backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း)


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ကဘာလဲ။

ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းသည် ခဏတာဖြစ်သောအခြေအနေဖြစ်ပြီး ခြေသည်းလက်သည်းအောက်တွင် သွေးသို့မဟုတ် အရည်များစုပြုံခြင်းဖြစ်သည်။ လက်သည်းအောက်ရှိသွေးကြောများတွင်အချို့ထိခိုက်မှုများောကာင့်အထိကဖြစ်သည်။

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ပြင်းထန်စွာကိုက်ပြီးနာခြင်း

အနက်ရောင်ပြောင်းသွားခြင်း(နီခြင်းကြက်သွေးရင့်ရောင် ခရမ်းအနက်) ဖြစ်သောလက်သည်းအောက်တောက်လျောက်သို့မဟုတ်အစိတ်အပိုင်းတချို့။

လက်ချောင်းခြေချောင်းထိပ်များတွင်နာခြင်း နှင့်ယောင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

အကြောင်းရင်းများ

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ထိုထိခိုက်မှုများကလွယ်လွယ်ကူကူဖြစ်နိုင်သည်။

ကားတခါးသို့မဟုတ် အိမ်တံခါးတွင်သင့်လက်ချောင်းညှပ်ခြင်း

လေးသောအရာဥပမာ တူဖြင့် လက်ချောင်းကိုထိမိခြင်း

လေးသောအရာ ဥပမာလေ့ကျင့်ခန်းလုပ်သောကိရိယာ ခြေထောက်ပေါ်ကျခြင်း

မာသောရောတွင် သင့်ခြေချောင်းကိုသစ်ငုတ်အကြွင်းအကျန်စူးမိခြင်း

လက်သည်းခြေသည်းအောက်တွင်မဲနေပြီးထိခိုက်မှုမရှိခဲ့ပါက အခြားအရာများကိုဖယ်ရန်ဆရာဝန်နှင့်တိုင်ပင်ပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်လက်ချောင်းခြေချောင်းကိုပြင်းပြင်းထန်ထန်ထိခိုက်မှုရှိပါက သင့်ဆရာဝန်ထံသို့မဟုတ် အရေးပေါ်ခန်းထဲသို့ အရေးပေါ်ကုကမှုယူပါ။ အဘယ်ကြောင့်ဆိုသော် အရိုးကျိုးခြင်း နှင့် လက်သည်းခြေသည်းအောက် နှင့် ဘေးရှိတစ်သျူးများပြင်းပြင်းထန်ထန်ပျက်စီးနိုင်သောကြောင့်ဖြစ်သည်။

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ကို ဘယ်လိုကုသပါသလဲ

ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းသည် မနာပဲသေးပါက ကုသမှုမလိုအပ်ပါ။ သွေးများလက်သည်းခြေသည်းအောက်တွင်စုပြုံလာပြီး ဖိအားများလာပါက အလွန်နာကျင်နိုင်သည်။

အနာသက်သာစေရန် ဆရာဝန်မှ ဖိခြင်းကိုဖယ်ခြင်း ထရစ်ဖီနေးရှင်း သွေးများကိုထုတ်ခြင်း ဖိအားနှင့်အနာသက်သာစေခြင်း ကိုလုပ်လိမ့်မည်။

ဆရာဝန်မှဖြစ်သောလက်ချောင်းခြေချောင်းကို ထုံအောင်လုပ်ပြီး အောက်ပါ ဖိအားဖယ်သောနည်းလမ်းများကိုသုံးလိမ့်မည်။

ကောထရီ။ အပူပေးထားသောဝိုင်ယာ သို့မဟုတ်ကာဗွန်လေဆာ ဖြင့် အပေါက်များလုပ်လိမ့်မည်။ ဝိုင်ယာ၏အပူပေးထားသောထိပ်သည် သွေးခဲကိုထိကအေးသွးပြီး ခြေသည်းအိပ်ကိုထိခိုက်ခြင်းကိုကာကွယ်ပေးသည်။ မြန်ပြီး အနာနည်းသော အဆင့်ဖြစ်သည်။

အပ်။ အပ်ဖြင့်လက်သည်းခြေသည်းကိုအပေါက်ဖောက်လိမ့်မည်။

ထိုလုပ်ဆောင်မှုများပြီးပါက အနာကို ထုပ်ထားလိမ့်မည်။ သင့်ခြေချောင်းလက်ချောင်းအားမြှောက်ထားခြင်း- ရေခဲကပ်ခြင်း- ဖိအားဖယ်ကုထုံးလုပ်ပြီး ၁၂နာရီအတွင်းလုပ်သင့်သည်။ အချို့သောကိစ္စများတွင် ထုပ်စီးကို သုံးရက်ခန့်အနာသက်သာသည်အထိစီးစေသည်။

အဖြစ်အများဆုံးနောက်ဆက်တွဲမှာ ကျန်ခဲ့သောသွေးစမှ ပိုးဝင်ခြင်းဖြစ်သည်။

ခြေသည်းလက်သည်းအောက်တွင်သွေးထွက်မှုပမာဏပြင်းပါက အောက်ပါထိခိုက်သွားခြင်းဖြစ်နိုင်သည်။ ထိုကိစ္စမျိုးတွင်ဆရာဝန်သည် လက်သည်းခြေသည်းတစ်ခုလုံးကိုထုတ်ပစ်ရန်လိုပြီး ပြန်ချုပ်ပေးရန်လိုအပ်နိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ဖြစ်သောလက်ချောင်းခြေချောင်းများကိုမြှောက်ထားခြင်း။

အနာဆုံးနေရာတွင်ရေခဲကိုတာဝါဖြင့်ညွန်ကြားထားသည့်အတိုင်းကပ်ပါ။ လက်ခြေအား ခေါင်းအုံးပေါ်တင်ပြီးနှလုံးအမြင့်ထက်ပို၍မြှောက်ထားခြင်းဖြင့် နာခြင်းယောင်ခြင်းကိုသက်သာစေသည်။

ထိမိသော လက်ချောင်းသို့မဟုတ် ခြေချောင်းကိုခြောက်အောင်ညွန်ကြားထားသည့်အတိုင်းထားပါ။

တစ်စစီပြုတ်ထွက်လာပါက ညှင်သာစွာဖယ်ပါ။ ထိုသို့ပြုလုပ်ခြင်းက ဆုတ်ဖြဲခြင်းကိုနည်းစေသည်။

သက်တောင့်သက်သာရှိသောသင့်တော်သင့်ဖိနပ်ဝတ်ခြင်းဖြင့် ထိခိုက်မိသောခြေထောကိကိုကာကွယ်ပေးနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement