အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ

ထိခိုက်အနာတရဖြစ်လာပြီဆိုရင် အနာအမြန်ကျက်ဖို့ကို ဦးစားပေးလုပ်ကြတာပါပဲ။ အများကြီးတွေးမနေကြပါဘူး။ အနာထဲကိုဆေးထည့်လိုက်တာနဲ့ပဲ အနာကျက်သွားလိမ့်မယ်လို့ ယူဆကြပါတယ်။ ကျေးလက်အယူအဆတချို့ဆို တိုင်းရင်းဆေးပညာလည်း သိပ်မသိပါဘဲ ဒီအရွက် အနာကျက်တယ်ဆိုပြီး အရွက်တစ်မျိုးမျိုး ထုထောင်းပြီး အနာမှာ အုံလိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဆေးဖက်ဝင် အရွက်တွေ၊ သစ်ဥသစ်ဖုတွေ၊ ဆေးမြစ်တွေက အစွမ်းထက်ကြပေမယ့် မသိနားမလည်တဲ့ ဆေးမြီးတိုတွေကြောင့် အနာပိုးဝင်ပြီး ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးပါမယ်။ အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ ဒဏ်ရာသေးသေးကြီးကြီး ခန္ဓာကိုယ်ရဲ့ အရေပြားပေါက်ပြဲသမျှ အနာတရအားလုံးကို စနစ်တကျဂရုစိုက်ပေးမှ အနာကျက်မြန်ပြီး အမာရွတ်မကျန်စေမှာဖြစ်ပါတယ်။ အသားအရေမှာ အကျည်းတန်စေတဲ့ အမာရွတ်တွေဖြစ်မလာစေဖို့ အနာကျက်ခြင်းဖြစ်စဉ်ကို အထောက်အကူဖြစ်စေမယ့် ဂရုစိုက်ကုသမှုတွေလိုအပ်ပါတယ်။ မတော်တဆမှု သို့မဟုတ် ခွဲစိတ်မှုကြောင့် အရေပြားမှာ ဒဏ်ရာအနာ တစ်ခုခု ရှိလာတဲ့အခါတိုင်း အနာကျက်ဖို့ ခန္ဓာကိုယ်က အလိုအလျောက်လုပ်ဆောင်တာဖြစ်ပါတယ်။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သင်္ကြန်ရေပက်ခံပြီးနောက် ပျက်စီးသွားတဲ့ဆံသားကို ဘယ်လိုထိန်းသိမ်းမလဲ

သင်္ကြန်ချိန်ခါ ရေဆော့ကစားကြတဲ့ လေးရက်တာ ကာလလေးမှာတော့ လူတိုင်းက ခေါင်းကနေ ရေလောင်းချင်ကြတာချည်းပါပဲ။ ဒါက ဆံပင်တိုတဲ့ ကောင်လေးတွေအတွက်တော့ ပြဿနာ အေးပေမယ့် ဆံပင်ကို တယုတယလုပ်ထားတဲ့ မိန်းကလေးတွေအတွက်တော့ ရေစိုစိုမှာ ဆံသားတွေ ပျက်စီးတာက ပြဿနာ တစ်ရပ်သဖွယ်ပါပဲ။ သင်္ကြန်မှာ ပက်တဲ့ရေတွေက မသန့်တာလည်း ဖြစ်နိုင်တာမို့ ဆံသားပျက်စီးဖို့က ပိုလွယ်ကူပါတယ်။ သင်္ကြန်ရေတွေစိုလိုက်၊ ခြောက်သွားလိုက်နဲ့ ဖြစ်မှာမို့ ဆံသားလေးတွေ ကြမ်းသွားတာမျိုး၊ ခြောက်သွေ့ပြီး ကပ်စီးစီးဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအတွက် နည်းလမ်းကောင်းလေးကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ကာကွယ်နည်း မိန်းကလေးတို့ရေ သင်္ကြန်မှာ ရေအများကြီး ဆော့ချင်တယ်၊ ဆံပင်တော့ အရမ်းပျက်စီးသွားတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ရေပက်ခံထွက်တဲ့အခါ ခေါင်းစွပ်ပါတဲ့ အပေါ်ထပ်အင်္ကျီ၊ ဦးထုပ်လေးတွေ ဝတ်ဆင်ပါ။ ဖက်ရှင်လေးကျချင်တယ်ဆိုရင်တော့ ပဝါလေးတွေကို ခေါင်းမှာ စည်းတာမျိုး လုပ်ပါ။ ဒါက […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်မှာ ရေကြောင့်ဖြစ်နိုင်တဲ့ အရေပြားရောဂါပြဿနာများနှင့် ကာကွယ်ပုံနည်းလမ်းများ

သိပ်မကြာခင်မှာမြန်လူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ကရောက်လာတော့မယ်နော်။ လူငယ်တွေကတော့ လူငယ်ပီပီ သင်္ကြန်မျာပျော်ကြကဲကြမှာပေါ့။ ရိပ်သာဝင်တာ သာသနာ့ဘောင်ဝင်တာတွေလည်းရှိနိုင်ပါတယ်။အခုဒီဆောင်းပါးကို ဖတ်နေတဲ့ ပရိသတ်ရော သင်္ကြန်မှာဘာတွေလုပ်မယ်လို့ စဉ်းစားထားလဲ။ သင်္ကြန်ကို ကားနဲ့လည်မှာလား၊ မဏ္ဍပ်ထိုင်မှာလား။ ဒီနှစ်ခုထဲက ဘယ်တစ်ခုခုရွေးရွေး သင်္ကြန်ရေကတော့ စိုမှာအသေအချာပါပဲ။ သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်လို့ သီချင်းလေးတောင်ရှိသေးတယ်နော်။ အခုခေတ်မှာရော သင်္ကြန်ရေက အန္တရာယ်ကင်းလား၊ သင်္ကြန်ရေတိုင်းကရော သန့်ရဲ့လား။ သင်္ကြန်အတွင်းမှာရေပက်ခံရင်ပဲဖြစ်ဖစ်၊ရေပက်ရင်ပဲဖြစ်ဖြစ်ရေအမျိုးစုံနဲ့ထိတွေ့တာနဲ့နေဒဏ်၊လေဒဏ်တွေကြောင့် အရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။ သင်္ကြန်ရေက အန္တရာယ်ကင်းလား သင်္ကြန်မှာရေတိုင်းက အန္တရာယ်မကင်းပါဘူး။ရေတွေမသန့်တဲ့အခါ အရင်ဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းက ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အရေပြားပါ။ သင်္ကြန်မှာ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေအများကြီးရှိနိုင်ပါတယ်။ အရေပြားနေလောင်ပျက်စီးခြင်း တစ်နှစ်မှာ တစ်ခါပဲကြုံရတာဆိုပြီး သင်္ကြန်ကို မနက်ကစလို့ ညနေအထိတစ်နေကုန်အောင်လည်ကြပျော်ကြတာများမယ်ထင်ပါတယ်။ ဒီလိုလည်တဲ့အခါ သင်္ကြန်လည်တာပဲရေစိုရင် အရေပြားပေါ်မှာလူးထားတာတွေမထူးဘူး ပျက်သွားမှာပဲလို့တွေးပြီး ဘာမှမလူးဘဲ လည်မလို့စဉ်းစားနေလား။ သင်္ကြန်မှာနေလောင်ဒဏ်ခံရနိုင်ခြေက ပုံမှန်ထက်ပိုများပါတယ်။သေချာတာက သင်္ကြန်လည်ပါတယ်ဆိုမှ ဘယ်သူမှ ကားကိုအလုံပိတ်ပြီး မလည်ဘူးလေ။ ဒီလိုပဲ […]


အသားအရေ ထိန်းသိမ်းခြင်း

အာလူးသုံးပြီး မျက်နှာလေး လှအောင်ပြုလုပ်ကြမယ်

အာလူးလေးကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် အားလုံးအတွက် အဆင်ပြေစေမှာပါ။ ပုံမှန်အားဖြင့်တော့ ရှားစောင်းလက်ပပ်၊ သခွားသီးတွေနဲ့ ပေါင်းတင်ကြတာများပါတယ်။ ခု အာလူးလေးနဲ့ ပေါင်းတင်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြမယ်နော်။ အာလူးမှာ Catecholase အင်ဇိုင်းဓါတ်တွေ ပါဝင်တာကြောင့် အမည်းစက်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေလည်း ပျောက်ကင်းစေပါတယ်။ အာလူးမှာ ပိုတက်စီယမ်တွေလည်း ပါဝင်တာကြောင့် ရေဓါတ်ကို ထိန်းထားပေးတဲ့အပြင် အသားအရေကိုလည်း စိုပြေစေနိုင်ပါတယ်။ ဗီတာမင် B 6 ကတော့ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်စေပါတယ်။ ကယ်လ်စီယမ် ပါဝင်မှုကတော့ အရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတဲ့အပြင် အပေါ်ယံ အရေပြား ထိခိုက်မှုလည်း လျှော့နည်းစေပါတယ်။ မဂ္ဂနီဆီယမ်ကတော့ မျက်ကွင်းညိုတာတွေကို လျှော့နည်းအောင် စွမ်းဆောင်နိုင်ပါတယ်။ အသားအရေကို ကြည်လင်တောက်ပစေပြီး မျက်နှာမှာ အရေးအကြောင်းတွေ မဖြစ်စေဖို့ များစွာ […]


ဝက်ခြံ

မိတ်ကပ်သုံးပစ္စည်းတွေကို သန့်ရှင်းရေးမလုပ်ဘူးဆိုရင်

မိန်းကလေးတိုင်းလိုလို လှလှပပလေး နေချင်ကြပါတယ်။ မိန်းကလေးတိုင်း လှအောင်လည်း အလှပြင်ကြတာချည်းပါပဲ။ အလှအပအတွက် skin care လည်း လုပ်တယ်၊ မိတ်ကပ်နဲ့ အစားအသောက်လည်း ဂရုစိုက်ပါလျက်နဲ့ မျက်နှာမှာ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေ ရှိနေတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားဖို့ လိုလာပါပြီ။ တကယ်တော့ မျက်နှာလေး လှချင်တယ်ဆိုရင် Skin care တွေအပြင် မိတ်ကပ်လိမ်းတဲ့ ပစ္စည်းတွေကိုပါ သန့်ရှင်းအောင် ထားဖို့လိုပါတယ်။ မိတ်ကပ်ပေါင်ဒါမှုန့်ဗူးတွေ ဝယ်တဲ့အခါမှာ လိမ်းတဲ့ တို့ဖတ်လေးတွေ တပါတည်း ပါလာပြီးသားပါ။ မိန်းကလေးတော်တော်များက မိတ်ကပ်ကုန်မှ တို့ဖတ်ကိုပါ လွှင့်ပစ်လေ့ ရှိပါတယ်။ တကယ်တော့ မိတ်ကပ်မကုန်ခင်မှာ တို့ဖတ်ကို လဲလှယ်ပေးတာမျိုး လိုပါတယ်။ အနည်းဆုံးတော့ အရောင်လေး နည်းနည်း ညစ်ထေးလာတာနဲ့ လျှော်တာမျိုး သန့်ရှင်းရေး လုပ်ပေးပါ။ တို့ဖတ်နည်းတူပါပဲ မျက်နှာပေါ်ကို ထိတွေ့တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

သင်္ကြန်မှာကဲတဲ့အခါ

သင်္ကြန်မှာကဲတဲ့အခါ ဘာတွေ သတိထားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေသာမက မြန်မာနိုင်ငံရောက် နိုင်ငံခြားသားတွေပါ ပျော်ပျော်ပါးပါးကြီး ပါဝင်ဆင်နွှဲကြတဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲကြီးကတော့ တစထက်တစ နီးကပ်လို့ လာပါပြီ။ သင်္ကြန်ရေဆိုတာ "အန္တရာယ်ကင်းတယ် ပက်စမ်းခင်ရယ်" ဆိုပေမယ့်လည်း ရာတီဥတုကလည်း တနေ့တခြား ပိုပိုပြင်းလာတာမို့ အသက်ဉာဏ်စောင့်ဆိုသလို သင်္ကြန်ရေကစားတဲ့အခါ အသိသတိလေးနဲ့ယှဉ်ပြီး ချင့်ချိန်နေထိုင် သွားလာဆော့ကစားဖို့ အထူးပဲ အရေးကြီးပါတယ်။ လူကြီး၊လူငယ် အရွယ်သုံးပါးမရွေး ပျော်ကြတဲ့ ဒီပွဲတော်ကြီးမှာ အပျော်ကနေ အပျက်မဖြစ်စေဖို့ Hello ဆရာဝန် ပရိသတ်ကြီးအတွက် အောက်ဖော်ပြပါ အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။ သင်္ကြန်မှာကဲတဲ့အခါ သင်္ကြန်မှာကဲတဲ့အခါ ၁။ အဝတ်အစား သင်္ကြန်မှာ အပြင်ထွက်ပြီဟေ့ဆိုတာနဲ့ နေဒါဏ်၊ရေဒါဏ်တွေကို ခံရတော့မှာမို့ အပူစုပ်တဲ့ အနက်ရောင်လို အဝတ်အစားမျိုးကို တတ်နိုင်သမျှ ရှောင်ကျဉ်ပြီး အရောင်လွင်လွင် အဝတ်အစားလေးတွေကို ဝတ်ပေးဖို့ လိုပါလိမ့်မယ်။ သင်္ကြန်ဆိုတော့ အရောင်ပြူးပြူးပြဲပြဲ လွင်လွင်ကြီးတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ်

ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ် လို့ ပြောရတာက ရေခဲကို တော်တော်များများကတော့ ဒဏ်ရာအနာတရ ဖြစ်တဲ့အခါ ရောင်ရမ်းတာတွေ မရှိစေဖို့ ကပ်ကြသလို အအေးထဲ ထည့်ဖျော်ကြတာလည်း ရှိပါတယ်။ တကယ်တော့ ရေခဲကို အလှအပအတွက် သုံးပေးလို့ ရပါသေးတယ်။ ရေခဲမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေဟာ မျက်နှာလေး လှပဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါဆိုရင်တော့ ရေခဲက မျက်နှာလေးလှဖို့ ဘာတွေ အသုံးဝင်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။ ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ် ရေခဲတုံးလေးတွေသုံးပြီး လှအောင်နေကြမယ် ဆိုတော့ ဘယ်လိုနေရမလဲဆိုပြီး တွေးနေပြီလား။ ဒါဆိုဖတ်ကြည့်လိုက်နော်။ မျက်ကွင်းညိုခြင်း မျက်ကွင်းညိုခြင်း ဖြစ်ရခြင်းဟာ သွေးလည်ပတ်စီးဆင်းမှုမှာ ပြဿနာရှိတာကြောင့် ဖြစ်ပါတယ်။ ဒီလို မျက်ကွင်းညိုတာတွေအတွက်လည်း ကောင်းမွန်တဲ့ skin careတွေ သုံးလို့ ရသလို ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။ ရေခဲအတုံးသေးလေးတွေ ပြုလုပ်တဲ့အခါမှာ ရေခဲပြုလုပ်မယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်ခုံးတက်တူးထိုးခြင်းအကြောင်း သိထားသင့်သမျှ

အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက်မဖြစ်မနေခွဲစိတ်ပြုပြင်တာမျိုးတွေတင်မဟုတ်ဘဲ အလှအပအတွက် ခွဲစိတ်ပြုပြင်တာတွေတောင်ရှိလာနေပါတယ်။ အလှအပအတွက်ပြုပြင်ဖန်တီးမှုတွေကလည်း တိုးတက်လာတဲ့ခေတ်နဲ့အညီ အမှီတိုးတက်လာတယ်လို့ပဲပြောရမလားပါ။ မျက်လုံး မျက်ရစ်ဖော်တာ၊ မျက်ခုံးတက်တူးထိုးတာ၊ နှာတံဖော်တာ၊မေးရိုးကို V shape လုပ်တာ၊ အမာရွတ်ဖျောက်တာတွေအပြင် အမျိုးမျိုးသောခွဲစိတ်ပြုပြင်မှုတွေကိုပြုလုပ်နေကြပြီပဲဖြစ်ပါတယ်။ အခုတစ်ခေါက်တော့ မျက်ခုံးကမလှလို့ ပါးလို့ဆိုပြီး စိတ်ညစ်နေတာကြောင့် မျက်ခုံးပြုပြင်ချင်သူတွေအတွက် မျက်ခုံးတက်တူးထိုးတာနဲ့ ပတ်သက်ပြီး သိသင့်သမျှတွေကိုပြောပြပေးချင်ပါတယ်။ မျက်ခုံးတက်တူးထိုးတယ်ဆိုတာက မျက်ခုံးတက်တူးထိုးတယ်ဆိုတာက ကြာရှည်ခံတာမျိုးတော့မဟုတ်ပမယ့် အချိန်အခိုက်အတန့်ခံတဲ့ အလှအပဆိုင်ရာပြုပြင်မှုတစ်ရပ်ပါ။ အရေပြားအပေါ်ယံအလွှာထဲကို ထိုးဖောက်ပြီး အရောင်ထည့်သွင်းတဲ့ အသေးစားအလှပြုပြင်မှုတစ်ရပ်ပါ။ ဒီထည့်သွင်းလိုက်တြ့ အရောင်က လူတစ်ယောက်ချင်းစီရဲ့ အရေပြားအမျိုးအစားပေါ်မူတည်ပြီး တစ်နှစ်ကနေ ၂ နှစ်လောက်အထိခံပါတယ်။ တစ်နှစ်ကျော် ၂ နှစ်လောက်ဖြစ်လာတဲ့အခါ အချိန်ကြာလာတာကြောင့်ကတစ်ကြောင်း နေရောင်နဲ့ထိတွေ့တာကြောင့်တစ်ကြောင်း မျက်ခုံးအရောင်က အစိမ်းရောင် ဒါမှမဟုတ် လိမ္မော်ရောင်ပြောင်းသွားတာမျိုးရှိနိုင်ပါတယ်။ မျက်ခုံးတက်တူးထိုးထားရင် အားသာချက်တစ်ခုကနေ့စဉ် မျက်ခုံးမွှေးဆွဲတာလိုမျိုးပြင်ဆင်မှုမလုပ်ရတာပါပဲ။ မျက်ခုံးတက်တူးထိုးတော့မယ်ဆိုရင် မျက်ခုံးတက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီလား လေဒီ။ ဒါလေးအရင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။ မျက်ခုံးတက်တူးက […]


