ဆံပင်ဆိုးဆေးတွေမှာ ပါဝင်နေတဲ့ အန္တရာယ်ရှိစေနိုင်တဲ့ ဓာတုပစ္စည်းတွေ
ဆံပင်ဆိုးဆေးတွေထဲမှာ PPD (သို့)para-phenylenediamine တို့လိုမျိုး အရေပြားမှာ ပူစပ်ပူလောင်ဖြစ်စေတဲ့ ဓာတ်မတည့်မှုတွေနဲ့ ခေါင်းကိုက်တာတွေကိုဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေသလို ကာစီနိုဂျင်တွေလည်းပါဝင်နေပါတယ်။ ဆံပင်ဆိုးဆေးတော်တော်များများက ဓာတ်မတည့်မှုတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးအများစုမှာ ဥရောပနိုင်ငံတွေမှာ အသုံးပြုခွင့်တားမြစ်ထားတဲ့ ခဲဓာတ်တွေ ပါဝင်နေတယ်လို့လည်းဆိုပါတယ်။ အဆိုပါ ခဲဓာတ်ကပြင်းထန်တဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆေးကို တာရှည်ခံအောင် လုပ်ဆောင်ထားတဲ့ DMDM hydantoin က ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးတွေထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အမိုးနီးယားပါဝင်နေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ resorcinol ဓာတ်လည်း ဆံပင်ဆိုးဆေးတွေမှာပါဝင်နေပါတယ်။