backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသားတွေအတွက် အသင့်တော်ဆုံး facial foam နှင့် moisturizer ရွေးချယ်ခြင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသားတွေအတွက် အသင့်တော်ဆုံး facial foam နှင့် moisturizer ရွေးချယ်ခြင်း

အမျိုးသားတွေရဲ့အသားအရေ

အရေပြားပိုထူတယ် –အမျိုးသားတွေရဲ့သွေးထဲမှာtestosteroneဟော်မုန်းပါဝင်မှုမြင့်မားတာကြောင့် အရေပြားအလွှာတွေပိုထူပြီးelastin နဲ့collagen လည်း ပိုများတာကြောင့် အရေပြားကျုံ့ဆန့်နိုင်အားပိုကောင်းပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် အသားအရေလျော့တွဲခြင်း၊အရေးအကြောင်း စတာတွေလို အသားအရေရင့်ရော်မှုကိုခံနိုင်ရည်ပိုရှိပါတယ်။

အဆီပိုပြန်တယ် – သူတို့ရဲ့အသားအရေမှာ အဆီထွက်တဲ့ဂလင်း(sebum) ရဲ့လှုပ်ရှားလုပ်ဆောင်မှုပိုများတာကြောင့် အဆီပိုပြန်တတ်ပါတယ်။ ဒီအဆီတွေကပဲ အသားအရေကိုကာကွယ်ပေးပြီး နူးညံ့ချောမွေ့စေတာပါ။

ချွေးပေါက်ပိုကျယ်တယ်– အဆီပိုပြန်ပြီး အမွေးအမျှင်ပိုများတတ်တဲ့ အမျိုးသားတွေရဲ့ချွေးပေါက်တွေက ပိုကျယ်လို့ ဝက်ခြံလည်းပိုပေါက်လွယ်ပါတယ်။

အမျိုးသားတွေက အပြင်ထွက်တာပိုများတာကြောင့်လည်း အရေပြားမှာနေလောင်ခြင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု တွေကို ပိုထိတွေ့ရပါတယ်။ ဒါ့ကြောင့်ထိခိုက်လွယ်တဲ့အသားအရေကို ကာကွယ်ဖို့နဲ့ ကျန်းမာတဲ့ အသားအရေကို ထိန်းသိမ်း ဖို့အသားအရေနှင့် ကိုက်ညီသော Cleanser နဲ့ Moisturizer တို့ကို သေချာရွေးချယ် အသုံးပြုဖို့လိုအပ်ပါတယ်။နေ့စဉ် မျက်နှာမှာ ရိတ်ရ၊ရှင်းလင်းရ တာတွေလုပ်ပြီးရင် အသားအရေမထိခိုက် မပျက်စီးရအောင် Men skincare များကို ဂရုတစိုက် သုံးသင့်ပါတယ်။

ကိုယ်နဲ့ကိုက်ညီမယ့် facial foam နဲ့ moisturizer ကို ဘယ်လိုရွေးချယ်မလဲ

ကိုယ်ကဘယ်လိုအသားအရေပဲဖြစ်ဖြစ် ကျန်းမာတဲ့ အသားအရေထိန်းသိမ်းဖို့အတွက်တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ဖို့ လိုအပ်ပါတယ်။ ရိုးရိုး ကိုယ်တိုက်ဆပ်ပြာတွေက မျက်နှာအသားအရေအတွက် မသင့်တော်တာကြောင့် မျက်နှာတစ်ရှူးတွေကိုထိန်းညှိပေးဖို့ သီးသန့် ထုတ်လုပ်တဲ့ မျက်နှာသစ်ဆေးတွေကိုပဲ သုံးတာအကောင်းဆုံးပါ။

