backup og meta

Spa မှာပြုလုပ်သလို ခြေချောင်းလေးတွေ ဖြူပြီး ကြည်လင်စေဖို့ နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Spa မှာပြုလုပ်သလို ခြေချောင်းလေးတွေ ဖြူပြီး ကြည်လင်စေဖို့ နည်းလမ်းကောင်းများ

    ခြေဖဝါးတစ်ခုလုံးတင် မဟုတ်ဘဲ ခြေချောင်းလေးတွေပါ ဖြူပြီး ခြေသည်းလေးတွေကအစ ကြည်ကြည်လင်လင်လေးတွေဆိုရင် စီးထားတဲ့ ဖိနပ်လေးနဲ့ တော်တော်လေး လိုက်ဖက်လှပနေမှာပါ။ ကိုယ့်ရဲ့ခြေထောက်မှာ ခြေသည်းနီဆိုးထားတယ်ဆိုရင်တောင် ခြေချောင်းလေးတွေက ဖြူနေတာမို့ အရမ်းလှပတဲ့ ခြေတစ်စုံ ဖြစ်နေမှာပါ။

    ဘယ်အချိန်ဘယ်သူကပဲ ကြည့်လိုက် ကြည့်လိုက် ခြေချောင်းလေးတွေမှာ ချေးညှော်ကင်းပြီး ဖြူစင်လှပနေဖို့ဆိုတာ နည်းနည်းလေးတော့ ဂရုစိုက်ဖို့ လိုပါတယ်နော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဂရုစိုက်လို့ ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

    ပထမဆုံး အနေနဲ့တော့ ဇလုံထဲမှာ ရေနွေးလေးနဲ့ ရေအေး နည်းနည်းလောက် ရောစပ်လိုက်ပါ။ နောက်တော့ ဆားအနည်းငယ်ထည့်ပြီး အအေးခံထားပါ။ ခြေချောင်းလေးတွေ စိမ်ထားနိုင်တဲ့ အပူအနေအထားကို ရောက်လာပြီဆိုရင်တော့ စိမ်ထားပါ။ (၁၀) မိနစ်ဆိုရင် ရပါတယ်။

    ဒီလို စိမ်ထားပေးခြင်းက ခြေထောက်မှာ ရှိတဲ့ အဆီပြန်ခြင်း၊ ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ပြီးရင်တော့ ခြေသည်းကြားလေးတွေထဲမှာ ရှိတဲ့ ချေးတွေ အကုန်လုံး သန့်စင်လိုက်ပြီး ကိုယ်လိုချင်တဲ့ ခြေသည်းပုံစံညှပ်လိုက်ပါ။

    ပြီးရင် ဘရက်ရှ်အပျော့လေးနဲ့ တိုက်လိုက်ပါ။ ခြေသည်းလေးတွေ ဖြူပြီးသန့်သွားတယ်ဆိုရင်တော့ ခြေချောင်းလေးတွေ အဆင့်ရောက်လာပြီနော်။

    ခြေချောင်းလေးတွေမှာ အဆစ်နေရာက ပိုပြီးမည်းနေတတ်ပါတယ်။ ဒါလေးတွေကို ဖြူအောင်လုပ်ကြမယ်နော်။

    ပျားသံပရာ

    ပျားသံပရာကတော့ ခြေချောင်းလေးတွေကို ဖြူအောင် လုပ်ဖို့ စွမ်းဆာင်ပေးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ သံပရာရည် ဒါမှမဟုတ် ပန်းသီးရှာလကာရည် လက်ဖက်စားဇွန်း(၁) ဇွန်း ရောစပ်လိုက်ပါ။ ပြီးရင်တော့ ခြေချောင်းလေးတွေမှာ သုတ်လိမ်းပြီး မည်းတဲ့နေရာလေးတွေမှာ ပွတ်တိုက်ပေးပါ။

    သကြားညို

    သကြားညိုကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် ခြေချောင်းလေးတွေကို ဖြူစေပါတယ်။ သကြားညို၊ မုန့်ဖုတ်ဆော်ဒါနဲ့ သံလွင်ဆီတို့ကို ဆတူရောလိုက်ပါ။ နှံ့အောင် မွှေထားပြီးရင် ခြေချောင်းမှာ ပွတ်လိမ်းပါ။

    အရမ်းပွတ်ရင်တော့ နာနိုင်ပါတယ်။ (၁၀) မိနစ်လောက်ပြီးရင်တော့ ရေဆေးချလိုက်ပါ။ တစ်ရက်ခြားတစ်ခါလောက် ပြုလုပ်ပေးရင်ကို သိသိသာသာ ဖြူလာမှာပါ။

    အုန်းဆီ

    အုန်းဆီကတော့ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ အဆီတစ်မျိုး ဖြစ်တာကြောင့် ခြေချောင်းလေးတွေ ဖြူဖို့ ပိုလွယ်မှာပါ။ အုန်းဆီနဲ့ ဗီတာမင်E နဲ့ ရောစပ်လိုက်ပါ။ ပြီးရင်တော့ ခြေချောင်းလေးတွေမှာ လိမ်းပေးပါ။ ဒီနည်းလမ်းက အစိုဓာတ်ကို ရရှိစေပြီး အသားရေလေး ကြည်လင်တောက်ပဖို့ အကူအညီပေးပါတယ်။

    ဆား

    ဆားနဲ့ အုန်းဆီကလည်း ခြေချောင်းလေးတွေ ကြည်လင်တောက်ပစေဖို့ အကျိုးပြုတဲ့ ပစ္စည်းနှစ်မျိုးပါပဲ။ ဆားနဲ့ အုန်းဆီကို သေချာလေး ရောနှယ်လိုက်ပါ။ ပြီးရင်တော့ ခြေချောင်းလေးတွေမှာ ပွတ်လိုက်ပါ။ ဆဲလ်သေတွေ ဖယ်ရှားပေးပြီးသား ဖြစ်သွားပြီး အုန်းဆီရဲ့ အစိုဓာတ်ကြောင့် ခြေချောင်းအဆစ်လေးတွေ စိုစိုလေး ဖြစ်နေမှာပါ။

    မိန်းကလေးတို့ရေ ခြေချောင်းလေးတွေနဲ့ ခြေသည်းလေးတွေ လှပစေဖို့ ဆိုင်မှာပြုလုပ်သလို ပေါင်းတင်နည်းလေးတွေကို ဖော်ပြပြီးဖြစ်လို့ လိုက်လုပ်ပေးဖို့ မမေ့နဲ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement