အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

နေလောင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအဖို့ နေရောင်ခြည်နဲ့ မထိတွေ့ဘဲနေဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ အိမ်ထဲမှာပဲနေတယ်ဆိုရင်တောင် ပြတင်းပေါက်တွေ၊ မှန်တွေကနေတဆင့် ဝင်လာတဲ့ နေရောင်ခြည်တွေကို ရှောင်လွဲလို့မရဘဲ ထိတွေ့မိမှာသေချာပါတယ်။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အများကြီးထိတွေ့မိရင်တော့ နေလောင် တာနဲ့ အရေပြားပြဿနာအမျိုးမျိုးကို ခံစားရမှာ မလွဲပါဘူး။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေပါတယ်။ နေလောင်တဲ့အခါ အသားအရေက အရောင်ပြောင်းသွားတာမျိုးရှိနိုင်သလို အရေပြားမှာ အဖုအပိမ့်ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မိုးရွာတဲ့နေ့၊ တိမ်ထူတဲ့နေ့တွေမှာတောင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မိနိုင်တယ်ဆိုတာကိုတော့မေ့လို့မဖြစ်ပါဘူး။ နေလောင်ဒဏ်ကြောင့် အရေပြားထိခိုက်ပျက်စီးတဲ့အခါ အသားအရောင်မညီမညာနဲ့ ကြည့်ရတာ အဆင်မပြေပါဘူး။ ခရီးသွားပြီးလို့ပဲဖြစ်ဖြစ်၊ နေရောင်ထဲမှာ အကြာကြီးနေမိတာနဲ့ နေဒဏ်လေဒဏ်တွေကြောင့် အသားအရေတွေ ခြောက်သွေ့ပျက်စီးသွားတဲ့အခါ သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေရှိမယ်ဆိုရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ နည်းလမ်းလေးတွေ ပြောပြမယ်နော်။ နေလောင် တာကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အသားအရေကို ဒီလိုထိန်းသိမ်းမယ် နေလောင်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

Spa မှာပြုလုပ်သလို ခြေချောင်းလေးတွေ ဖြူပြီး ကြည်လင်စေဖို့ နည်းလမ်းကောင်းများ

ခြေဖဝါးတစ်ခုလုံးတင် မဟုတ်ဘဲ ခြေချောင်းလေးတွေပါ ဖြူပြီး ခြေသည်းလေးတွေကအစ ကြည်ကြည်လင်လင်လေးတွေဆိုရင် စီးထားတဲ့ ဖိနပ်လေးနဲ့ တော်တော်လေး လိုက်ဖက်လှပနေမှာပါ။ ကိုယ့်ရဲ့ခြေထောက်မှာ ခြေသည်းနီဆိုးထားတယ်ဆိုရင်တောင် ခြေချောင်းလေးတွေက ဖြူနေတာမို့ အရမ်းလှပတဲ့ ခြေတစ်စုံ ဖြစ်နေမှာပါ။ ဘယ်အချိန်ဘယ်သူကပဲ ကြည့်လိုက် ကြည့်လိုက် ခြေချောင်းလေးတွေမှာ ချေးညှော်ကင်းပြီး ဖြူစင်လှပနေဖို့ဆိုတာ နည်းနည်းလေးတော့ ဂရုစိုက်ဖို့ လိုပါတယ်နော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဂရုစိုက်လို့ ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ ပထမဆုံး အနေနဲ့တော့ ဇလုံထဲမှာ ရေနွေးလေးနဲ့ ရေအေး နည်းနည်းလောက် ရောစပ်လိုက်ပါ။ နောက်တော့ ဆားအနည်းငယ်ထည့်ပြီး အအေးခံထားပါ။ ခြေချောင်းလေးတွေ စိမ်ထားနိုင်တဲ့ အပူအနေအထားကို ရောက်လာပြီဆိုရင်တော့ စိမ်ထားပါ။ (၁၀) မိနစ်ဆိုရင် ရပါတယ်။   ဒီလို စိမ်ထားပေးခြင်းက ခြေထောက်မှာ ရှိတဲ့ အဆီပြန်ခြင်း၊ ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ပြီးရင်တော့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Male pattern baldness (ထိပ်ပြောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။ထိပ်ပြောင်ခြင်းဆိုတာဘာလဲ။ ထိပ်ပြောင်ခြင်းဆိုတာကိုဆံပင်ပါးခြင်းတစ် မျိုးလို့ခေါ်ပြီးအမျိုးသားတွေမှာအတွေ့ရအများဆုံးဆံပင် ကျွတ်မှုတစ်ခုဖြစ်ပါတယ်။ ထိပ်ပြောင်ခြင်းကိုအတွေ့ရများသလား။ အရမ်းကိုအတွေ့ရများပါတယ်။ များသောအားဖြင့် အမျိုးသားတွေကအမျိုးသမီးတွေထက်ပိုဖြစ်တတ်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာများ။ထိပ်ပြောင်ခြင်းရဲ့ လက္ခဏာတွေ ကဘာတွေလဲ။ ထိပ်ပြောင်ခြင်းရဲ့ပုံစံကတော့ ဆံစပ်ကနေစတတ်ပါတယ်။ ဆံ ပင်ရဲဆံစပ်ကနေပြီး ခေါင်းနောက်ဘက်ကို ဆုတ်သွားတတ် ပါတယ်။ ပြီးတော့ Mပုံစံဖြစ်ပေါ်လာပါတယ်။ နောက်ပိုင်းကျ ရင် ဆံပင်က ပါးလာမယ် တိုလာမယ် ပြီးတော့ မြင်းခွာပုံလို မျိ ုးဖြစ်ပြီးဆံပင်တွေက ဘေးနှစ်ဘက်မှာပဲကျန်နေတဲ့ပုံဖြစ် လာပါလိမ့်မယ်။ (အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။) ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။ ဖြစ်ပွားမှုအကြောင်းရင်းများ။ထိပ်ပြောင်ခြင်းကို ဘယ်အကြောင်းအရင်းတွေကဖြစ်စေတာလဲ။ ထိပ်ပြောင်ခြင်းဆိုတာဟာ မျိ ုးရိုးလိုက်လို့ သို့မဟုတ် မိသား စုဝင်တွေထဲက ရှိလို့ဆိုပြီး ဖြစ်တာကတော့အကြောင်းတစ် ရပ်အနေနဲ့ရှိပါတယ်။ လေ့လာသူတွေတွေ့ရှိချက်အရကတော့ ထိပ်ပြောင်ခြင်းဟာ ယောင်္ကျားဟော်မုန်းတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ဆိုပါတယ်။ အန်ဒရိုဂျင်လို့ခေါ်တဲ့ ယောင်္ကျားဟော် မုန်းဟာ လုပ်ငန်းတွေအများကြီးကို လုပ်ဆောင်ပါတယ် ဆံပင်ကြီးထွားမှုနေရာမှာပါဝင်နေပါတယ်။ သင့်ခေါင်းပေါ်က ဆံပင်တစ်မျှင်ချင်းစီဟာကြီးထွားမှု စက်ဝန်းတစ်ခုစီရှိကြပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာလေး လှပစေဖို့ ပျားရည်ကို ဘယ်လိုအသုံးပြုမလဲ

မျက်နှာလေး လှပစေဖို့ ပျားရည်ကို ဘယ်လိုအသုံးပြုမလဲ ပျားရည်ချိုချိုလေးတွေကို စားပဲစားကြတာလား၊ ပျားရည်ချိုချိုလေးက ပျိုမဒီလေးရဲ့ မျက်နှာကိုပါ လှပစေနိုင်ပါတယ်။ ဝက်ခြံ၊ အရေးအကြောင်း၊ အမဲစက်တွေကို ပျောက်ကင်းစေတဲ့အပြင် ကြည်လင်တောက်ပပြီး အသားအရေညီညာတဲ့ မျက်နှာပိုင်ရှင်းလေး ဖြစ်ဖို့ ပျားရည်က စွမ်းဆောင်ပေးနိုင်ပါတယ်နော်။ ပျားရည်က အလှအပကို ဘယ်လိုအကျိုးပြုတာလဲ၊ လှပဖို့ ပျားရည်ကို ဘယ်လိုသုံးရမလဲဆိုတာ ပြောပြပေးမယ်နော်။ အစိုဓါတ်ရရှိစေခြင်း မျက်နှာနဲ့လေထိတွေ့တာတွေ များခြင်းကြောင့် မျက်နှာပြင် အလွှာတွေ ပျက်စီးပြီး အစိုဓါတ် ခမ်းခြောက်စေပါတယ်။ ဒီလိုပျက်စီးခြင်းကို ပျားရည်က ပြန်လည် ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပထမဆုံး မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ ပျားရည်ကို မျက်နှာအနှံ့လိမ်းထားပါ။ (၁၅) မိနစ်လောက်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ ဒီလို တပတ်ကို (၂) ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် မျက်နှာမှာ အစိုဓါတ်လေးတွေ ရရှိလာမှာပါ။   ချွေးပေါက်ကျယ်ခြင်း ပျားရည်မှာ ပါဝင်တဲ့ အင်ဇိုင်းဓါတ်တွေက […]


အသားအရေ ထိန်းသိမ်းခြင်း

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ရွေးမယ်ဆိုရင်

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ရွေးမယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့နေရာမှာ အောက်ခံမိတ်ကပ်က အခြေခံကျတဲ့ အဓိက အရာပါနော်။ အောက်ခံမိတ်ကပ်ကောင်းမှ အပေါ်က တခြားအလှပြင်ပစ္စည်းတွေရဲ့ အလှအပလည်း ပေါ်လွင်မှာပါ။ အောက်ခံမိတ်ကပ် မကွက်အောင်၊ ပြာနှမ်းနေတာမျိုး မဖြစ်အောင်၊ အောက်ခံမိတ်ကပ်ကြောင့် အသားအရေ ပျက်စီးထိခိုက်တာတွေ မဖြစ်စေဖို့အတွက် အောက်ခံမိတ်ကပ် ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ အောက်ခံမိတ်ကပ်ရွေးချယ်လို့ရမယ့် နည်းလမ်းလေးတွေကို Hello ဆရာဝန်ကနေ မျှဝေလိုက်ပါတယ်။ ဝက်ခြံထွက်တဲ့ အသားအရေ ဝက်ခြံထွက်တဲ့ အသားအရေဆိုရင်တော့ အစိုဓာတ်များများ ပါတဲ့ အောက်ခံမိတ်ကပ်တွေအစား ခြောက်သွေ့မှုကို ပေးစွမ်းနိုင်တဲ့ မိတ်ကပ်ကို ရွေးရမှာပါ။ salicylic acid နည်းနည်းပါဝင်တဲ့ အောက်ခံမိတ်ကပ်ဆိုရင် ဝက်ခြံထွက်ခြင်းတွေကို လျှော့ချပေးပါတယ်။   အရေးအကြောင်းရှိတဲ့ အသားအရေ အရေးအကြောင်းရှိတဲ့ အသားအရေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အစိုဓာတ်ပါတဲ့ အောက်ခံမိတ်ကပ်လေး ရွေးပေးပါ။ ရေဓာတ်ရရှိခြင်းက အရေးအကြောင်းတွေကို သက်သာစေပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ

ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရာသီဥတုတွေကြောင့် အသားအရေ ပျက်စီးမှုက အနည်းနဲ့အများတော့ ရှိကြပါတယ်။ အေးလွန်းတဲ့ ဆောင်းရာသီမှာဆိုရင်တော့ အသားခြောက်တာ၊ အသားပပ်တာနဲ့ အသားအရေ အက်ကွဲတာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာဆိုရင် အရေပြားမှာ အနီဖုတွေ ထွက်တာ၊ အသားအရေခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်လွယ်တာနဲ့ တင်းတိပ်ထွက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာက အရေပြားအပေါ်ကို နေရောင်ခြည်ထိတွေ့တာကြောင့်ပါ။ ခုဆိုရင်နွေရာသီက တော်တော်လေး ပူလာပြီဆိုတော့ အသားအရေ မပျက်စီးဖို့အတွက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ ဘယ်လိုတွေ ထိန်းသိမ်းရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။ ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ ပူလွန်းတဲ့နွေရာသီမှာအသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတော့ (၁) ရေအဝသောက်ပါ နွေရာသီမှာ အသားအရေခြောက်သွေ့တာတွေကို ကာကွယ်နိုင်ဖို့အတွက် သန့်ရှင်းတဲ့ ရေများများ သောက်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်။ ရေက အစိုဓာတ်ပေးစွမ်းနိုင်တာမို့ အသားအရေ ကြည်လင်နေစေမှာပါ။ ရေဓာတ်များများ ပါဝင်တဲ့ အသီးအနှံစားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ […]


အခြားအရေပြားပြဿနာများ

နွေရာသီမှာ ကြုံတွေ့ရမယ့် မိတ်ရောဂါ

နွေရာသီမှာ ကြုံတွေ့ရမယ့် မိတ်ရောဂါ မိတ်ဆိုတာ ပူပြင်းတဲ့ရာသီရောက်ရင် ခန္ဒါ ကိုယ် အရေပြားပေါ်မှာဖြစ်တတ်တဲ့ အဖုလေးတွေပါ။ ပူတဲ့အခါ ချွေးထွက်တယ်… တချို့ချွေးတွေက အပြင်ကို အကုန်အစင် မထွက်နိုင်ဘဲ အရေပြားအောက်မှာ စုပုံပိတ်မိရာကနေ မိတ်ရောဂါ စဖြစ်တော့တာပါပဲ။ ယားတတ်တဲ့သဘောရှိပြီး ကလေးရော လူကြီးမှာပါ ဖြစ်တတ်ပေမယ့် ကလေးတွေမှာတော့ပိုအဖြစ်များပါတယ်။ အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီး လည်ပင်း၊ ပုခုံးနဲ့ ရင်ပတ်၊ ကျောကုန်းတွေမှာ ပိုအဖြစ်များတာပါ။ ချိုင်းလိုနေရာတွေနဲ့ ခန္ဒါကိုယ် ပွတ်တိုက်မှူများတဲ့နေရာတွေမှာလဲ ဖြစ်တတ်ပါတယ်။ တခါတလေမှာတော့ အနီရောင်အဖုသေးတင်မက အရည်ကြည်ဖုသေးသေးလေးတွေစုနေတဲ့ ပုံစံမျိုးလဲ ဖြစ်တတ်ပါတယ်။   ဘယ်လိုအရာတွေက မိတ်ထွက်ဖို့ လှူံ့ဆော်သလဲ ပူအိုက်စိုစွတ်တဲ့ရာသီဥတုက အဓိက ပါပဲ။ ပူတဲ့ဒဏ်ကို အံတုဖို့အတွက် ခန္ဒါကိုယ်ကနေ ချွေးထွက်ရပါတယ်။ ပုံမှန်ထက်ပိုပြီး ချွေးထွက်တာ များတဲ့အခါ ချွေးဂလင်းတွေလည်း ပိုများလာပါတယ်။ အဲဒီအခါ ချွေးထွက်တဲ့ပြွန်လေးတွေ ပိတ်ဆို့ပြီး ချွေးဟာ အရေပြားအောက်မှာ ပိတ်မိပြီး […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ကဘာလဲ။ ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း ဆိုသော်လည်း ခြေသည်း၊ လက်သည်းတွင်မကဘဲ လက်သည်းအောက်ရှိ အသား၊ လက်သည်းအရင်းနှင့် လက်သည်းဘေးရှိ အသားတို့လည်း အကျုံးဝင်ပါသည်။ လက်သည်းထိခိုက် ဒဏ်ရာရခြင်းဆိုသည်မှာ က်သည်းကျိုးခြင်း၊ စုတ်ပြဲခြင်း၊ ကျေမွခြင်း၊ သွေးခြေဥခြင်းတို့ အပြင် လက်သည်းခွံ ကျွတ်ထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်လှသော ရောဂါဖြစ်ပြီး အသက်အရွယ် မရွေးဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားမှု့နှုန်းကို လျော့ချရန် ဆောင်ရွက်နိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ လက္ခဏာများNail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်းရဲ့ အဖြစ်အများဆုံး ပုံစံငါးမျိုးရှိပါသည်။ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ကဘာလဲ။ ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းသည် ခဏတာဖြစ်သောအခြေအနေဖြစ်ပြီး ခြေသည်းလက်သည်းအောက်တွင် သွေးသို့မဟုတ် အရည်များစုပြုံခြင်းဖြစ်သည်။ လက်သည်းအောက်ရှိသွေးကြောများတွင်အချို့ထိခိုက်မှုများောကာင့်အထိကဖြစ်သည်။ Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSubungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပြင်းထန်စွာကိုက်ပြီးနာခြင်း အနက်ရောင်ပြောင်းသွားခြင်း(နီခြင်းကြက်သွေးရင့်ရောင် ခရမ်းအနက်) ဖြစ်သောလက်သည်းအောက်တောက်လျောက်သို့မဟုတ်အစိတ်အပိုင်းတချို့။ လက်ချောင်းခြေချောင်းထိပ်များတွင်နာခြင်း နှင့်ယောင်ခြင်း   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ ဖြစ်ပွားမှုအကြောင်းရင်းများ။ အကြောင်းရင်းများSubungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ကိုဘာတွေကဖြစ်စေသလဲ ထိုထိခိုက်မှုများကလွယ်လွယ်ကူကူဖြစ်နိုင်သည်။ ကားတခါးသို့မဟုတ် အိမ်တံခါးတွင်သင့်လက်ချောင်းညှပ်ခြင်း လေးသောအရာဥပမာ တူဖြင့် လက်ချောင်းကိုထိမိခြင်း လေးသောအရာ ဥပမာလေ့ကျင့်ခန်းလုပ်သောကိရိယာ ခြေထောက်ပေါ်ကျခြင်း မာသောရောတွင် သင့်ခြေချောင်းကိုသစ်ငုတ်အကြွင်းအကျန်စူးမိခြင်း လက်သည်းခြေသည်းအောက်တွင်မဲနေပြီးထိခိုက်မှုမရှိခဲ့ပါက အခြားအရာများကိုဖယ်ရန်ဆရာဝန်နှင့်တိုင်ပင်ပါ။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အသေးစိတ်သိရှိလိုပါက […]


အခြားအရေပြားပြဿနာများ

Ringworm (Ringworm ( ပွေး ))

အဓိပ္ပါယ်ဖွင့်ဆိုချက်Ringworm (Ringworm ( ပွေး )) ကဘာလဲ။ ပွေးဆိုတာ အရေပြား မှိုစွဲရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ အရေပြားမှာ အရင်ဆုံး အနီကွက်တွေ ဖြစ်လာရာကနေ ခန္ဓါကိုယ်အနှံ့ကို ပျံ့နှံ့သွားပါတယ်။ ဦးရေပြား၊ ခြေဖဝါး၊ ပေါင်ခြံ၊ မုတ်ဆိတ် သို့ တခြားနေရာတွေမှာ ဖြစ်နိုင်ပါတယ်။ ပွေးကို ဖြစ်တဲ့ နေရာပေါ်လိုက်၍ နာမည် အမျိုးမျိုး ခေါ်ကြပါတယ်။ ဦးရေပြားမှာ ဖြစ်လျှင် ( tinea capitis ) လို့ခေါ်ပြီး ငယ်ထိပ်နားမှာ ယားနာအသေးလေးတွေကနေ စဖြစ်တာပါ။ ကလေးတွေမှာ အဖြစ်များပါတယ်။ ကိုယ်ပေါ်မှာ ဖြစ်တဲ့ ပွေးကိုတော့ ( tinea corporis ) လို့ခေါ်ပြီး စက်ဝိုင်းပုံသဏ္ဍန် အကွက်လေးတွေ အနေနဲ့ တွေ့ရတတ်ပါတယ်။ ပေါင်ခြံမှာ ဖြစ်တဲ့ ပွေးကိုတော့ ( tinea cruris ) လို့ခေါ်ပြီး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း