ဒီနေ့ခေတ်မှာအမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ မျက်နှာသစ်ဆေးတွေအများကြီးရှိနေပြီဆိုတော့ ကိုယ့်အတွက် အကောင်းဆုံးကို ဘယ်လိုရွေးချယ်မလဲဆိုတာကိုပဲ အဓိကတွေးသင့်ပါပြီ။ အကောင်းဆုံးနည်းက ကိုယ်ကဘယ်အသားအရေ အမျိုးအစားမှာပါဝင်နေလဲဆိုတာ အရင်ဆုံးဖြတ်ပြီး အဲဒီအသားအရေအတွက် ထုတ်ထားတဲ့ ပစ္စည်းကို ရွေးချယ်ပါ။ဘယ်အသားအရေအမျိုးအစားအတွက်ထုတ်တယ်၊ ဘာတွေပါဝင်တယ်၊ ဘာအတွက်ကောင်းတယ် ဆိုတာသေချာဖော်ပြထားတဲ့ပစ္စည်းကိုရွေးသင့်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေ

သင့်အသားအရေက အရေခွံတွေကွာတတ်တယ်၊ ကြမ်းတယ်၊ အသားခြောက်ပြီးနီနေတတ်တယ် (အထူးသဖြင့်ဆောင်းတွင်းမှာ ပိုဆိုးတတ်ပါတယ်)၊ မျက်နှာသစ်ပြီးရင် တင်းတင်းကြီးဖြစ်နေတတ်တယ်ဆိုရင် ခြောက်သွေ့တဲ့အသားရေ (Dry skin) ပိုင်ရှင်ဖြစ်ပါတယ်။

အသားအရေကသဘာဝအတိုင်းခြောက်သွေ့နေတယ်ဆိုရင်sebum အလုံအလောက်ထုတ်မပေးနိုင်တော့ချောမွေ့မှုမရှိနိုင်ပါဘူး။ အဲဒီအခြေအနေမှာ ရှိနေတဲ့အဆီတွေကိုအကုန်ဖယ်ရှားပေးမယ့်မျက်နှာသစ်ဆေးကြောင့် ခြောက်သွေ့မှု ပိုဆိုးသွားနိုင်ပါတယ်။ အဲဒါကြောင့်ခြောက်သွေ့တဲ့အသားအရေအတွက် ထုတ်လုပ်ထားတဲ့ ဂလစ်ဆရင်းနဲ့ သံလွင်ဆီလို အစိုဓါတ်ထိန်းတဲ့ပါဝင်ပစ္စည်းတွေပါတဲ့ facial foam ကိုရွေးတာကောင်းပါတယ်။

ခရင်မ်ပုံစံနဲ့ ထုတ်လုပ်ထားပြီး အမြှုပ်ထွက်နည်းတဲ့ facial foam မျိုး ကိုရွေးပါ။

အဆီပြန်တတ်တဲ့အသားအရေ

မျက်နှာမှာအဆီပြန်နေတတ်တယ်၊ သိသိသာသာမြင်နေရလောက်တဲ့အထိချွေးပေါက်ကျယ်နေတယ်၊ မကြာခဏဝက်ခြံထွက်တတ်တယ် ဆိုရင် အဆီပြန်တဲ့အသားအရေပါ။

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဟာsebum ထွက်ရှိမှုလွန်ကဲပြီး မျက်နှာအသားအရေနဲ့ချွေးပေါက်တွေထဲမှာ အဆီတွေများလာပါတယ်။ အဆီပိုတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ Facial cleanserတွေက တောက်ပမှုမရှိတဲ့ အသားအရေကို ဝင်းလက်လာစေပါတယ်။

တုံ့ပြန်လွယ်တဲ့အသားအရေ

အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ၊အလှကုန်တွေနဲ့ထိတွေ့ရင် နီရဲလာတယ်၊ ယားယံလာတယ်၊လောင်တတ်တယ်ဆိုရင် ဓါတ်မတည့်မှုတွေရှိနိုင်တဲ့ sensitive skin ပိုင်ရှင်ပါ။

ကိုယ်က sensitive skinဖြစ်နေရင် ဘယ်ပစ္စည်းကိုမှ ဓါတ်တည့်မတည့် အရင်မစမ်းဘဲ အလောတကြီးမသုံးသင့်ပါဘူး။ တုံ့ပြန်လွယ်တဲ့အသားအရေရှိသူတွေဟာ တခါတရံ တခြားသူတွေအတွက်ဘေးဥပါဒ်ကင်းနေတဲ့ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်တတ်ကြပါဘူး။ ဒါ့ကြောင့် skin careရွေးချယ်ရာမှာပိုသတိထားသင့်သလို sensitive skin အတွက် သီးသန့်ထုတ်တဲ့ ပစ္စည်းတွေဆို အကောင်းဆုံးပါပဲ။

hypoallergenic အမျိုးအစား ဖြစ်ပြီး အမြှုပ်နည်းတဲ့ မျက်နှာသစ်ဆေးကိုရွေးပါ။ သူတို့ကို ဓါတ်မတည့်တုံ့ပြန်မှုတွေဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေမပါဘဲ စီမံထုတ်လုပ်ထားတာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်၊ချာမိုမိုင်း ဒါမှမဟုတ် ဗီတာမင်အီး တို့ပါဝင်တဲ့ ထုတ်ကုန်တွေကရောင်ရမ်းမှုကိုသက်သာစေပြီးsensitive skin ကို ထိန်းသိမ်းပေးပါတယ်။

ပုံမှန်အသားအရေ

ဘာမှထူးထူုးခြားခြားလက္ခဏာမရှိတဲ့ ပုံမှန်အသားအရေရှိသူတွေဟာ ပုံမှန်ရှိသင့်တဲ့အဆီဓါတ်ပမာဏရှိပြီး မျှတတဲ့အသားအရေရှိသူတွေပါ။ ပတ်ဝန်းကျင်အခြေအနေနဲ့အညီ ရေဓါတ်ထိန်းသိမ်းနိုင်အောင်လို့ နွေရာသီရောက်ရင် ဂျယ်လ်ပုံစံ မျက်နှာသစ်ဆေးတွေကိုသုံးပြီးဆောင်းတွင်းဆိုရင်တော့ ခရင်မ်ပုံစံဖော်မြူလာကို သုံးပေးပါ။

အမျိုးသားတွေအတွက် face moisturizer ဘယ်လိုရွေးမလဲ

အမျိုးသားတွေအတွက်ထုတ်တဲ့ မျက်နှာအစိုဓါတ်ထိန်းပစ္စည်းတွေကအများကြီးရှိပါတယ်။ ဒီတစ်ခါလည်း အရင်ဆုံးလုပ်သင့်တဲ့အလုပ်က မရွေးခင် label ကိုသေချာဖတ်ပြီး ပါဝင်ပစ္စည်းကိုကြည့်ဖို့ပါ။

alcohol ပါတဲ့moisturizer ကိုမရွေးပါနဲ့။ အသားအရေကိုခြောက်သွေ့စေနိုင်လို့ပါ။shea butter လိုမျိုး၊ ထောပတ်သီးလိုမျိုး အပင်ကရရှိတဲ့အဆီတွေ၊ အနှစ်တွေကို ပါဝင်ပစ္စည်းအဖြစ်ထည့်သုံးထားတဲ့ ထုတ်ကုန်တွေကိုရှာပါ။ ဒါဆို အရေပြားကစုပ်ယူရလွယ်ကူပြီး မျက်နှာအသားအရေက သဘာဝအတိုင်း နူးညံ့လာပါလိမ့်မယ်။ ယောက်ျားလေး တော်တော်များများက Refresh ဖြစ်တာကို ကြိုက်တဲ့အတွက် လိမ်းလိုက်ရင် Cooling Sensation ပါတဲ့ Moisturizer မျိုးကို ရွေးသုံးတတ်ကြပါတယ်။

ဘယ်အမျိုးအစားကိုပဲသုံးသုံး မျက်နှာကို အဆီနဲ့အညစ်အကြေးတွေသန့်ရှင်းစင်ကြယ်စေဖို့ တစ်နေ့နှစ်ကြိမ် (မနက်+ည) မျက်နှာသစ်သင့်ပါတယ်။ ဒါပေမယ့် Facial cleanser သုံးပြီးတိုင်း၊ရေချိုးပြီးတိုင်း၊ မုတ်ဆိတ်ရိတ်ပြီးတိုင်း ၊Scrub လုပ်ပြီးတိုင်းMoisturizer သုံးမှ အသားအရေစိုပြေမှုကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement