backup og meta

မျက်နှာလေး လှပစေဖို့ ပျားရည်ကို ဘယ်လိုအသုံးပြုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာလေး လှပစေဖို့ ပျားရည်ကို ဘယ်လိုအသုံးပြုမလဲ

    မျက်နှာလေး လှပစေဖို့ ပျားရည်ကို ဘယ်လိုအသုံးပြုမလဲ

    ပျားရည်ချိုချိုလေးတွေကို စားပဲစားကြတာလား၊ ပျားရည်ချိုချိုလေးက ပျိုမဒီလေးရဲ့ မျက်နှာကိုပါ လှပစေနိုင်ပါတယ်။ ဝက်ခြံ၊ အရေးအကြောင်း၊ အမဲစက်တွေကို ပျောက်ကင်းစေတဲ့အပြင် ကြည်လင်တောက်ပပြီး အသားအရေညီညာတဲ့ မျက်နှာပိုင်ရှင်းလေး ဖြစ်ဖို့ ပျားရည်က စွမ်းဆောင်ပေးနိုင်ပါတယ်နော်။ ပျားရည်က အလှအပကို ဘယ်လိုအကျိုးပြုတာလဲ၊ လှပဖို့ ပျားရည်ကို ဘယ်လိုသုံးရမလဲဆိုတာ ပြောပြပေးမယ်နော်။

    အစိုဓါတ်ရရှိစေခြင်း

    မျက်နှာနဲ့လေထိတွေ့တာတွေ များခြင်းကြောင့် မျက်နှာပြင် အလွှာတွေ ပျက်စီးပြီး အစိုဓါတ် ခမ်းခြောက်စေပါတယ်။ ဒီလိုပျက်စီးခြင်းကို ပျားရည်က ပြန်လည် ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပထမဆုံး မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ ပျားရည်ကို မျက်နှာအနှံ့လိမ်းထားပါ။ (၁၅) မိနစ်လောက်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ ဒီလို တပတ်ကို (၂) ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် မျက်နှာမှာ အစိုဓါတ်လေးတွေ ရရှိလာမှာပါ။

    ချွေးပေါက်ကျယ်ခြင်း

    ပျားရည်မှာ ပါဝင်တဲ့ အင်ဇိုင်းဓါတ်တွေက ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး ချွေးပေါက်ကျယ်တာတွေကို သက်သာစေပါတယ်။ ချွေးပေါက်ကျယ်တာအတွက် ပျားရည်ကို သုံးချင်တယ်ဆိုရင်တော့ ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ အုန်းဆီ လက်ဖက်စားဇွန်း (၂) ဇွန်းကို သေချာစွာ ရောစပ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာ လိမ်းထားပေးပါ။ ချွေးပေါက်ပိုကျယ်တဲ့ နှာခေါင်းလို နေရာမျိုးကို ထူထူလေး လိမ်းပေးပါ။ ခြောက်သွားမှ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။

    အမာရွတ်တွေမှေးမှိန်စေဖို့

    ပျားရည်က အသားအရေကို ကြည်လင်တောက်ပစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ ဓါတ်တွေ ပါဝင်တာကြောင့် အမာရွတ်တွေကိုလည်း သက်သာစေပါတယ်။ မျက်နှာပြင်ကို ချောမွေ့ဖြူစင်စေတာမို့ အမာရွတ်ကို တဖြည်းဖြည်း မှေးမှိန်သွားစေပါတယ်။ ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းကို သံလွင်ဆီ လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ ရောလိုက်ပါ။ ပြီးရင်တော့ အမာရွတ်ရှိတဲ့ နေရာတွေမှာ သုတ်လိမ်းထားလိုက်ပါ။ နှစ်မိနစ်လောက် ထားပြီးမှ ရေလေးနဲ့ ဆေးကြောပါ။ မကြာခဏ လုပ်ပေးမယ်ဆိုရင် အမာရွတ်လေးတွေ မှေးမှိန်သွားပြီး ပျောက်သွားပါလိမ့်မယ်။

    မျက်နှာအသားအရေကြည့်ကောင်းလာစေဖို့

    တချို့မျက်နှာလေးတွေကို ကြည့်လိုက်ရင် နေမကောင်းသလိုနဲ့ ဖျော့တော့တော့ ဖြစ်နေတာတွေ တွေ့ရနိုင်ပါတယ်။ ဒီလိုလေးတွေ မဖြစ်ဘဲ မျက်နှာအသားအရေ ကြည်လင်ပြီး တောက်တောက်ပပလေး ဖြစ်နေစေဖို့အတွက် ပျားရည်နဲ့ သံပရာရည် အနည်းငယ်ကို ရောစပ်လိုက်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ သံပရာသီးရဲ့ ဗီတာမင် စီ က မျက်နှာအသားအရေကို အားပြည့်စေပါတယ်။ ပြီးမှ ရေနဲ့ မျက်နှာသစ်လိုက်ပါနော်။

    ဝက်ခြံ

    ပျားရည်မှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးနိုင်တဲ့ဓါတ်ဟာ ဝက်ခြံထွက်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပစ်နိုင်ပါတယ်။ ဝက်ခြံထွက်တဲ့အခါမှာ ယောင်ရမ်းတာနဲ့ နီမြန်းတာတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါတွေ သက်သာချင်တယ်ဆိုရင်တော့ ပျားရည်လေးကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာမှာ သုတ်ပေးလိုက်ပါ။ (၁၅) မိနစ်လောက်နေမှ ရေနွေးလေးနဲ့ ခပ်ဖွဖွ မျက်နှာသစ်ပါ။ မကြာခဏ လုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေ သိသိသာသာ လျှော့နည်းသွားမှာပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement