backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ကဘာလဲ။

ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း ဆိုသော်လည်း ခြေသည်း၊ လက်သည်းတွင်မကဘဲ လက်သည်းအောက်ရှိ အသား၊ လက်သည်းအရင်းနှင့် လက်သည်းဘေးရှိ အသားတို့လည်း အကျုံးဝင်ပါသည်။

လက်သည်းထိခိုက် ဒဏ်ရာရခြင်းဆိုသည်မှာ က်သည်းကျိုးခြင်း၊ စုတ်ပြဲခြင်း၊ ကျေမွခြင်း၊ သွေးခြေဥခြင်းတို့ အပြင် လက်သည်းခွံ ကျွတ်ထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်အဖြစ်လှသော ရောဂါဖြစ်ပြီး အသက်အရွယ် မရွေးဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားမှု့နှုန်းကို လျော့ချရန် ဆောင်ရွက်နိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

လက္ခဏာများ

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်းရဲ့ အဖြစ်အများဆုံး ပုံစံငါးမျိုးရှိပါသည်။ ယင်းပုံစံများသည် တစ်မျိုးစီလည်း ဖြစ်နိုင်သလို နှစ်မျိုး၊ သုံးမျိုး စသည်ဖြင့် စုပေါင်းပြီးလည်း ဖြစ်နိုင်ပါသည်။

လက်သည်း၊ ခြေသည်း သွေးခြေဥခြင်း။ လက်သည်း၊ ခြေသည်း သွေးခြေဥခြင်း ဆိုသည်မှာ လက်သည်း၊ ခြေသည်း၏အောက်တွင် သွေးအစုအဝေး ဖြစ်နေပြီးအများအားဖြင့် အနီရောင် သို့မဟုတ်၊ အပြာရောင် ရှိနိုင်ပါသည်။ လက်ချောင်း သို့မဟုတ် ခြေချောင်း တစ်ချောင်လုံး ထိမိခြင်း၊ တစ်ခါတစ်ရံ မထိမိဘဲ လေထဲတွင် လှုပ်ရှားကြည့်ရုံနှင့်ပင် နာကျင်နိုင်ပါသည်။ သွေးခြေဥခြင်း တစ်မျိုးတည်း ဖြစ်နိုင်သလို၊ အခြားထိခိုက်မှု့ ပုံစံများနှင့်လည်း တွဲနေနိုင်ပါသည်။

ခြေသည်းလက်သည်း ပြတ်ထွက်ခြင်း။ လက်သည်းခြေသည်း ပြတ်ထွက်ခြင်း တွင် လက်သည်းခြေသည်းသာ မကဘဲ အောက်ခံ အသား၊ လက်သည်းအရင်း နှင့် လက်သည်း ဘေးသားများပါ ပါဝင်နိုင်ပါသည်။ ဤသို့ ပြတ်ထွက်ခြင်းတွင် အမြဲတမ်းသွေးထွက်မည် ဖြစ်ပါသည်။

လက်ထိပ်ခြေထိပ်ပြတ်ခြင်း။ လက်ထိပ်ခြေထိပ်ပြတ်ခြင်းတွင် လက်သည်း၊ ခြေသည်း တစ်ခုလုံးသော်၎င်း၊ တစ်စိတ်တစ်ပိုင်းသော်၎င်း ပါဝင်သွားနိုင်ပြီး တစ်ခါတစ်ရံ အရိုးအထိ ပြတ်သွားတတ်ပါသည်။

ခြေသည်းလက်သည်းကွာခြင်း။ ခြေသည်း လက်သည်းကွာခြင်းတွင် သွေးထွက်နိုင်ပါသည်။ လက်သည်းခြေသည်း ပြတ်ထွက်ခြင်းနှင့်လည်း တွဲဖြစ်နိုင်ပါသည်။

လက်ချောင်း၊ ခြေချောင်း အရိုးကျိုးခြင်း။ ခြေသည်း၊ လက်သည်း ထိခိုက်ဒဏ်ရာ ရခြင်းတွင် ဖိကြိတ်ခံရခြင်းကြောင့် ဖြစ်သည်ဆိုလျင် တစ်ခါတစ်ရံ အတွင်းရှိ အရိုးအထိပါ ထိခိုက်ပြီး အရိုးကျိုးနိုင်ပါသည်။ အကယ်၍ သိသာထင်ရှားစွာ လက်ချောင်း၊ ခြေချောင်းများ ပုံမပျက်ပါလျင် ဓါတ်မှန်ရိုက်ကြာည့်မှသာ အရိုးကျိုးခြင်းကို သိနိုင်ပါမည်။

အထက်မှာဖော်ပြထားတဲ့ အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေ မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်အနေနဲ့ အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ လက္ခဏာတစ်ခုခု ခံစားနေရရခြင်း ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ ထို့အတူ အောက်ပါအချက်များ ရှိပါကလည်း ဆရာဝန်နှင့် ပြသရန် လိုပါသညိ။

နီခြင်း၊ နာခြင်း၊ ရောင်ခြင်း၊ ပြည်တည်ခြင်း၊ ဖျားခြင်း၊ သွေးမတိတ်ခြင်း။

အကြောင်းရင်းများ

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အများအားဖြင့် အောက်ပါ အကြောင်းရင်းသုံးခုကြောင့်သာ ဖြစ်တတ်ပါသည်။

ဖိကြိတ်မိခြင်း။ တူထုမိခြင်း၊ တံခါးညှပ်ခြင်း၊ အကိုက်ခံရခြင်းနှင့် စက်ညှပ်ခြင်း စသည့်

ပြတ်ရှခြင်း။ ဓါးရှခြင်း၊ အသွားပါသော စက်တစ်ခုခုဖြင့် ပြတ်ရှခြင်း စသည့်

စုတ်ပြဲကွဲခြင်း။ သံစူးမိခြင်း၊ ညှောင့်၊ဆူး ဆူးမိခြင်း စသည့်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန် အနေဖြင့် ထိခိုက်ဒဏ်ရာ ရသောလက် သို့မဟုတ် ခြေထောက်ကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်သော ကုသမှု့ကို ဆုံးဖြတ်ပါလိမ့်မည်။ အနာကို သန့်ရှင်းအောင်ပြုလုပ်ခြင်း စသည့်ဖြင့် ပြုလုပ်ပြီးသောအခါ လိုအပ်သော အချက်များကိုမေးမြန်း ပါလိမ့်မည်။ ဥပမာ။ ဆေးမတည့်ခြင်း၊ မေးခိုင်ကာကွယ်ဆေး ထိုးထားခြင်း၊ လက်ရှိသောက်ဆေးများ စသည်ဖြင့်

ထို့နောက် သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို စစ်ဆေးပြီး လိုအပ်ပါက ဓါတ်မှန်ရိုက်ပါလိမ့်မည်။ အများအားဖြင့် သွေးဖောက်စစ်ဆေးမှု လိုအပ်လေ့ မရှိပါ။

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ကို ဘယ်လိုကုသပါသလဲ

မပြင်းထန်သော ထိခိုက်မှု့များအတွက် သွေးမထွက်ပါက သို့မဟုတ် ခပ်မြန်မြန် သွေးတိတ်သွားပါက ဆရာဝန်ပြသရန် မလိုအပ်ပါ။ လက်သည်း ခြေသည်းမှာ မပြတ်ထွက်သွားခြင်း၊ အောက်ခံ အသားမှ မကွာသွားခြင်း၊ သွေးခြေဥခြင်းမှာ လက်သည်း ခြေသည်း၏ လေးပုံတစ်ပုံ ထက်ငယ်ခြင်း၊ ခြေချောင်း လက်ချောင်းငယ်များ ကွေးကောက်ခြင်း၊ ပုံပျက်မှု့ မရှိခြင်းများ ဆိုလျင် စိုးရိမ်ရန် မလိုအပ်ပါ။

လက်သည်းထိခိုက်မှု့ကို မိမိဘာသာ စစ်ဆေးနိုင်ရန်အတွက် လက်တွင်ဝတ်ဆင်ထားသော အရာများကို ဖယ်ရှာပါ။ ဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာ ဆေးကြောပါ။ လက်စွပ်များ ရောင်ရမ်းမှု့ကြောင့် ချွတ်မရပါက ဆရာဝန်နှင့် ပြသပါ။ အတင်းပွတ်တိုက် ဆေးကြောခြင်းမပြုရပါ။ လိုအပ်ပါက ပတ်တီးစည်းနိုင်ပါသည်။

ပြင်းထန်သော ထိခိုက်ဒဏ်ရာ ရခြင်းအတွက် အရေးပေါ်ဌာနသို့ သွားရောက် ပြသပါ။ သွေးတိတ်စေရန်နှင့် အနာကို ဆေးကြောသန့်ရှင်းစေရန် လုပ်ပေးပါ လိမ့်မည်။ သွေးခြေဥခြင်းတွင် လိုအပ်ပါက လက်သည်းကိုဖောက်ပြီး သွေးခဲကိုဖယ်ရှားပါလိမ့်မည်။ ဤသို့ပြုလုပ်ခြင်းသည် လက်သည်း ခြေသည်းအောက် ဖိအားနှင့် နာကျင်ခြင်းကို သက်သာစေပါသည်။ အရိုးကျိုးခြင်း နှင့် အလွန်ကြီးမားသော သွေးခြေဥခြင်းတို့ အတွက် လိုအပ်ပါက လက်သည်းကို ဖယ်ရှားပြီး လက်သည်းအောက် အသားကို ပြန်လည် ပြုပြင်ကုသပါလိမ့်မည်။ အခြားထိခိုက် ဒဏ်ရာများအတွက် လိုအပ်ပါက ကျန်နေသော လက်သည်းအစ များကိုဖယ်ရှားခြင်း၊ လက်သည်းအောက်အသားကို ပြန်ချုပ်ခြင်း၊ လက်သည်းကို ပြန်တွဲပေးခြင်း သို့မဟုတ် အစားထိုးပေးခြင်း၊ ပိုးသတ်ဆေးများပေးခြင်း၊ အရိုးကျိုးခြင်း အတွက် လိုအပ်သလို ခွဲစိတ်၍ ကုသခြင်း စသည်တို့ကို ပြုလုပ်ပေးပါမည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက လက်သည်း ခြေသည်းထိခိုက် ဒဏ်ရာရခြင်းကို ကုသရာမှာ ဘယ်လို အထောက်အကူ ပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံပြောင်းလဲခြင်းနဲ အိမ်သုံးကုထုံးတွေ အသုံးပြု ခြင်းက လက်သည်းခြေသည်းထိခိုက် ဒဏ်ရာရခြင်းကို ကုသရာတွင် လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့ နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အနာသက်သာအောင် ပြုလုပ်ခြင်း။ ရေခဲကို တစ်ကြိမ်လျင် မိနစ်၂၀ခန့်နှင့် နှစ်နာရီခြား တစ်ခါ ကပ်နိုင်ပါသည်။ အနာမှ တစစ်စစ် ကိုက်ခြင်းကို သက်သာစေရန် ကိုက်သော အစိတ်အပိုင်းကို ဦးခေါင်းထက် မြင့်အောင် ထားပါ။ ဆရာဝန် ညွှန်ကြားသော အကိုက်အခဲပျောက်ဆေးများ သောက်နိုင်ပါသည်။ ibuprofen နှင့် naproxen ကဲ့သို့ အကိုက်အခဲနှင့် ရောင်ရမ်းခြင်းကို သက်သာစေသော ဆေးများကို သောက်သုံးနိုင်ပါသည်။ အကယ်၍ သင့်တွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်ရောဂါနှင့် သွေးရောဂါများ ရှိလျင်မူ ဆေးမသောက်မီ ပြသနေကြဆရာဝန်နှင့် တိုင်ပင်ပါ။ လိုအပ်သည့် ပမဏထက် ပိုမသောက်မိရန်လည်း အရေးကြီးပါသည်။

ဒဏ်ရာကို ကုသခြင်း။ ဆရာဝန်ပြသထားလျင် ညွန်ကြားချက်များကို အတိအကျ လိုက်နာပါ။ လက်သည်းတုရှိပါက တပ်ဆင်ထားရန် လိုအပ်နိုင် ပါသည်။ ညွှန်ကြားချက်အတိုင်း ပတ်တီးကိုလဲလှယ်ပါ။ အနားကို ပိုးသတ်ဆေးပါသော လိမ်းဆေးကို ညွှန်ကြားချက် အတိုင်း လိမ်းပါ။ လိုအပ်ပါက ကျောက်ပတ်တီး စည်းခြင်း၊ ဒဏ်ရာကို ကာကွယ်ပေး နိုင်သော ဖိနပ်စီးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အကယ်၍ လက်သည်း၊ ခြေသည်း အသစ်ထွက်လာပါက အဟောင်းအား ပုံမှန်အတိုင်း ညှပ်ပစ်နိုင်ပါသည်။

အကယ်၍ လက်သည်း ခြေသည်းကို ဖယ်ရှားလိုက်ရပါက တစ်ပတ်မှ ၁၀ရက်အတွင်း အနာကျက်ပါလိမ့်မည်။ လက်သည်းဆိုပါက ခြောက်လမှ ၁၀လ၊ ခြေသည်းဆိုပါက တစ်နှစ်အတွင်း အကောင်းအတိုင်း ပြန်ဖြစ်ပါမည်။ အကယါ၍ အသစ်ထွက်လာသော ခြေသည်း လက်သည်းသည် မြောင်းများ အခုံးများ စသည့်ပုံစံ မမှန်ခြင်းများလည်း ရှိနိုင်ပါသည်။ ခြေချောင်း လက်ချောင်း အရိုးလေးများ ကျိုးလျင်မူ လေးပတ်အတွင်း ပြန်ဆက်နိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement