ဈေးကွက်မှာရှိနေတဲ့ အရည်အသွေး အမျိုးမျိုးနဲ့ အသားဖြူဆေးတွေမှာhydroquinine၊ ပြဒါးနဲ့ စတီးရွိုက်တို့လို ဓါတုပစ္စည်းတွေ ထည့်သွင်းလေ့ရှိပါတယ်။ ဒီဓါတ်တွေကို နိုင်ငံတချို့မှာ အသုံးပြုခွင့် တားမြစ်ထားပေမယ့် hydroquinine ကိုတော့ ဆရာဝန်တွေက ဆေးညွှန်းမှာ သုံးနေပါသေးတယ်။
အရေပြားနဲ့ခန္ဓါကိုယ်ကို အဆိပ်သင့်ဓါတ်ပစ္စည်းတွေနဲ့ ထိတွေ့ရတဲ့ အကြီးဆုံး အန္တရာယ်ကတော့ အချိန်ကြာလာတဲ့အမျှ သူတို့က ဘေးထွက်ဆိုးကျိုး များလာပြီး အသားအရေ အရောင် ပြောင်းလဲခြင်း၊ အာရုံကြောစနစ် လုပ်ဆောင်ချက် ချို့ယွင်းခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ အပါအဝင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလာစေနိုင်ပါတယ်။
အသားဖြူချင်သူတွေ ထဲမှာ အတော်များများက အမှားတွေ လုပ်မိတတ်ပါတယ်။ အသားဖြူဖို့ပဲ အာရုံထားပြီး သတိပေးချက်တွေကို ဂရုမပြုမိကြတာကြောင့် အရေပြားအပေါ် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ဖြစ်နေစေပါတယ်။ အသားဖြူဆေးတွေ၊ bleaching productsတွေ အများကြီး ဈေးကွက်မှာ ပျံ့နှံ့နေပြီး အသုံးပြုသူလည်း များလာပါတယ်။ ဒါပေမယ့် အရည်အသွေးနဲ့ ဘေးဥပါဒ် ကင်းရှင်းမှုအတွက်တော့ အာမခံချက် မရှိတာ များနေပြီး အသားအရေတွေ ပျက်စီးကုန်တာ၊ အရေပြား ထိလွယ်ရှလွယ် တုံ့ပြန်မှု လွန်ကဲကုန်တာနဲ့ ပြန်ပြင်လို့ မရလောက်အောင် ထိခိုက်ပျက်စီးစေတာတွေ အထိတောင် ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။