အသားအရေ ထိန်းသိမ်းခြင်း

အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ

လူတိုင်း တစ်နေကုန် လန်းဆန်းတက်ကြွပြီး လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းကလီစာတွေ လည်ပတ်မှုကောင်းမွန်နေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်နေဖို့ လိုပါတယ်။ ဒီလို အားပြည့်နေစေဖို့ ဖြည့်ဆည်းပေးနိုင်တာဟာ အစားအစာတွေ ပါပဲ။ ဒါကြောင့် ဘယ်လို အစားအစာမဆို စားပေးဖို့ လိုပါတယ်။ အစားအစာတိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာနိသင်တွေ ရှိပြီးသားပါ။ ဒီထဲမှာ မန်ကျည်းသီးလည်း ပါဝင်ပါတယ်။ မန်ကျည်းသီးကို ဟင်းထဲ ထည့်ချက်ကြသလို ဖျော်ရည် ချဉ်ချဉ်လေး အဖြစ်လဲ စားသုံးကြပါတယ်။ မန်ကျည်းသီးက အလှအပ အတွက် ဘယ်လို ကောင်းကျိုးတွေ ပေးသလဲ ဆိုတာ မျှဝေလိုက်ပါတယ်။ အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ ကို တစ်ချက်လောက် ရှိုးလိုက်ရအောင်နော်။ အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ ကတော့ ဝက်ခြံသက်သာစေခြင်း မန်ကျည်းသီးက အစာခြေစနစ်ကို […]


အသားအရေ ထိန်းသိမ်းခြင်း

အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး ကို ဘယ်လိုသုံးမလဲ

အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီး ကို ဘယ်လိုသုံးမလဲ မျက်နှာမှာ ဆားဝက်ခြံ၊ တင်းတိပ်၊ အရေးအကြောင်း၊ အသားအရေမညီညာခြင်းနဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ သဘာဝနည်းလမ်းလေးတွေကို သတိရလိုက်ပါ။ သဘာဝ သရက်သီး ကို အသုံးပြုပြီး မျက်နှာရဲ့ အလှအပကို အနှောင့်အယှက်ပေးနေတဲ့ အပြစ်အနာအဆာတွေကို ဖယ်ရှားပစ်လိုက်လို့ ရပါတယ်။ သရက်သီး ကို ဘယ်လိုသုံးမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။ ဆားဝက်ခြံ သရက်သီးမှည့်ကို ဇွန်းတစ်ဇွန်းလောက် ယူပြီး ကျေညက်နေအောင် ချေထားပါ။ ပြီးရင် ပန်းကန်တစ်ခုထဲမှာ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နွားနို့အစိမ်း လက်ဖက်စားဇွန်း (၂) လောက်ကို ထည့်ပြီး ခုနက သရက်သီးမှည့်နဲ့ ရောမွှေလိုက်ပါ။ နှံ့သွားပြီဆိုတော့မှ ဆားဝက်ခြံတွေပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ ခြောက်သွားပြီဆိုမှ ရေအေးလေးနဲ့ ဆေးကြောပါ။ ဆားဝက်ခြံလေးတွေ သက်သာသွားမှာပါ။ အရေးအကြောင်း သရက်သီး မှာ ပါဝင်တဲ့ Collagen […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း