေမှာလည်း ပေါက်တတ်ပါသေးတယ်။ လူတိုင်းလိုလို အနည်းဆုံး တစ်ကြိမ်လောက်တော့ဝက်ခြံထွက်ဖူးကြမှာပါ။ အချို့က ကလေးအရွယ်၊အချို့က ဆယ်ကျော်သက်လောက်မှာဖြစ်နိုင်ပြီး အချို့ကတော့ အသက်ကြီးမှဝက်ခြံထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်မှာပဲဝက်ခြံပေါက်ပေါက် နီရဲပြီး ရုပ်ဆိုးတဲ့ ဒီအဖုအပိန့်တွေက ခံစားရအင်မတန်ခက်ပါတယ်။ တကယ်လို့သာ အသေအချာ ဂရုမစိုက်ဘူးဆိုရင်တော့ ဒီဝက်ခြံတွေက အမာရွတ်တွေအဖြစ်လည်းပြောင်းလဲသွားနိုင်ပါသေးတယ်။ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ၅ ခုရှိပါတယ်။ ဒါတွေကတော့ အဆီပြန်ခြင်း အရေပြားဆဲလ်သေတွေ ချွေးပေါက်ပိတ်ဆို့တာ ဘက်တီးရီးယားတွေနဲ့ ဟော်မုန်းမညီမျှတာ (လူပျိုဖော်ဝင်တာ၊ အပျိုဖော်ဝင်တာနဲ့ ကိုယ်ဝန်ဆောင်ခြင်း) တို့ပဲဖြစ်ပါတယ်။   ဝက်ခြံတွေအကြောင်းနဲ့ပတ်သက်လို့ သင်သိသင့်တဲ့အချက်အလက် (၁၀)ချက်ရှိပါတယ်။ အဲဒီအချက်အလက်တွေက ဝက်ခြံကြောင့်ဖြစ်နေတဲ့သင့်ရဲ့ ဒုက္ခတွေကို […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အသုံးဝင်ပုံ ၁၃ ချက်

Baking Soda (မုန့်ဖုတ်ဆိုဒါ သို့မဟုတ် စားဆိုဒါ) sodium bicarbonate ဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါက အသားအရေအတွက် အသုံးဝင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ချိုးမယ့်ရေထဲမှာ နည်းနည်းလောက်ထည့်လိုက်ရုံနဲ့ ခြောက်သွေ့ပြီးအရေခွံကွာတဲ့အသားအရေ၊နဲ့ ယားယံတတ်တဲ့အသားအရေကို သက်သာစေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကိုရေနဲ့ရောပြီးအသုံးပြုရင် အသားအရေကို ဆဲလ်သေဖယ်ရှားသန့်စင်နိုင်၊ အသားမာတွေကိုပျော့ပျောင်းစေနိုင်၊ရောင်ရမ်းနေတဲ့ အသားအရေကိုသန့်စင်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက သဘာဝချွေးနံ့ပျောက်ဆေးအဖြစ်လည်း အသုံးဝင်ပါသေးတယ်။   အသားအရေအလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အကျိုးကျေးဇူး (၁) ခြောက်သွေ့တဲ့အသားအရေ သင့်ရဲ့အသားအရေကခြောက်သွေ့ပြီး အရေခွံတွေကွာထွက်တတ်တယ်ဆိုရင်ရေချိုးတိုင်း မုန့်ဖုတ်ဆိုဒါနည်းနည်းသုံးပေးနိုင်ပါတယ်။ တကယ်တော့ အသားအရေခြောက်သွေ့ကွာထွက်တတ်တဲ့ အရေပြားရောဂါအတွက် ကုထုံးတစ်ခုအဖြစ်တောင် ပညာရှင်တချို့က ညွှန်းပေးတတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါကရေရဲ့pH ပမာဏကိုမြှင့်တင်ပေးနိုင်တယ်လို့ယူဆရပါတယ်။ အရေခွံကွာလွန်းတဲ့အသားအရေ ရှိသူတွေအတွက် မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ရေချိုးကန်ထဲမှာ မိနစ် ၃၀ ကနေ ၆၀လောက်အထိ စိမ်ပေးတာမျိုးကို တစ်ပတ် သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ အစိုဓါတ်ထိန်း moisturizer လိမ်းပေးပါ။ (၂) အရေပြားယားယံခြင်း အကောင်ကိုက်ခံရတာမျိုး၊ အင်းဆက်ကိုက်ခံရတာမျိုးလို အရေပြားယားယံရတဲ့ဝေဒနာတွေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင် ဆေးဆိုးတော့မယ်ဆိုရင်

ဆံပင်ဆိုးဆေးတွေမှာ ပါဝင်နေတဲ့ အန္တရာယ်ရှိစေနိုင်တဲ့ ဓာတုပစ္စည်းတွေ ဆံပင်ဆိုးဆေးတွေထဲမှာ PPD (သို့)para-phenylenediamine တို့လိုမျိုး အရေပြားမှာ ပူစပ်ပူလောင်ဖြစ်စေတဲ့ ဓာတ်မတည့်မှုတွေနဲ့ ခေါင်းကိုက်တာတွေကိုဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေသလို ကာစီနိုဂျင်တွေလည်းပါဝင်နေပါတယ်။ ဆံပင်ဆိုးဆေးတော်တော်များများက ဓာတ်မတည့်မှုတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးအများစုမှာ ဥရောပနိုင်ငံတွေမှာ အသုံးပြုခွင့်တားမြစ်ထားတဲ့ ခဲဓာတ်တွေ ပါဝင်နေတယ်လို့လည်းဆိုပါတယ်။ အဆိုပါ ခဲဓာတ်ကပြင်းထန်တဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆေးကို တာရှည်ခံအောင် လုပ်ဆောင်ထားတဲ့ DMDM hydantoin က ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အမိုးနီးယားပါဝင်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ resorcinol ဓာတ်လည်း ဆံပင်ဆိုးဆေးတွေမှာပါဝင်နေပါတယ်။ ဆံပင်ဆိုးဆေးဆိုးတာက ကြည့်လို့လှတယ်ဆိုပေမယ့် ဆံပင်ဆိုးဆေးတွေထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို စာဖတ်သူတွေသိရှိစေနိုင်ဖို့အတွက် လက်လှမ်းမီသလောက်မျှဝေပေးလိုက်ပါတယ်။ Allergy (ဓာတ်မတည့်ခြင်း) ဆံပင်ဖြူတွေကို ဖုံးကွယ်ဖို့ဖြစ်ဖြစ် (သို့) ဆံပင်အရောင်ပြောင်းချင်တာကြောင့်ဖြစ်ဖြစ် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း