အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

Granuloma Annulare

အဓိပ္ပါယ်ဖွင့်ဆိုချက်Granuloma Annulare ကဘာလဲ။ Granuloma annulare မှာ အရေပြားတွင်ဖြစ်သော အခြေအနေတစ်ခုဖြစ်သည်။ ၎င်းတွင်း ဖောင်းကြွ၊ နီမြန်း သို့မဟုတ် အသားရောင်အဖုများ (lesion) ဖြစ်တတ်ပြီး ကွင်းပုံစံမျိုးရှိတတ်ကာ ခြေလက်တို့တွင် မကြာခဏ ဖြစ်တတ်၏။ Granuloma annulare ဖြစ်ရသည့်အကြောင်းကို အခုထိမသိရသေးပါ။ သို့သော် ၎င်းမှာ အရေပြား အသေးစားထိခိုက်မှုနှင့် တစ်ချို့ဆေးများကြောင့် ဆိုးဝါးစေတတ်သည်။ Granuloma annulare အမျိုးအစားတစ်ချို့မှာ ကလေးရော လူကြီးများတွင်ပါ ဖြစ်တတ်ပါသည်။ ယေဘုယျအားဖြင့် Granuloma annulare တို့မှာ ယားယံမှု နာကျင်မှုတို့မဖြစ်စေသောကြောင့် ကုသရန်မလိုပါ။ များသောအားဖြင့် ၂ နှစ် ၃ နှစ်အတွင်း သူ့အလိုလို ပျောက်သွားတတ်သည်။ သင့်ကို ဘာလက္ခဏာမပေးသော်လည်း အရေပြားကိုကြည့်ရသည်မှာ အမြင်မလှပါ။ ထို့ကြောင့် ဆရာဝန်များက ပျောက်နှုန်းမြန်စေသည့်ဆေးများ ပေးလေ့ရှိကြပါသည်။   Granuloma Annulare […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Hair Loss (အမွှေးကျွတ်ခြင်း)

အမွှေးကျွတ်ခြင်း ဆိုတာဘာလဲ။ သင်၏ဦးရေပြား(သို့)သင်၏တစ်ကိုယ်လုံးတွင်အမွှေးကျွတ်နိုင်ပါသည်။ မျိုးရိုးကြောင့်ဖြစ်စေ၊ဟော်မုန်းပြောင်းလဲမှုများကြောင့်ဖြစ်စေ၊ကျန်းမာရေးအခြေအနေများကြောင့်ဖြစ်စေ(သို့)ဆေးဝါးများကြောင့်ဖြစ်စေ ဖြစ်ပွားတတ်ပါသည်။ အမျိုးသား၊အမျိုးသမီးနှင့် ကလေးများ မည်သူမဆို အမွှေးကျွတ်နိုင်ပါသည်။ အမွှေးသည် ဖြစ်ပွားရသည့်အကြောင်းအရင်းပေါ်မူတည်ပြီး နည်းမျိုးစုံကျွတ်နိုင်ပါသည်။ ရုတ်တရက်ဖြစ်စေ ဖြည်းဖြည်းဖြစ်စေဖြစ်လာနိုင်ပြီး ဦးရေပြား(သို့)တစ်ကိုယ်လုံးတွင်ဖြစ်ပွားလာနိုင်ပါသည်။ အချို့သောအမွှေးကျွတ်ခြင်းမှာ ယာယီသာဖြစ်ပြီး တခါတရံတွင် ထာဝရဖြစ်သွားနိုင်ပါသည်။ အမွှေးကျွတ်ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။ အမွှေးကျွတ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အမွှေးကျွတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ခေါင်းထိပ်တွင် တဖြည်းဖြည်းပါးလားခြင်း – အဖြစ်အများဆုံးသောအမွှေးကျွတ်ခြင်းပုံစံဖြစ်ပြီး အသက်အရွယ်ကြီးလာသောအခါ အမျိုးသားအမျိုးသမီးများတွင်ဖြစ်ပွားသည်။ အမျိုးသားများတွင် အက္ခရာM ပုံစံဖြင့် ခေါင်းဦးပိုင်းမှ စ၍ အမွှေးကျွတ်လာတတ်သည်။ အမျိုးသမီးများသည် အများအားဖြင့် ခေါင်းဦးပိုင်းတွင် ဆံပင်များကျန်တတ်သော်လည်း ဆံပင်များကျဲလာတတ်သည်။ စက်ဝိုင်း(သို့)အကွက်လိုက်ထိပ်ပြောင်ခြင်း – အချို့သူများတွင် ချောမွတ်သော ဒဂါးပြားအရွယ်အစားရှိအကွက်လိုက်ဆံပင်ကျွတ်တတ်ပြီး ဦးရေပြားတွင်အများအားဖြင့် ဖြစ်ပွားတတ်သော်လည်း မုတ်ဆိတ်မွှေး(သို့)မျက်ခုံးမွှေးများတွင်လည်းဖြစ်တတ်သည်။ အချို့သောအခြေအနေများတွင် […]


