အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

သင်သတိမထားမိတဲ့ လက်သည်းနီရဲ့ အန္တရာယ်

တောက်ပတဲ့ အရောင်အသွေးတွေနဲ့ သစ်သီးနံ့လေးတွေ မွှေးကြိုင်နေတဲ့ စွဲမက်ဖွယ်အရောင်တွေရဲ့ နောက်ကွယ်က အဆိပ်ဖြစ်စေနိုင်တဲ့အရာတွေက လက်သည်းအောက်ခြေကနေတဆင့် သွေးကြောတွေထဲရောက်ရှိသွားပြီး ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရသိရပါတယ်။ လက်သည်းနီတွေထဲမှာ endocrine disruptor တစ်ရပ်ဖြစ်နိုင်ခြေရှိတဲ့ triphenyl phosphate (TPHP) ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်နေတယ်လို့ Environmental Working Group ကဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ လက်သည်းနီဆိုးပြီးတဲ့နောက်မှာ ၁၀ နာရီကနေ ၁၄ နာရီအကြာမှာ သွေးထဲကို TPHPတွေရောက်ရှိသွားတယ်လို့ လေ့လာမှုအရသိရပါတယ်။ TPHP နဲ့ထိတွေ့မှုက မျိုးပွားအင်္ဂါနဲ့ ဖွံ့ဖြိုးကြီးထွားမှုအပိုင်းမှာ ပြဿနာရှိစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ TPHP ကို ပလပ်စတစ်နဲ့ သားရေအိမ်ထောင်ပရိဘောဂတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။ လက်သည်းနီအများစုမှာ အဆိပ်သင့်စေတယ်လို့ သိထားကြတဲ့ ဓာတ်ပစ္စည်း ၃ မျိုးဖြစ်တဲ့ dibutyl phthalate (DBP)၊ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာနှုတ်ခမ်းကွဲတာကို ဘယ်လိုရင်ဆိုင်မလဲ

အနောက်မြောက် မုတ်သုံလေတိုက်ခတ်မှုနဲ့အတူအေးမြ လန်းဆန်းမှုတွေနဲ့ဆောင်းရာသီကနှုတ်ဆက်လိုက်တဲ့အထိအတွေ့ကနွေရာသီရဲ့ ပူပြင်းမှုတွေကိုလျော့ကျစေနိုင်တာကြောင့် လူတေါကဆောင်းရာသီရောက်ဖို့ကို အမြဲမျှော်လင့်နေတတ်ပါတယ်။ဆောင်းရာသီကကောင်းတဲ့အချက်တွေများပေမယ့် မကောင်းတဲ့အချက်တစ်ချက်လည်းရှိနေပါတယ်။ ထိုအချက်ကဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ၊နှုတ်ခမ်းကွဲတာလိုမျိုးခြောက်သွေ့မှုကိုခံစားရတာပဲဖြစ်ပါတယ်။ နှုတ်ခမ်းခြောက်သွေ့တာက အရမ်းကိုနာကျင်ပါတယ်။ တစ်ခါတလေ နှုတ်ခမ်းခြောက်သွေ့တဲ့အခါသွေးထွက်တာမျိုးတွေအထိဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အဆိုပါပြဿနာတွေနဲ့ ပတ်သက်ပြီးစိုးရိမ်နေတယ်ဆိုရင်တော့ အိမ်တွင်းသုံးပစ္စည်းလေးတွေကို အသုံးပြုပြီး နှုတ်ခမ်းခြောက်ပြီးကွဲတာကို "ဘိုင့်ဘိုင့်" လို့သာနှုတ်ဆက်လိုက်ပါ။   နှုတ်ခမ်းကွဲရတဲ့အကြောင်းရင်းခံတွေက ဘာတွေများဖြစ်မလဲ နှုတ်ခမ်းခြောက်သွေ့ကွဲအက်ကတဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့ - ရာသီဥတုအကူးအပြောင်း အသက်အရွယ်ကြီးရင့်လာမှုကလည်း နှုတ်ခမ်းခြောက်သွေ့ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါ။ နှုတ်ခမ်းကိုက်တာကလည်း နှုတ်ခမ်းကိုသွေးထွက်စေပြီး ကွဲစေနိုင်ပါတယ်။ နှုတ်ခမ်းကို လျက်တာကလည်း အကျင့်ဆိုးတစ်ခုပါ။ နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ကိုင်တွယ်ထိတွေ့တာက ပိုးတွေကို ကူးစက်စေနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်း နှုတ်ခမ်းနီလိုမျိုး ဓါတုပစ္စည်းတွေအလွန်အကျွံသုံးစွဲခြင်း အယ်လ်ကိုဟောပါဝင်မှုကြောင့် အရေပြားခြောက်သွေ့ခြင်း တာရှည်ခံဓါတုဗေဒပစ္စည်းတွေပါဝင်နေတဲ့ ထုတ်ကုန်တွေ အသုံးပြုခြင်း နှုတ်ခမ်းနီမဖျက်ဘဲ ညအိပ်ခြင်း အယ်လ်ကိုဟော၊ ရီတင်နို နဲ့ မန်သော်ပါတဲ့ နှုတ်ခမ်းဆိုးဆေးများ အသုံးပြုခြင်း ဘယ်လိုကာကွယ်မလဲ နှုတ်ခမ်းကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်ခြင်း၊ဆံပင်ပါးခြင်းကို လေဆာနဲ့ ကုကြမယ်

ဆံပင်ကျွတ်ခြင်းဟာ အမျိုးသားရော၊အမျိုးသမီးတွေပါ စိုးရိမ်ပူပန်ရတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ ဟိုအရင်တုန်းကတော့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့အတွက် စားသောက်နေထိုင်မှုတွေကို အတော်ပြုပြင်ဆင်ခြင်ရသလို အချိန်လည်း အများကြီးယူရပါတယ်။ ဒီခေတ်မှာတော့ ဆံပင်ကျွတ်ခြင်းကို နည်းပညာရဲ့ ကျေးဇူးနဲ့ အချိန်တိုတွင်းမှာ ထိထိရောက်ရောက် ကုသပေးနေနိုင်ပြီဖြစ်ပါတယ်။ လေဆာအပျော့စားကို အသုံးပြုပြီး ကုသခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို အလွန်ထိရောက်စွာ သက်သာစေသလို ဆံပင်ကိုလည်း ပြန်ထူလာစေပါတယ်။ လေဆာအပျော့စားကို သုံးပြီး ဘယ်လိုကုသမှုပေးသလဲ။ ဒီနည်းလမ်းဟာ ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်တဲ့ ခေတ်အမီဆုံးနည်းလမ်းတခု ဖြစ်ပြီး ထိပ်ပြောင်သူတွေအတွက် အားတက်စရာ ကုသမှုပဲ ဖြစ်ပါတယ်။ အနီအောက်ရောင်ခြည် (infrared) ကို အသုံးပြုခြင်းအားဖြင့် လေဆာအပျော့စားဟာ ဦးရည်ပြားကို နှိုးဆွပေးနိုင်တာမို့ ဆံပင်တွေတဖန်ပြန်လည် ပေါက်လာစေပါတယ်။ ဒီလေဆာဟာ တခြားဆေးဝါးကုသမှုတွေမှာ အသုံးပြုတဲ့ လေဆာလို မပူတဲ့အတွက် "လေဆာအအေး" ဒါမှမဟုတ် "လေဆာအပျော့စား" လို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။   လေဆာအပျော့စားကို သုံးပြီး ကုသခြင်းရဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြည့်ထိုးဆေး

သင်မှန်ကြည့်တဲ့အခါ ငါ့အသားအရေလေး ဒီထက်ပိုပြီး ညီညီညာညာရှိရင် ကောင်းမှာပဲ လို့များ စိတ်ထဲတွေးဖူးပါသလား။ သင့်အဖြေက တွေးဖူးပါတယ် ဆိုရင်တော့ Microdermabrasion နဲ့ မိတ်ဆက်ပေးပါရစေ။ Microdermabrasion ဆိုတာဟာ သင့်မျက်နှာရဲ့ အပေါ်ယံမျက်နှာပြင်ကို ပိုပြီးညီညာသွားအောင် စက်ပစ္စည်းလေးတမျိုးကို အသုံးပြုပြီး အသာအယာ ပွတ်တိုက်ညှိပေးတဲ့ အလှအပရေးရာ ကုသမှုနည်းလမ်းတမျိုးပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကုသမှုခံယူအပြီးမှာတော့ သင့်မျက်နှာအရေပြားဟာ ပိုမိုနူးညံ့တောက်ပလာမှာဖြစ်ပြီး အသားရောင်လည်း ပိုညီလာမှာ ဖြစ်ပါတယ်။   Microdermabrasion ဆိုတာဘာလဲ။ Microdermabrasion ဆိုတာ သင့်အရေပြားမျက်နှာပြင်ကို ပြန်လည်ညီညာအောင် ညှိပေးနိုင်တဲ့ ကုသမှုနည်းလမ်းတမျိုး ဖြစ်ပါတယ်။ အရေပြားဆရာဝန်အနေနဲ့ crystal အသေးစားလေးတွေ ပါဝင်တဲ့ ကိရိယာတမျိုးကို အသုံးပြုမှာဖြစ်ပြီး သင့်မျက်နှာကို ဂျီးချွတ်ပွတ်တိုက်ပေးနိုင်သလို အရေပြားဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားအသစ်ပြန်လည် ဖြစ်ပေါ်ဖို့အတွက် အရေးပါတဲ့ collagen ထွက်ရှိမှုကိုလည်း အားပေးတဲ့အတွက် သင့်အသားအရေဟာ […]


အခြားအရေပြားပြဿနာများ

မီလတ်စ်မာနဲ့ မီလတ်နိုးမား ဘာကွာသလဲ

Melasma နဲ့melanoma မီလ်စ်မာနဲ့မီလတ်နိုးမား နှစ်မျိုးလုံးဟာ လူအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေအကြောင်း သင်ဘယ်လိုနားလည်ထားသလဲ။ သူတို့ နှစ်မျိုးဟာ ဘယ်လိုခြားနားသလဲ။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ကြရအောင်။   Melisma မီလ်စ်မာ ဆိုတာဘာလဲ။ အရေပြားတနေရာဟာ သူ့ဘေးနားပတ်လည်က အရေပြားတွေထက် အရောင်ပိုပြီး ညိုမည်းနေတာကို melasma လို့ခေါ်ပါတယ်။ ဒါကို အမည်းရောင်ခြယ်ပစ္စည်းစုပုံခြင်းလို့ ဆရာဝန်တွေက ခေါ်ဝေါ်လေ့ရှိပါတယ်။ melasma ဟာ မျက်နှာပေါ် (အထူးသဖြင့် နဖူး၊ပါး နဲ့ အပေါ်နှုတ်ခမ်းတို့ပေါ်)မှာ အများဆုံးဖြစ်ပေါ်လေ့ရှိပြီး မျက်နှာရဲ့နှစ်ဖက်လုံးမှာ တပုံစံတည်းနီးနီး ပေါ်ပေါက်လာလေ့ရှိကာ အညိုရောင်ကနေ ညိုညစ်ညစ်အမည်းရောင်အထိ မျိုးစုံဖြစ်နိုင်ပါတယ်။ melasma ဟာ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ရံဖန်ရံခါဆိုသလို ဆက်စပ်မှု ရှိတတ်တာကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပြီး ကိုယ်ဝန်ဆောင်ကာလ၊ဟော်မုန်းအစားထိုးဆေး ဒါမှမဟုတ် ပဋိသန္ဓေတားသောက်ဆေးတွေ သုံးစွဲနေစဉ်ကာလတွေမှာ melasma ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း အရေပြားမှာ ညိုညစ်ညစ်အကွက်တွေ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ ညီညာလှပအောင် ဘယ်လိုလုပ်ရမလဲ

အသားအရေဆိုင်ရာပြဿနာတွေဟာ လူအများစု ရင်ဆိုင်တွေ့ကြုံနေရတဲ့ ပြဿနာတွေပါ (အသားအရောင်၊နူးညံ့တာ၊ကြမ်းတမ်းတာ ဒါမှမဟုတ် အရေးအကြောင်းတွေပေါ်လာတာ စသဖြင့်ပေါ့)။ ဒါပေမယ့် မပူပါနဲ့၊သင့်အသားအရေကို နူးညံ့ညီညာလှပစေဖို့ နေ့စဉ်အလွယ်တကူလုပ်ဆောင်ပေးနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီဆောင်းပါးမှာ သင့်အသားအရေ ညီညာလှပစေဖို့ နေ့စဉ်ဆောင်ရွက်ပေးရမယ့် ရိုးရှင်းလွယ်ကူသော နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။   အပြင်ထွက်တိုင်း နေလောင်ခံခရင်မ် လိမ်းပါ။ သင့်အသားအရေကို အလျင်အမြန်ပျက်စီးစေတဲ့ တရားခံတွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးကပါဝင်ပြီး အသားအရေကို မညီမညာဖြစ်စေပါတယ်။ ဒါကြောင့် သင့်အသားအရေညီညာလှပမှုကို ကာကွယ်နိုင်ဖို့အတွက် နေလောင်ခံခရင်မ်ကို နေ့စဉ်သုံးစွဲပေးရမှာဖြစ်ပြီး အနည်းဆုံး SPF15 လောက်ပါဝင်တဲ့ ခရင်မ်တွေကို ရွေးချယ်သုံးစွဲရမှာပါ။ နေလောင်ခံခရင်မ်တွေနဲ့ ပတ်သက်လို့ သင်သိထားသင့်တဲ့အချက်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။ တကယ်တမ်းကျတော့ နေရောင်ခြည်ဒါဏ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့အတွက် အနည်းဆုံး SPF30 လောက်ရှိတဲ့ ခရင်မ်တွေကို ရွေးချယ်သုံးစွဲသင့်တာပါ။ ဒါမှသာ အရေပြားကင်ဆာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိုးအုံ့တဲ့နေ့တွေမှာလည်း နေလောင်ခံခရင်မ်ကို […]


အသားအရေ ထိန်းသိမ်းခြင်း

လေဆာနှင့် မျက်ရစ်ပြင်ခြင်း

လေဆာအသုံးပြုပြီး မျက်ရစ်ပြုပြင်ခြင်းဟာ မျက်ရစ်တွဲကျခြင်းကို ပြုပြင်နိုင်ဖို့အတွက် မလိုအပ်တဲ့ အရေပြား၊ကြွက်သားနဲ့ အဆီတွေဖယ်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ သင်အသက်ကြီးလာတာနဲ့အမျှ မျက်ခွံတွေဟာ လျော့ရဲလာပြီး ထောက်မပေးထားတဲ့ ကြွက်သားတွေကလည်း တဖြည်းဖြည်းနဲ့ အားနည်းလာပါပြီ။ တချိန်တည်းမှာပဲ မျက်ခွံရဲ့ အပေါ်နဲ့ အောက်ဖက်တွေမှာ အဆီတွေကလည်း စုပုံလာတာကြောင့် မျက်ခုံးရော၊မျက်ခွံကပါ အောက်ကို တွဲကျလာပါတယ်။ ပိုဆိုးတာက ဒီလိုမျိုးမျက်လုံးဘေးတဝိုက်မှာ အရေပြားတွဲကျနေတာကြောင့် သူတို့အနေနဲ့ ဘေးဖက်ကို ကောင်းကောင်းမမြင်ရတော့တဲ့အတွက် ပိုပြီးအိုမင်းနေသလို ဖြစ်လာရပါတယ်။ အခု ခွဲစိတ်ပြုပြင်မှုက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။   မျက်ရစ်ပြင်တယ်ဆိုတာ ဘာလဲ။ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ်နဲ့ပဲ ဒီကုသမှုကို ခံယူနိုင်ပါတယ်။ မျက်ရစ်ပြင်ခြင်းဟာ သင့်အတွက်တကယ်သင့်တော်တဲ့ ကုသမှုဟုတ်မဟုတ်ကို သိရှိနိုင်ဖို့ အရင်ကြိုးစားရပါမယ်။ သင့်အနေနဲ့ ဒီကုသမှုကနေ ဘာတွေမျှော်လင့်ထားသလဲ။ မျက်ရစ်ပြင်ခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာလဲ ဆိုတာကို သိရှိအောင် အရင်လုပ်ရပါမယ်။ လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းဟာ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံမှာရှိတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပရေးရာအတွက် ဗီတာမင် ကေ ရဲ့ ကောင်းကျိုးများ

သင့်အလှအပကို ထိန်းသိမ်းဖို့နဲ့ ကျန်းမာကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် သင်နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် K ပါဝင်ဖို့လည်း အရေးတကြီးလိုအပ်ပါတယ်။ ဟင်းနုနွယ်၊ဂေါ်ဖီစိမ်းတမျိုး၊ပင်စိမ်းနဲ့ တရုတ်နံနံ အစရှိတဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာ ဗီတာမင် K ကို တွေ့ရပြီး သူတို့တတွေရဲ့ အလှအပရေးရာနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုက အံ့မခန်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဗီတာမင် K အကြောင်း ဆက်လက်လေ့လာလိုက်ရအောင်။ မျက်ကွင်းညိုတာကို ပျောက်စေတဲ့ ဗီတာမင် K ဒီခေတ်ကြီးမှာ လှုပ်ရှားသွားလာ လုပ်ကိုင်ရတာ ဖိအားတွေလည်း များသမို့ အမျိုးသမီးအတော်များများဟာ စိတ်ဖိစီးမှုတွေကို ခံစားရပြီး အိပ်ချိန်မမှန်တာမျိုးတွေ၊အိပ်မပျော်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျက်ကွင်းတွေညိုလာတတ်တဲ့အတွက် အလှအပကိုပါ ထိခိုက်စေပါတယ်။ ဒီလိုဖြစ်လာရင် သင့်အနေနဲ့ ဗီတာမင် K ပါဝင်တဲ့ အစားအစာတွေ ဒါမှမဟုတ် အလှကုန်ပစ္စည်းတွေကို သုံးစွဲမယ်ဆိုရင် မျက်ကွင်းညိုတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရောင်ပြောင်းလဲခြင်းကို ဘယ်လိုကာကွယ်မလဲ

အသားအရောင်ပြောင်းလဲခြင်းဆိုတာ ဘာလဲ။ ပုံမှန်အသားရောင်ထက် ပိုဖျော့သွားတာနဲ့ ပိုပြီးညိုမည်းလာတာ ဆိုပြီး အသားအရောင်ပြောင်းလဲခြင်း နှစ်မျိုးရှိပါတယ်။ အရေပြားကို ညိုစေ၊မည်းစေနိုင်တဲ့ အရောင်ခြယ်ပစ္စည်းတမျိုးနည်းသွားတဲ့အခါ အဆိုပါနေရာတနေရာတည်း ကွက်ပြီး ဖြူသွားတာ၊ဘေးနားက ပုံမှန်အသားနဲ့ယှဉ်ရင် အရောင်ဖျော့သွားတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အဆိုပါ အသားအရောင်ပြောင်းလဲခြင်းတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ .အသားအရောင်ပြောင်းလဲတဲ့အခါ သင့်အသားအရေဟာ အရောင်တပြေးညီဖြစ်မနေတော့ဘဲ ပိုညိုမည်းတဲ့ ဒါမှမဟုတ် ပိုဖြူတဲ့ အကွက်တွေ ပေါ်ပေါက်လို့ လာပါတယ်။ ဒါ့အပြင် အသားအရမ်းညိုမည်းသွားတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ (အသားအရေကို ညိုမည်းစေတဲ့) melanin ဆိုတဲ့ ဓါတ်တမျိုး ထိန်းမနိုင်သိမ်းမရ ထွက်ရှိလာလို့ ဖြစ်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့တာ ဒါမှမဟုတ် ကိုယ်နဲ့မတည့်တဲ့ အလှကုန်ပစ္စည်းတွေ၊သောက်ဆေးတွေကို သုံးစွဲမိတာကြောင့်လည်း ပိုဆိုးလာနိုင်ပါတယ်။ လူအများစုဟာ ဒီလိုမျိုး အသားအရောင်ပြောင်းလဲမှာကို တွေးကြောက်ကြပါတယ်။ အကွက်လေးတကွက်လောက် ဖြစ်ပေါ်လာရင်ပဲ အိမ်ထဲကအိမ်ပြင်တောင် […]


အသားအရေ ထိန်းသိမ်းခြင်း

အသက်ငါးဆယ်မတိုင်မီ အရေးအကြောင်းတွေ ပေါ်လာတာကို ဘယ်လိုဖြေရှင်းမလဲ

ကျွန်တော်တို့တတွေ အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေ ပေါ်ပေါက်လာတာဟာ ရှောင်လွှဲလို့မရတဲ့ အမှန်တရားတခု ဖြစ်ပါတယ်။ ဒါပေမယ့် အရေးအကြောင်းတွေ နည်းသွားအောင် ထိရောက်စွာ လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေလည်း အမှန်တကယ်ပဲ ရှိနေပါတယ်။ အရေးအကြောင်းတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။   အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို စမ်းသုံးကြည့်ပါ။ ၁။ လတ်ဆတ်တဲ့ နွားနို့နဲ့ ပျားရည်တို့ကို အသုံးပြုပြီး မျက်နှာသစ်ဆေး ဖန်တီးကြည့်ပါ။ · ပျားရည်မှာ ပါဝင်တဲ့ အစိုဓါတ်ထိန်းပစ္စည်းတွေဟာ သင့်အသားအရေကို သဘာဝအတိုင်း စိုပြေနေစေပါလိမ့်မယ်။ ဒီလိုဆိုရင် အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတာမို့ အရေးကြောင်းတွေကို လျှော့ချပေးပါလိမ့်မယ်။ ဒါ့အပြင် လတ်ဆတ်တဲ့ နွားနို့မှာပါဝင်တဲ့ lactic acid ဟာ မွေးညင်းပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတာကြောင့် သင့်အရေပြားအနေနဲ့ collagen ဓါတ်ကို သဘာဝအတိုင်း ပိုမိုပြီး ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။ ၂။ သံပုရာရည်နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း