အခြားအရေပြားပြဿနာများ

Actinic Keratosis (နေလောင်ကွက်ထခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Actinic Keratosis (နေလောင်ကွက်ထခြင်း) ကဘာလဲ။ Actinic keratosis(နေလောင်ကွက်ထခြင်း) ကို solar kertatosis ဟုလည်း ခေါ်ပြီး နေရောင်ဖြင့်ထိတွေ့သောအခါ သင်၏အရေပြားပေါ်တွင် မာကြောကြမ်းတမ်းသော အကြေးခွံကဲ့သို့အကွက်များသည် အထူးသဖြင့် မျက်နှာ၊လက်များ၊လက်မောင်းနှင့် လည်ပင်းတို့တွင် ပေါ်လာခြင်းဖြစ်သည်။ အရေပြားအရောင်နှင့် မျက်လုံးအရောင်ဖျော့သော အမွှေးသိပ်မထူသော သူများတွင် အဖြစ်များသည်။ ဖြစ်ပွားမှုအများစုတွင် ကင်ဆာအဖြစ်သို့ပြောင်းလဲခြင်းမရှိပေ။ ထိုအကွက်များကို ပြားချပ်သောဆဲလ်များမှ ဖြစ်သောကင်ဆာ ၏ကြား အဆင့်ဟု ယူဆရပြီး နေရာတစ်နေရာထဲတွင် သာဖြစ်ပွားကာ အခြားတစ်ရှူးများအတွင်းသို့ကျူးကျော်ဝင်ရောက်ခြင်းမရှိပါ။ Actinic Keratosis (နေလောင်ကွက်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ သင်နေသောနေရာသည် အီကွေတာနှင့် နီးလေလေ သင့်တွင် ဖြစ်ပွားနိုင်ချေရှိလေလေဖြစ်သည်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ အနည်းငယ် ပိုအဖြစ်များပါတယ်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားများသည် နေရောင်ထိတွေ့ချိန်ပိုများပြီး မိန်းမများနှင့်စာလျှင် နေရောင်အား ကာကွယ်ပေးသည့် ခရင်မ်များမလိမ်းကြခြင်းကြောင့်ဖြစ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Candidiasis (ကန်ဒီဒီရေးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Candidiasis (ကန်ဒီဒီရေးစစ်) ကဘာလဲ။ ကန်ဒီဒီရေးစစ် ရောဂါ ဆိုသည်မှာ ကန်ဒီဒါ အယ်လ်ဘီကန် ဟုခေါ်သည့် မှိုကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်ပြီး လိင်အစိတ်အပိုင်းနေရာများ၊ပါးစပ်၊အရေပြားနှင့် သွေးတို့ကို ထိခိုက်စေတတ်သော ရောဂါတစ်မျိုးဖြစ်သည်။ ပို၍ပြောရလျှင် အချို့သော ဆေးများနှင့် ရောဂါများသည် မှိုများကို အထူးသဖြင့် စိုစွတ်ပူနွေးသောနေရာများတွင် ပေါက်ပွားစေသည်။ မိန်းမကိုယ်တွင် ကန်ဒီဒါရောဂါပိုးဝင်ခြင်းကို မှိုရောဂါပိုးကြောင့်ဖြစ်စေသည့် မိန်းမကိုယ်ရောင်ရမ်းခြင်း yeast vaginitis ဟုခေါ်ပြီး ပါးစပ်ထဲတွင် ဖြစ်ပါက Thrush ဟုခေါ်သည်။ ဖြစ်ပွားသည့်နေရာအပေါ်မူတည်၍ကန်ဒီဒါရောဂါလက္ခဏာများမှာ ကွဲပြားသည်။ သင့်တွင် ယားရံ၍ရောင်ရမ်းစေသော အနီ(သို့)အဖြူကွက်များလည်း ဖြစ်ပေါ်လာတတ်သည်။ အခြားသော လက္ခဏာရပ်များမှာ အစာမျိုချရခက်ခြင်း (သို့)နာကျင်ခြင်း တို့ဖြစ်သည်။ ကန်ဒီဒီရေးစစ်ရောဂါသည် စိတ်ကသိကအောက်ဖြစ်စေသော်လည်း အသက်ဘေးရန်ကို ခြိမ်းခြောက်မှုရှိရန်ခဲယဉ်းတတ်သည်။ အချို့သောကန်ဒီဒီရေးစစ် ရောဂါအချို့သည် ပြင်းထန်ပြီး ဆေးကုသမှုခံယူရန်လိုအပ်တတ်သည်။ ထိုရောဂါများထဲတွင် သွေးကြောထဲထိဝင်ရောက်ထိခိုက်စေနိုင်သော ကန်ဒီဒီရေးစစ် ရောဂါများလည်း ပါဝင်သည်။Candidemia or invasive […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ကဘာလဲ။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည်အရေပြားရောဂါတမျိုးဖြစ်ပြီး ဆံပင်ရှိ အမွှေးအိတ်များရောင်ခြင်းကြောင့်ဖြစ်သည်။ အမျှင်ရှိသောနေရာ ဥပမာ မုတ်ဆိတ်မွှေး လက်မောင်း ကျော တင်ပါး ခြေထောက်အားလုံးတွင်ဖြစ်တတ်သည်။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် အစတွင် အနီရောင်ဝက်ခြံပုံဖြင့်ပြတတ်သည်။ နောက်ပိုင်းတွင် ပိုဆိုးလာပြီးတစ်ကိုယ်လုံးပျံသွားတတ်သည်။ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်းသည် အန္ဓါရယ်မရှိတတ်သော်လည်း ယားခြင်းနေထိုင်မကေ ာင်းခြင်းမျိုးဖြစ်စေသည်။ ပြင်းထန်သောကိစ္စများတွင် ဆံပင်များကျွတ်ပြီး အမာရွတ်ထင်တတ်သည်။ Folliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ကလေးများ အရွယ်ရောက်သူများတွင်ဖြစ်တတ်ပြီး အသက် နှစ်နှစ်အောက်တွင်မဖြစ်တတ်ပါ။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFolliculitis (ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆံပင်အမွှေးအိတ်ငယ်များယောင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အနီဖု သို့မဟုတ် ဝက်ခြံသည် ဆံပင်အလယ်တွင်ပေါလာမည်။ ထိုအဖုပေါက်ပြီး သွေးသို့မဟုတ် ပြည်ကျန်ခဲ့လိမ့်မည်။ နီယောင်သောအရေပြားဖြစ်ခြင်း ယားခြင်းသို့မဟုတ် ပူခြင်း နာခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ မပြင်းထန်သောကိစ္စများတွင် နှစ်ပါတ်အချိန်အတွင်း သူ့အလိုလိုကောင်းသွားနိုင်သည်။ အိမ်တွင်ဖြစ်သောအရေပြားပေါ်တွင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင် ဆံပင်ရှည်လေးတွေ ကျောမှာ ချထားရင် အကောက်ပဲဖြစ်ဖြစ်၊ အဖြောင့်ပဲ ဖြစ်ဖြစ် ဆံသားလေးတွေ ပျော့ပျောင်းနေတယ်ဆိုရင် လူတကာ ငေးရတဲ့ အလှပိုင်ရှင်လေး ဖြစ်နေမှာပါ။ ကောက်ထားတာပဲ ဖြစ်ဖြစ်၊ ဖြောင့်ထားတာပဲ ဖြစ်ဖြစ် သဘာဝအတိုင်းလေးပဲ ဖြစ်ဖြစ် ပျော့ပျောင်းအောင် လုပ်လို့ ရတယ်နော်။ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေမို့ ပျိုပျိုမေတို့ စရိတ်လည်း သက်သာ၊ လှလည်း လှမှာပါနော်။ ကြက်ဥ ပျိုပျိုမေလေးတို့ရေ ကြက်ဥကို အဓိကထားပြီး ပျော့ပျောင်းအောင် လုပ်မယ်နော်။ ပထမဆုံး ကြက်ဥတစ်လုံးကို ပန်းကန်တစ်လုံးထဲကို ဖောက်ထည့်လိုက်ပါ။ ပြီးရင် သံလွင်ဆီ လက်ဖက်စားဇွန်း (၂) ဇွန်း ဒါမှမဟုတ် အုန်းဆီ လက်ဖက်စားဇွန်း (၂) ဇွန်းကို ထည့်ပါ။ နောက်တော့ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ

Vaseline လို့ ဆိုလိုက်တာနဲ့ အဖုံးအပြာလေးနဲ့ ဗူးလေးကို မျက်စိထဲ မြင်ယောင်မိကြမှာပါ။ Vasline မှာ အလှအပအတွက် ကောင်းကျိုးတွေ အများကြီး ရှိနေတဲ့အပြင် တော်တော်လေးလည်း အသုံးဝင်ပါတယ်။ ပျိုပျိုမေလေးတို့ Skin care တွေ အများကြီး ဆောင်စရာမလိုဘဲ Vaseline လေး ရှိနေရင်ကို အဆင်ပြေနေပြီနော်။ အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ ကို ပြောပြမယ်နော်။ အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ Vaseline ဟာ mineral အဆီနဲ့ ဖယောင်းတွေ ပါဝင်တဲ့ တစ်ရာ ရာခိုင်နှုန်းသော petroleum jelly နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အသားအရေအတွက် ကောင်းဖို့အတွက် အဓိက ပစ္စည်းတစ်မျိုးပါ။ အံ့သြစရာကောင်းလောက်တဲ့ Vaselineရဲ့ အသုံးဝင်ပုံများ ကတော့ လက်သည်းပန်းကုံး ခြောက်သွေ့တာ […]


ဆိုရီရေးစစ်ရောဂါ

Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) ကဘာလဲ။ အရေပြားတွင် အနီရောင်အကြေးခွံကဲ့သို့သော အကွက်များဖြစ်ပေါ်စေပြီး တစ်ကိုယ်လုံးအနှံ့ဖြစ်ပွားနိုင်သည်။ အများအားဖြင့် ဒူးနှင့် တထောင်ဆစ်များတွင် တွေ့ရတတ်သည်။ အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါသည် ကူးစက်ရောဂါမဟုတ်ပါ။ ပုံစံမျိုးစုံတွေ့ရပြီး တခုသော တွေ့ရှိရသည့် ပုံစံမှာ ပိုးဝင်မနေသော အဖြူရောင်ရေကြည်ဖုကဲ့သို့သော ပြည်တည်နာများနှင့်တွဲ၍ဖြစ်သည်။ ပြည်တည်နာများနှင့်တွဲဖက်၍တွေ့ရှိရသည့်အပြင် တခါတရံ အဖုများဖြင့်တွဲ၍လည်း တွေ့ရှိရနိုင်သည်။ လက်နှင့်ခြေထောက်များကဲ့သို့သောနေရာများတွင် ကွက်၍ဖြစ်ပွားနိုင်သလို တစ်ကိုယ်လုံးအနှံ့လည်းဖြစ်ပွားနိုင်သည်။ မျက်နှာပေါ်တွင်ဖြစ်ပွားရန်ခဲယဉ်းသည်။ ဖြစ်ပွားရန်ရှိသည့် အရေပြားမှာ နီရဲနေပြီး ထိမိလျှင်နာကျင်တတ်ပြီး နာရီအနည်းငယ်အတွင်း ရေကြည်ဖုကဲ့သို့သော ပြည်တည်နာကြီးများဖြစ်သွားနိုင်သည်။ ထိုအနာများသည် အညိုရောင်မာကျောသည့်အခွံများဖြင့်ဖုံးအုပ်ထားပြီး ထိုအခွံများ ကွာကျသွားပါက တောက်ပချောမွတ်သောအရေပြားကို မြင်တွေ့ရတတ်သည်။ ပြည်တည်နာများနှင့် တွဲ၍တွေ့ရှိရသည့် အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါမျိုးကွဲများမှာ Von Zumbusch pustular psoriasis Palmoplantar pustulosi Acropustulosis Pustular psoriasis (အကြေးခွံအရေပြားကဲ့သို့ဖြစ်စေသော အဆစ်အမြစ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မည်သူတွင်မဆိုဖြစ်ပွားနိုင်ပြီး […]


အခြားအရေပြားပြဿနာများ

Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ကဘာလဲ။ ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း ဆိုတာဘာလဲ ပန်းဂေါ်ဘီနှင့်တူသောနားအသားမာတက်ခြင်းကိုနားအရိုးနုဘေးတွင်ဖြစ်ပေါ်လာသော သွေးခဲ (သို့) နပန်းသမားနား ဟုလည်း ခေါ်ပြီး နားတွင် ထိခိုက်မှုတခုကြောင့်ဖြစ်ပေါ်လာသော အသားမာကိုဆိုလိုသည်။ နား၏အပြင်ပိုင်းသည်တစုံတခုနှင့်ရိုက်မိလျှင် (သို့)ညက်မိလျှင် ထိုနားအပြင်ပိုင်းတွင်သွေးခဲဖြစ်လာသည်။ ထိုသို့ဖြစ်လာပါက ချက်ချင်းကုသမှုခံယူရန်လိုအပ်သည်။ အကယ်၍ ထိခိုက်မှုဖြစ်ပြီးချက်ချင်းကုသမှုမယူရသေးသော်လည်းကြိုတင်ကာကွယ်နိုင်သည်။ ထို့ကြောင့် သတိထားသင့်သည့်အချက်များကိုသိရန်လိုအပ်ပြီး ချက်ချင်း ထိရောက်စွာဆောင်ရွက်ရန်လည်းလိုအပ်သည်။ Cauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အမင်းအဖြစ်နည်းသည်။ အထူးသဖြင့်အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေရှိသော အမူအကျင့်များကို ရှောင်ကြည်၍ ဖြစ်ပွားမှုအားလျှော့ချနိုင်သည်။ ကျန်ရှိသောအကြောင်းအရာများအား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများCauliflower ear (ပန်းဂေါ်ဘီနှင့်တူသော နားအသားမာတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အကယ်၍နားတွင်ထိခိုက်မှုရှိလာပါကဖြစ်သည့်ဘက်တွင်သွေးခြေဥနေခြင်း ယောင်ရမ်းလာခြင်းများရှိမရှိကို မှန်ကြည့်၍စစ်ဆေးပါ။ နား၏ပုံစံပျက်နေသည်ကိုလည်းသတိထားမိနိုင်သည်။ ထိခိုက်နေရာတွင် သွေးများစုပုံလာသောအခါ ထိုနေရာသို့သွေးကြောထောက်ပံ့မှုလည်း ပြတ်တောက်သွားပြီး မကုသပဲထားပါက နားအူခြင်း နားကန်းသွားခြင်း ခေါင်းကိုက်ခြင်း နှင့် အမြင်ေဝဝါးခြင်းများဖြစ်ပွားနိုင်သည်။ အာရှဂျာနယ်ဆိုသောအားကစားဂျာနယ်တခုတွင် ရေးသားထားသည့် လေ့လာမှုတခုအရ ထိုကဲ့သို့နားအသားမာတက်နေသော နပန်းသမား၊လက်ဝှေ့သမားများသည် အခြားသော နပန်းသမားများထက်စာလျှင်ပို၍အကြားအာရုံဆုံးရှံူးရန် အခွင့်အရေးပိုများနေကြောင်းတွေ့ရသည်။ ထို့အပြင်နားအတွင်းပိုးဝင်ခြင်းများလည်းဖြစ်ရန် အလားအလာကောင်းသွားနိုင်သည်။ ထို့ကြောင့် အစပျိုးသော လက္ခဏာရပ်များကို သိရှိပါက နောက်ဆက်တွဲပြဿနာများနှင့် နားပုံပျက်ပန်းပျက်ခြင်းကို […]


အသားအရေ ထိန်းသိမ်းခြင်း

သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ

သခွားသီးက ပေးစွမ်းနိုင်တဲ့ အလှအပ ပျိုပျိုမေတို့ သခွားသီးလေး ရှိရုံနဲ့ လှပနိုင်ပြီဆိုရင် အံ့သြသွားလောက်ပါတယ်။ သခွားသီးမှာ အလှအပအတွက် အံ့သြစရာကောင်းလောက်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ပါဝင်ပါတယ်။ ပျိုပျိုမေတို့ သုံးတဲ့ တချို့ အလှကုန်ပစ္စည်းတွေမှာလည်း သခွားသီးကို အခြေခံပြီး ထုတ်လုပ်ထားတာတွေ ရှိတယ်နော်။ သခွားသီးက အလှအပအတွက် ဘယ်လိုအကျိုးပြုတာလဲ၊ သခွားသီးကို အလှအပအတွက် ဘယ်လို အသုံးပြုလို့ ရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။ သခွားသီးဟာ ရေဓာတ်အများဆုံး ပါဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်တာမို့ အရေပြား ကျိန်းစပ်ခြင်း၊ အသားမှာ နီစပ်စပ်ဖြစ်တာတွေကို သက်သာစေပါတယ်။ သခွားသီးမှာ မျက်လုံးဖောင်းအစ်ခြင်းတွေကို တားဆီးပေးနိုင်တဲ့ Caffeic အက်ဆစ်လည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သခွားသီးမှာ PH ပမာဏကို ထိန်းညှိပြီးသား ဖြစ်တာမို့ အသားအရေခြောက်ခြင်းကိုလည်း မဖြစ်စေနိုင်ပါဘူး။ သခွားသီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်သလို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း